ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်
Denmark's Minister for Trade and Investment Pia Olsen Dyhr (Adrian Wyld / THE CANADIAN PRESS)
ဤခရီးစဉ်သည် မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆက်ဆံမှု အဆင့်မြင့်သို့ ရောက်ရှိနေကြောင်း ပြဆို သည်ဟု ဘန်ကောက်မြို့ရှိ ဒိန်းမတ်သံရုံးက နိုဝင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာသည်။
ဒိန်းမတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများတွင် တိုးမြှင့်ဆက်ဆံလျက်ရှိပြီး
မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများအနေနှင့် ဥပဒေ စည်းမျဉ်းများကိုသာမက အသင်းအဖွဲ့နှင့်ဆိုင်သော လူမှုတာဝန် နည်းစနစ် (CSR) အတွက် အမြင့်ဆုံး စံသတ်မှတ်ချက်များကိုပါ လိုက်နာမည်ဟု အထူး အလေးအနက်ထားသည်ဟု လည်း ကြေညာချက်က ဆိုသည်။
ဒိန်းမတ် ကုမ္ပဏီများသည် ကမ္ဘာ့အဆင့် နည်းပညာများကို မျှဝေပေးခြင်းအပြင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် CSR တို့နှင့် သက်ဆိုင်သည့် အလေ့အကျင့် ကောင်းများကိုပါ မျှဝေပေးနိုင်သည့် အနေအထားတွင် ရှိကြသည်ဟုလည်း ဆိုသည်။
ရန်ကုန်မြို့ရှိ ချာထရီယန်ဟိုတယ်တွင်လည်း စီးပွားရေး ဆီးမီနာတခုကို ပြုလုပ်ရန်ရှိကြောင်း သိရှိရသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment