အိုဘားမား ခရီးစဉ်ကြောင့် မြန်မာကို တရုတ်ထံမှ ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာဖော်ပြ
AFP/Getty Images
7Day News Journal, 20 November 2012 —- ဘေဂျင်း၊နိုဝင်ဘာ-၂၀ဂလိုဘယ်တိုင်းမ်စ်၏ အဆိုပါ Don’t read Too Much into Myanmar Visit ဆောင်းပါးတွင် မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာ အချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှု လျော့နည်းအောင် ဦးတည်ခြင်းဖြစ်သည်ဟူသော အမြင်များကို ဝေဖန်ထားခြင်းဖြစ်သည်။
ဆောင်းပါးက “ဒီလိုမျိုး ယူဆချက်တွေက အင်အားကြီးနိုင်ငံတွေကြားထဲက ယှဉ်ပြိုင်မှုတွေနဲ့ မြန်မာမှာ ယမန်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ရည်ညွှန်းရာမှာ အိုဘားမားရဲ့ခရီးစဉ်ကို ပေါင်းထည့်ပြီး အထူးအနက်အဓိပ္ပာယ်ထွက်အောင် လုပ်နေတာပါ”ဟု ဖော်ပြထားသည်။
သတင်းစာက မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲများသည် ၀ါရှင်တန်အား စိတ်ကျေနပ်စေရုံသာမက တရုတ်၏ (မြန်မာတွင်) ကာလရှည် တည်ရှိနေသော အကျိုးစီးပွားများကိုလည်းကျေနပ်စေကြောင်း ဆိုသည်။
ဆောင်းပါး၌ “အာဆီယံနိုင်ငံအများစုက ဒီမိုကရက်တစ်ရွေးကောက်ပွဲတွေ ရှိထားကြပြီး တရုတ်နဲ့ ဆက်ဆံရေးတွေဟာလည်း နိုင်ငံရေးစနစ် ကွဲပြားခြားနားမှုကြောင့် အနှောင့်အယှက်မဖြစ်ပါဘူး။ မြန်မာဟာ ၎င်းရဲ့ပြည်တွင်းနိုင်ငံရေး ပြင်ဆင်ချိန်ညှိမှုတွေကြောင့် တရုတ်နဲ့ ဝေးကွာသွားမယ်ဆိုတာ မဟုတ်ပါဘူး။ မြန်မာရဲ့ အပြောင်းအလဲဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး”ဟု ဆိုသည်။
ဆောင်းပါးတွင် အိုဘားမား ခရီးစဉ်နှင့်အတူ မြန်မာသို့ ထောက်ပံ့ငွေဒေါ်လာ သန်း
၁၇၀ ပေးအပ်ခြင်းကိုလည်း ထောက်ပြထားပြီး ယင်းငွေပမာဏ အနည်းငယ်ဖြင့်
တရုတ်-မြန်မာဆက်ဆံရေးကို ထူးခြားစွာ ပြောင်းလဲစေမည် မဟုတ်ကြောင်း၊
စီးပွားရေးအရလည်း အရှေ့တောင်အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို
ပိုမိုမှီခိုနေရကြောင်း ထောက်ပြထားသည်။
No comments:
Post a Comment