Wednesday, November 21, 2012

သမ္မတဦးသိန်းစိန် အိုဘားမားထံမှ အကူအညီ ၂ခု တောင်းဆိုခဲ့


သမ္မတဦးသိန်းစိန် အိုဘားမားထံမှ အကူအညီ ၂ခု တောင်းဆိုခဲ့ 

သမ္မတဦးသိန်းစိန်သည်ကမ္ဘောဒီယားနိုင်ငံဖနွမ်းပင်၌ မြန်မာသတင်းစာဆရာများနှင့်တွေ့ဆုံစဉ်
Popular News Journal, 21 November 2012  —-  ဖနွမ်းပင်၊ အောက်တိုဘာ ၂၁
သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်၌ မြန်မာသတင်းစာဆရာများ နှင့်တွေ့ဆုံစဉ် အောက်တိုဘာ ၁၉ ရက် တွင် ရန်ကုန်၌ အမေရိကန်သမ္မတ အိုဘားမားနှင့်တွေဆုံချိန်၌ ၂ခုတောင်းဆိုခဲ့ကြောင်း ပြောသည်။
သမ္မတက ” ဘာပဲဖြစ်ဖြစ်ကိုယ်နိုင်ငံအတွက်အမြတ်ထွက်အောင် ၂ခုသူဆီကိုတောင်းပါတယ်။ တစ်ခုက ခင်များတွေ့ တယ်မှတ်လားရန်ကုန်မြို့ ကြီးကနေဖြတ်ပြီးလာတဲ့အခါမှာ ဘေးဘယ်ညာမှာ ပြည်သူတွေက ခင်များကို အကုန်လုံးဝမ်းသာအားရနဲ့ ပြုးပြုးရွှင်ရွှင်နဲ့ကြိုနေကြတဲ့မြင်ကွင်းကိုခင်များတွေ့ တယ်မှတ်လား။
ခင်များအဲ့လူတွေရဲ့ မျက်နာကို သတိမထားမိလိုက်လို့ဖြစ်ချင်လည်းဖြစ်မယ်။ပြုးပျော်နေတဲ့မျက်နာအပြင် အိုဘားမားမြန်မာနိုင်ငံကိုမလာစဖူးလာတယ်၊ကြုံတောင့်ကြုံခဲ့ခုဏလို လာခဲ့တဲ့အတွက် ကြောင့်တို့ ရန်ကုန်မှာနေထိုင်ကြတဲ့ပြည်သူလူထုတွေအတွက်အိုဘားမားဘာများလုပ်ပေးခဲ့မလဲဆိုတဲ့မျော်လင့်ချက်တစ်ခုခင်များမမြင်လိုက်ဘူးထင်တယ်။ဒါတွေခင်များကိုပြောပြချင်တယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးက ကိုလိုနီလက်ထက်ကတည်းက မြို့ဟောင်းကြီးဖြစ်တယ်။မြို့ဟောင်းကြီးဖြစ်လို့ မီးတွေနဲ့ ပတ်သက်လို့လျှပ်စစ်နဲ့ပတ်သက်လို့ အဆင်မပြေမှုတွေအများကြီးရှိတယ်။နောက်လူဦးရေကလည်း ၆ သန်းကျော်ရှိတော့ဒီကနေမှာသွားရေးလာရေးတွေနဲ့ ပတ်သက်ပြီးတော့လည်းအင်မတန် အခက်ခဲတွေရှိနေပါတယ်။နောက်တခါ ရေကောင်းရေသန့်တွေရရှိရေး၊ရေဆိုးတွေသန့်စင်ရေး။ဒီအပိုင်းတွေကလည်းအခက်အခဲတွေရှိနေပါတယ်။ဒီတော့ ရန်ကုန်ရောက်တုန်းအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ လူထုကိုဒီကိစ္စလေးများပြေလည်အောင်လုပ်ပေးနိုင်လို့ရှိရင် ရန်ကုန်မြို့ လူထုကခင်များကိုပိုပြီးတော့ချစ်မှာပါဆိုတော့ သူလည်းဒါ တော်တော်လေးတော့ သဘောတွေသွား တဲ့အနေအထားရှိပါတယ်။” ပြောသည်။
ဆက်လက်၍ သမ္မတက ” ကျွန်တော့ ထင်ပါတယ်သူခေါင်းတော့မငြိမ့်ပေမယ်လည်း အောက်ကလူတွေက အကုန်မှတ်တဲ့အတွက်ကြောင့် မှတ်တမ်းတော့ ၀င်သွားတယ်လို့ ဒီလိုပြောလို့ရပါတယ်။” ဟု ပြောသည်။
နောက်တစ်ခုတောင်းဆိုမှုအနေဖြင့် သမ္မတက ၎င်းလူငယ်ပိုင်းအရွယ် ခန့်တွင် အမ္မတကြီးအိုင်စင် ဟောင်ဝါလက်ထပ် ရန်ကုန်နှင့်မန္တလေးကို အဝေးေဲပးလမ်းမကြီးဖောက်ပေးရန်အစီစဉ် ရှိခဲ့ဖူးကြောင်း တဆင့်စကားတစ်ဆင့်နားဖြင့်ကြားခဲ့ဖူးကြောင်းသို့သော်လည်း အကြောင်းကြောင်းကြောင့် ထိုလမ်းမှာမဖောက်ဖြစ်ခဲ့၍့ ဟိုတုန်းက သမ္မတ ကြီး ယခုလိုအစီစဉ်ရှိခဲ့သောလည်းအကြောင်းကြောင်ကြောင့်ပျက်သွားခဲ့သည့်ဟိုင်းဝေးကြီးကို ယခုကျွန်တော်တို့ ရန်ကုန်မှမန္တလေးအထိကိုဖောက်ထားပြီးဖြစ်ကြောင်း အိုဘားမားသို့ ပြောခဲ့သည်ဟုဆိုသည်။

ထို့အပြင်သို့သော်၎င်းလမ်းမှာလမ်းကြမ်းအဆင့်သာဖြစ်ပြီးနည်းပညာပိုင်းတွင်အမေရိကန်လောက်ခေတ်မမီကြောင်း ထိုကြောင့် ယာဉ်တော်တဆမှုများခဏခဏ ဖြစ်ကာယာဉ်များခဏခဏတိမ်းမှောက် ၍အသက်များဆုံရုံးကြရကြောင်း ထိုကြောင့်အဆိုပါလမ်းကြီးကို အိုဘားမားတို့ အနေဖြင့်ပြုပြင်ပေးလျှင်ကောင်းမွန်မှာဖြစ်ပြီး၊ upgrade လုပ်ပေးဖို့ တောင်းလိုက်ပါကြောင်းပြောသည်။
“ဒီလိုတောင်းဆိုချက်တွေက ချမ်းသာကြွယ်ဝတဲ့အင်အားကြီးနိုင်ငံလောက်တော့ ပြောပလောက်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ကိုယ်နိုင်ငံအတွက်တော့အကျိုးအမြတ်လေးတွေရအောင်ပြောခဲ့ပြုခဲ့တောင်းခဲ့တာလေးတွေရှိပါတယ်။” ဟု သမ္မ ဥိးသိန်းစိန်က ထပ်မံပြောသည်။
အမေရိကန်သမ္မတ တစ်ဦးအနေဖြင့် မြနမာသိုပ သမိုင်းဝင် ပထမဆုံးအကြီမ်ဖြစ် သမ္မတအိုဘားမားသည် ယခုလ ၁၉ ရက်နေ့ တွင် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသန်းစိန် နှင့်ရန်ကုန်းတိုင်းဒေသကြီးလွှတ်တော်၌ တစ်နာရီခန့်တွေဆုံခဲ့သည်။
သမသမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားမှ မြန်မာသို့ ပြန်လည်
ထွက်ခွာတော့မည်
မြန်မာသို့ ကမ္ဘောဒီးယားမှယနေ နံနက် ၁၁ အချိန်ခန့်တွင် သမ္မတဦးသိန်းစိန် ပြန်လည်ထွက်ခွာ တော့မည်ဖြစ်သည်။
သမ္မတ နှင့် လိုက်ပါလာသည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့ နှင့် မြန်မာကိုယ်စားလှယ်အဖွဲံ ၀င်များသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပငိရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင်ထွက်ခွာနေပြီဖြစ်သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။