သတင်းသမားများ သတင်းသွားယူရင်း ဖမ်းဆီး တရားစွဲခံရ
Burma Vj Media , 20 November 2012 —- ဘားမားဗီဂျေမီဒီယာမှ သတင်းရိုက်ကူးသူ သတင်းသမား ကိုမျိုးကျော် (ခေါ်) ညီထွေးသည် New Day မီဒီယာမှ Freelance သတင်းသမား မကြည်ငြိမ်းသော်နှင့်အတူ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကညွတ်အိုင် အင်းကိစ္စ သတင်းသွားယူရာ ၁၉-၁၁-၂၀၁၂ ညနေ ၄း၃၀ နာရီတွင် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် သဲခုံရွာမှအထွက် ပုသိမ်-ရန်ကုန်ကားလမ်းပေါ်တွင် ကျောင်းကုန်းရဲစခန်းမှ တာဝန်ရှိသူများက ၎င်းတို့နှင့် တပါတည်း လိုက်ပါခဲ့ရန် ပြောဆိုကာ ပန်းတနော်ရဲစခန်းသို့ ခေါ်ယူခြင်း ခံခဲ့ရပြီး
ပန်းတနော်ရဲစခန်းတွင် ကျောင်းကုန်းရဲတပ်ဖွဲ့ စခန်းမှူးမှ အင်းပိုင်ဦးမှုံမှ အမှုဖွင့်တိုင်တန်းချက်အရဟု ပြောကာ ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၄ တို့ဖြင့် ၎င်းတို့နှစ်ဦးအား အမှုဖွင့်ခဲ့ပြီး ည ၁၂း၀၀ နာရီခန့်တွင် ကိုယ်ပိုင်ခံဝန်ဖြင့် လွှတ်ပေးကာ ကျောင်းကုန်းတရားရုံးတွင် ဆက်လက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
By Burmavj Media Network
No comments:
Post a Comment