Friday, October 12, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ ဘူဆန်မြို့ရှိ STX သင်္ဘ࿿ော တည်ဆောက်ရေး လုပ်ငန်းကို သွားရောက်လေ့လာ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ ဘူဆန်မြို့ရှိ STX သင်္ဘ࿿ော တည်ဆောက်ရေး လုပ်ငန်းကို သွားရောက်လေ့လာ 
Thu, 10/11/2012 - 18:18
Printer-friendly versionSend by email







နေပြည်တော် အောက်တိုဘာ ၁၁
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ (၁၀) ရက် နံနက်ပိုင်းတွင် ဘူဆန်မြို့ရှိ STX
သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို သွားရောက် လေ့လာသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များ လိုက်ပါလျက် ဒေသစံတော်ချိန် နံနက် (၉) နာရီတွင် ဆိုးလ်မြို့မှ အထူးရထားဖြင့်ထွက်ခွာခဲ့ရာ ဘူဆန်မြို့သို့ နံနက် (၁၀) နာရီတွင် ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် STX
သင်္ဘောတည်ဆောက်ရေး လုပ်ငန်းသို့ရောက်ရှိကြရာ ကုမ္ပဏီ အစည်း အဝေးခန်းမ၌ STX Group ကုမ္ပဏီ ဥက္ကဋ္ဌဌ Mr. Kang Duk Soo က ကုမ္ပဏီ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံတွင် သင်္ဘောကျင်းလုပ်ငန်းနှင့် လျှပ်စစ် စွမ်းအင် ကဏ္ဍတို့တွင် လာရောက်လုပ်ကိုင်လိုကြောင်း ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန် (၃) ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ကျေးရွာမီးလင်းရေးအတွက် နေရောက်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ရရှိရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့်
သင်္ဘောကျင်း လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးတို့ကို ကမ်းလှမ်းခဲ့ရာ STX Group ကုမ္ပဏီ ဥက္ကဌက မြန်မာနိုင်ငံသို့ လာရောက်၍ အသေးစိတ်လေ့လာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်တင်ပြပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
သင်္ဘောတည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ဘူဆန်မြို့ရှိ Pusan New Port International Terminal တို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြသည်။
အဆိုပါ
သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဥရောပတို့တွင် အခြေပြု၍ ကုန်တင်သင်္ဘ࿿ောများ၊ ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ငန်းသုံးသင်္ဘ࿿ောများ၊ ဇိမ်ခံသင်္ဘ࿿ောများနှင့် ရေတပ်သုံး စစ်သင်္ဘောများကို တည်ဆောက်ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုမှာ ဝမ်ငွေ (၁၄.၅) ထရီလျံရှိပြီး ကိုရီးယားသမ္မတနိုင်ငံတွင် စတုတ္ထ အကြီးဆုံးသင်္ဘ࿿ော တည်ဆောက် သည့် ကုမ္ပဏီဖြစ်ကြောင်း သိရှိရပြီး ゞင်းကုမ္ပဏီအနေဖြင့် ဘူဆန်နှင့် ဂျင်ဟေး တို့တွင် နှစ်ပေါင်း (၄၀) အတွင်း သင်္ဘောအစင်းပေါင်း (၇၀ဝ) ခန့် တည်ဆောက်ပေးခဲ့ပြီး ဖြစ်သည်။ STX Group ကုမ္ပဏီအနေဖြင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းအပြင် စွမ်းအင်ကဏ္ဍဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ အကြီးစားစက်မှု လုပ်ငန်းကဏ္ဍနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍဍစသည်တို့တွင်လည်း လုပ်ငန်းများ ဆောင်ရွက်လျင်ရှိကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့ အင်ချွန်း လေဆိပ်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိကြပြီး ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ လေကြောင်းခရီးဖြင့် ဘန်ကောက်မြို့မှ တစ်ဆင့် ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Kim Hae Yong၊ ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံးနှင့်စစ်သံရုံး တို့မှ ဝန်ထမ်းများနှင့် မိသားစုများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြစဉ် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစု များက ကြိုဆိုနှုတ်ဆက်ကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။