တိုင်းဝန်ကြီးချုပ်ကို ဗဟိုအစိုးရကသာ စီရင်ပိုင်ခွင့်ရှိဟု သမ္မတသ၀ဏ်လွှာပို့
ယခုလ ၈ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီး၏ စတုတ္ထအစည်းအဝေး၌ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြားဝန်ကြီးတဦးတို့အား စွပ်စွဲပြစ်တင်ရန် စီစဉ်ချိန်တွင် ယခုကဲ့သို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းဒေသကြီးလွှတ်တော် သို့ သ၀ဏ်လွှာပေးပို့လာခြင်း ဖြစ်သည်။
ယင်းသ၀ဏ်လွှာကို ယမန်နေ့ မွန်းလွဲပိုင်းလွှတ်တော်တွင် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ဖတ်ကြား ပြခဲ့ရာ သမ္မတက အခြေခံဥပဒေ အကိုးအကားဖြင့် ယင်းသို့ညွှန်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
၃ ရက်ကြာကျင်းပသည့် လွှတ်တော်အစည်းအဝေး တတိယမြောက်နေ့တွင်
တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးတဦးတို့ကို လွှတ်တော်လုပ်ငန်းများ
ဆောင်ရွက်မရအောင် တားဆီးမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များအား
ပြည်သူလူထုနှင့် အဆက်ပြတ်စေရန် လုပ်ဆောင်မှုများဖြင့် တိုင်းဒေသကြီး
လွှတ်တော်မှ စွပ်စွဲပြစ်တင်မည့် အစီအစဉ် ထည့်သွင်းထားခဲ့သော်လည်း ကာယကံရှင်
ဖြစ်သည့် ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီး
ဦးသန်းထွန်းတို့ တက်ရောက်ခြင်းမရှိသဖြင့် ယမန်နေ့က အထမမြောက်ခဲ့ဟု
လွှတ်တော်ကိုယ်စားလှယ်များ ကပြောသည်။
ယင်းသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး
အစိုးရအဖွဲ့တို့ အားပြိုင်နေချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏
တာဝန်အရှိဆုံးဖြစ်သည့် သမ္မတထံမှ သ၀ဏ်လွှာ ပေးပို့လာခြင်းဖြစ်သည်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ စတုထ္ထ အစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၉ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု လည်းသိရှိရသည်။
ယမန်နေ့က လွှတ်တော်တွင် လူမှုရေး ဖောက်ဖျက်မှုများနှင့် ငွေကြေးအလွဲသုံးစားမှုများရှိသည်ဟု စွပ်စွဲခံရသူ အင်္ဂပူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်စိုးအား စွပ်စွဲပြစ်တင်မှုပြုလုပ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ အရေးယူရန် တင်ပြခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အား ယင်းစွပ်စွဲချက်များဖြင့် အထူးအဆို တင်သွင်း စွဲဆိုခွင့်ရှိသော်လည်း အရေးယူခြင်းကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်ပိုင်ခွင့်ရှိသည့် သဘောဖြစ်သည်ဟု သိရှိရသည်။ ။
မျိုးမင်းထွန်း YPI
No comments:
Post a Comment