Tuesday, October 2, 2012

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့ အဖြစ် သတ်မှတ်




အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့ အဖြစ် သတ်မှတ် 


ရွှေဟင်္သာသတင်းဌာန. ၂ရက်နေ့ အောက်တိုဘာ ၂၀၁၂  —–
လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅
*************************

ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယား
*********************************************
နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry
**********************************
က သတ်မှတ်ခဲ့ကြောင်း သိရသည်။
*********************

“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို ရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့ သတ်မှတ်ဖို့ မြို့တော်ဝန်က ပြောကြား ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ မြန်မာတွေ အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာ တယောက်ပဲ ပေါ်လာနိုင်မှာပါ” ပာု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
“မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုတွေ အတွက် အမေရိကန် နိုင်ငံကတောင် အသိအမှတ်ပြုတဲ့ အနေ နဲ့ ခုလို သတ်မှတ်ပေးခဲ့တာ အရမ်းကို ကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာ ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ် ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေး လေ့လာနေ သူ တစ်ဦးက ဆိုသည်
အမေရိကန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက် ဆိုင်ရာ အမြင့်ဆုံးဆု (ကွန်ဂရက်) ရွှေတံဆိပ်ဆု အားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy) ဆုအား လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန် တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ် နိုင်ငံကြီးသားဆုအား လည်းကောင်း၊ နယူးယောက်မြို့၊ ကွင်းစ်ကောလိပ် ကျောင်းသားများအား စကားပြောအပြီး ကျောင်းအထိမ်းအမှတ် လက်ဆောင် အားလည်းကောင်း ရရှိခဲ့သည်။
ဖို့ဝေး ဟောပြောပွဲ
Written by Yangon chronicle

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။