သမ္မတဦးသိန်းစိန် နိုင်ငံရေးအမြတ်ထုတ်ဟု ကေအိုင်အို တုန့်ပြန်
Myitmakha Media Group, 2 October 2012 —- ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု ခရီးစဉ် ၌ ပြောကြားခဲ့သော သဘောထားများမှာ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အို ဒုတိယနိုင်ငံခြားရေးတာဝန်ခံက ဆိုသည်။
“ဦးသိန်းစိန်က တိုင်းပြည်ရဲ့သမ္မတဖြစ်တယ်။ နိုင်ငံတကာမှာသူ ပြောချင်တာ ပြောလို့ရတယ်။ အဲ့ဒါက သူရဲ့တာဝန်။ အခုပြောသွားတာက မျက်လှည့်ပြတာပဲ ၊ နိုင်ငံရေးအရ ပြောသွားတာပဲဖြစ်တယ်” ဟု ကေအိုင်အို ဒု-နိုင်ငံခြားရေးတာဝန်ခံ ဦးဂျိမ်းလွမ်ဒေါင်း(James Lun Dau) က ပြောသည်။
သမ္မတ ဦးသိန်းစိန်မှ အမေရိကန်သို့ရောက်ရှိစဉ် ဘီဘီစီမှ တွေ့ဆုံမေးမြန်းရာ၌ ကချင်စစ်ပွဲများ ဆက်လက်ဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
“သမ္မတအမိန့်ကို တပ်က မလိုက်နာတာ မဟုတ်ပါဘူး အောက်ခြေမှာ ကျွန်တော်တို့ဘက်ကသာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုမှတစ်ပါး အပစ်အခတ် တိုက်ခိုက်မှုတွေရပ်ဆိုင်းထားပါဆိုတဲ့ အမိန့်ထုတ်ထားတယ်။ သို့သော်လည်း ဟိုဘက်က ဒီလိုအမိန့်မျိုးမရှိဘူး။ ဒီလိုအမိန့်မျိုးမရှိတဲ့အတွက်ကြောင့် သွားကြတယ် လာကြတယ်။ လမ်းမှာတွေ့တယ် ပစ်ကြခတ်ကြတယ်။ ကျွန်တော်တို့ဘက်ကတော့ ခုခ?84N˿]z[wနဲ့ ကိုယ့်ကိုပစ်လာရင်တော့ ကိုယ်ကလဲ ပြန်ပြီးတော့ပစ်ရမှာဘဲ။ အဲ့တော့ ဒီအမိန့်ကို မနာခံတာ တပ်ကမဟုတ်ပါဘူး “ ဟု ဖြေကြားခဲ့သည်။
ဦးဂျိမ်းလွမ်ဒေါင်းကမူ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်ဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်သာ အေအိုင်အေဘက်မှ ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ပြီး ဖားကန့်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များမှာလည်း အစိုးရ စစ်တပ်ဘက်မှစတင်ချီ တက်လာခြင်းကြောင့်သာ ဖြစ်သည်ဟု ပြောသည်။
“ကျွန်တော်တို့က ခံစစ် ၊ သူတို့က ထိုးစစ်ဗျ ၊ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်သာ ပစ်ရတာ“ ဟု ဦးဂျိမ်းလွမ်ဒေါင်းက ပြောသည်။
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လမှစတင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံအစိုးရနှင့် ကေအိုင်အိုအဖွဲ့ကြားတွင် အလွတ်သဘောတွေ့ဆုံခြင်းနှင့် တရားဝင်တွေ့ဆုံညှိနှိုင်း ခြင်းသည် စုစုပေါင်း(၉)ကြိမ်မြောက်ရှိသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးစစ်ပြေးဒုက္ခသည် ဦးရေမှာ (၁)သိန်းနီးပါးခန့်ရှိလာပြီဟု ကချင်ဒေသရှိ တိုက်ပွဲများနှင့် စစ်ပြေးဒုက္ခသည် အခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ကချင်အဖွဲ့အစည်းများထံက သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
No comments:
Post a Comment