မီဒီယာ သမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အထူးသဖြင့် မီဒီယာက လူငယ်တွေကိုပေါ့ အခုတည်းက ကိုယ့်ကိုကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ်မှာ တင်ထားကြပါ။ နောက်အသက်ကြီး လာရင် ပြောင်းရပြုရ ခက်တယ်။ ဘာလို့ဆိုတော့ လူက ပိုးဝင်သွားနိုင်တယ်။ နေရာ၊ အာဏာ၊ သြဇာကို သာယာ သွားနိုင်တယ်။ အဲတာတွေကို အမြဲသတိ ထားနေရမယ်။ ကိုယ့်ကိုကိုယ်လဲ သတိထား၊ သူများကိုလဲ ကြည့်နေ ဘယ်သူက ပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေ ပြတတ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် ညှိရမယ်။ ရှေ့နောက် မညီတဲ့ ကိစ္စတွေ သာယာလာတဲ့ ကိစ္စတွေ မီဒီယာတွေမှာလဲ ဖြစ်တတ်တယ်။ သတိ ထားရမှာက အခုခေတ်က မီဒီယာက တော်တော်သြဇာ ရှိတယ်။ သြဇာရှိတော့ လူတွေဟာ သြဇာရှိရင် မြှောက်သွား တတ်တယ်။ သူတို့ အင်္ဂလိပ် အဆိုအရ ဆိုရင် Power Collapse ဆိုတာပေါ့ သြဇာ အာဏာဟာ လူကို ပျက်စီးစေတယ်။
ကိုယ့်ကိုကိုယ်လဲ ဒီဟာကို အမြဲဆင်ခြင်ရမယ်။ ငါတို့က ပြောလိုက်ရင် တယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အသိဟာ ဒါဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့၊ ဒါဟာ တာဝန်လို့ မြင်။ ကိုယ့်ကြောင့် လူတယောက်ရဲ့ ဘဝ ပျက်သွားမယ်ဆိုရင် ကိုယ့်ရဲ့တိုင်းပြည်ရဲ့ အနာဂတ် ထိသွားမယ်။ ဒီလို ဖြစ်နိုင်သလားဆိုတာကို အမြဲပဲ စဉ်းစားရမယ်။ အဲတော့ အမေကတော့ လူငယ်တွေကိုပဲ ပြောရမှာပဲ၊ လူကြီးတွေ ကတော့ အစကတည်းက အဲဒီစိတ်ဓာတ် မရှိရင် အခုပြင်ပေးလို့ မရတော့ဘူး၊ ခက်ပြီ။ ဒါပေမယ့် သတင်းစာဆရာကြီးတွေထဲမှာဆိုရင် လူရိုသေ၊ ရှင်ရိုသေ တသက်လုံး ခိုင်ခိုင် မာမာနဲ့ လုပ်သွားတဲ့ သတင်းစာဆရာကြီးတွေရဲ့ နမူနာကို ယူပါ။ အခု တချို့ဆိုရင် ပိုက်ဆံရရေးပေါ့ ပိုက်ဆံရရေးလုပ်တဲ့အခါမှာ တချို့ကိစ္စတွေကျတော့ ပြောရမယ်ဆိုရင် ဥပဒေအရတော့ ဘာမှ လုပ်လို့ မရဘူးပေါ့၊ ဒါပေမယ့် ဒီလိုအတင်းအဖျင်းတွေ ဘာတွေ လူရိုးရိုး ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်တာတွေဟာ တကယ်တော့လဲ တိုင်းပြည်နဲ့လဲ မဆိုင်ဘူး၊ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့ အသိုင်း အဝိုင်းရဲ့ အကျိုးအမြတ်နဲ့လဲ မဆိုင်ပဲနဲ့ လူတွေ ဖတ်လို့ ကောင်းအောင် ဆိုပြီး ရေးတာပြုတာတွေဟာ ပုဂ္ဂိုလ်တွေရဲ့ဘဝတွေ ပျက်စေတာ ရှိတယ်။
အဲတာတွေ ကျတော့ အမေအနေနဲ့ ဒါဟာ မြင့်မြတ်တဲ့ မီဒီယာ အလုပ် အကိုင်လို့ မမြင်ဘူး၊ ထောက်ပြသင့်တာ ထောက်ပြတာက တမျိုးပေါ့၊ အလကား သက်သက် သတင်းထူး ဆိုပြီး လူဝယ်ဖတ်အောင်လို့ လုပ်တာမျိုးဟာ တခြားလူတွေပေါ်မှာလဲ ကိုယ့်ရဲ့လူသား တယောက် အနေနဲ့ တာဝန်ရှိတယ်ဆိုတာ ကလေးတွေ မှတ်ထားကြ။ အမေတို့ မီဒီယာက ကံကောင်းတာ ဘာလဲ ဆိုတော့ အခုမှ စတယ်ဆိုတော့ လူငယ်တွေ အရမ်းများတယ်။ လူငယ်တွေဆိုတော့ ကိုယ့်ကိုကိုယ် တည့်သွားနိုင်တယ်။ တည့်သွားလို့ရတယ်။ ခေါက်ရိုးကျိုးနေတဲ့လူကတော့ ကျိုးနေပြီ ဘယ်လိုမှ ပြန်ပြင်လို့ မရဘူး။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အောက်တိုဘာလ ၂၄ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာနဲ့ ပတ်သတ်ပြီး အခုလို ပြောကြားခဲ့ပါသည်။
Written by Burma VJ Media
No comments:
Post a Comment