Tuesday, August 7, 2012

ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်






Tuesday, 07 August 2012 12:17
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။
ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်းရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက
ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ကော်မတီကို (၁) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ- ကော့မှူးမဲဆန္ဒနယ်၊ (၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင် (၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင် (၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင် (၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Comments 
12
+5 #28 aung ning 2012-08-08 08:57
ငါတို့အစိုးရကတော့ ထိုက်ကျိသိုင်းကစားတတ်လာပြီ။ ဒေါ်စုဘယ်လိုပြန်ကစားပြမလဲဆိုတာစောင့်ကြည့်ရတော့မယ် အခုမှတကယ့်ကို တာဝန်ရှိတဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကြီးကို စတင်ပါတော့မယ်။ ဒေါ်စုကအခုမှတကယ် လွှတ်တော်ထဲကအရေးကြီးနေရာ ယူလာပြီဆိုတော့ တရုတ်ကအ၇င်တုန်းက အတိုက်ခံနေနဲ့မို့ လာမတွေ့နိုင်တယ်လို့ပြောလို့မရတော့ဘူး။ ခင်ဗျားတို့မယုံရင်ကြည့်နေပါ တရုတ်ကနေလွှတ်တော်ကိုကိုင်တဲ့ ကွန်မြူနစ်ပါတီရဲ့ဒုတိယပုဂ္ဂိုလ် မကြာခင်ရောက်လာပါလိမ့်မယ်။
+15 #27 Moe Pyae 2012-08-08 07:31
ဘယ်တုံးကမှ ဥပဒေစိုးမိုးမူ့ မရှိတဲ့နိုင်ငံ ဒေါ်စုက ဥပဒေစိုးမိုးမူ့လို့ တချိန်တည်းအော်နေခဲ့တော့ လုပ်ဗျာ ခင်ဗျားကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီ ဖြစ်အောင်လုပ်မလား စောင့်ကြည့်ရတာပေါ့ ဆိုပြီးခိုင်းလိုက်တဲ့အတိုင်းဘဲ။ တကယ်ဘဲ အမေစု ကိုင်နိုင်ပါ့မလား။ ဒါထောင်ချောက် ဖြစ်သွားနိုင်တယ်နော်။ စိုးရိမ်တယ်။ နိုင်ငံရေးလှည့်ကွက်နော်။ မပေါ့နဲ့။
+11 #26 magicpowerman 2012-08-08 00:20
အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်
+7 #25 exodus88 2012-08-08 00:00
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ , better to give as a chief of Justic Department.
Myanmar government lost credit when they gave up the island to Bangladesh. Now they need Daw Aung San Su Kyi. She is one of the famour world leader. Most of the countries respect her. She also knows who and what she is. I believe she can do her work done if Myanmar government give her a full support.
+6 #24 shininglin 2012-08-07 23:42
Congratulation dear mother!
We thanks persons who placed our mother at right position.We appreciate their good & open minded.How beautiful their heart.We expect our country will be peace & secured in future by our mother's ability.Good luck MYANMAR!May you be long life!
+21 #23 Dominicmang 2012-08-07 21:55
Dear friends!
just want to share my personal opinion since we are sharing our thoughts! It is a great move by the parliament! And we as a citizen, don't put too much pressure on Daw Su regarding Rohingya issue which is very sensitive! We all know that the impotence of rule of law! It is not about religions and ethnics ! Without rule of law, we can not go far by means of economics since there will be a lot of corruptions ! Personally, I wish she can tackle the corruptions as a priority! Especially, so called cronies and those who are trying to avoid to pay tax! Hopefully, they are not playing politics again by giving her the task that they can not do and they don't want to do! But any way, we can not pessimistic all the time!so let's welcome this which is good while while we are trying our best to do for our country by means of what we can!
+38 #22 မောင်ထင် 2012-08-07 21:37
လုပ်ချင်သူ ၊လုပ်နိုင်သူ တွေ လုပ်ခွင့်ရတာ ဝမ်းသာစရာပဲဗျာ။
+20 #21 AlinZ 2012-08-07 21:25
Quoting naypyitaw:
A Very good moves for the both sides. People can see how Daw Suu can handle the rule of laws. I am sure she can't because she just housewife in England until over 40years of her age. Burmese real life been started from that point! great jobs, U Shwe Mann!!
Just because of house wife life for 40 years, she can’t handle that position is quiet ridiculous reason. How much do you know about her capability, competency, attitude and ambitious? Can you tell us what are the other people doing at her age of 40s? What’s your point? She can’t handle because she doesn’t have experience, isn’t that? So how about other people of her age without proper education and learning political point of view? Do you think those people can manage it? Even the current ministers are also come from army. Do you think that they have very good experience with these internal and international complex politics? For me, the people without experience but with high education and training can manage better than those with nothing.
+64 #20 chawthu 2012-08-07 21:22
ဘယ်လိုပဲတွေးတွေးပါ..... အမေစုကို အခုလို ကျင်းထဲကြပ်ထဲမှာ အသုံးချတယ်ပြောပြော၊ ခေါင်းရောင်းတယ် ဆိုဆို အမေ့အတွက်က နိုင်ငံနဲ့ လူမျိုးအတွက် အချိန်တိုင်း အဆင်သင့်ဖြစ်နေခဲ့တာပါ။ အခုလို အစိုးရကိုယ်စားပြု လုပ်ကိုင်လာရတဲ့ အခြေအနေကို သဘောထားတင်းမာသူတွေက ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်၊ သို့ပေမယ့် ကောင်းကျိုးတွေ ဆောင်ရွက်ဖို့ရာ တရားဝင်လုပ်ပိုင်ခွင့်တွေ ရရှိလာတာကိုတော့ အကောင်းမြင် ကြိုဆိုရမယ်.....။ မုန်တိုင်းတွေကြားထဲကတောင် ဒီမိုကရေစီအလင်းတိုင်ကို မမှိတ်မသုန် သယ်ဆောင်ပေးခဲ့သေးတာပဲဗျာ...... ဒီလောက်ကတော့ မဗေဒါ စာမဖွဲ့ပါဘူး ......
+43 #19 shyat_sayagyi 2012-08-07 20:42
အနာသိ ဆေးရှိ
ဆေးကောင်းတော့ သန်းခေါင်းတဲ့
ဒို့ အမေဆီမှာ ဆေးနည်းတွေအများကြီးရှိတယ် အေးဆေးပဲ..
+13 #18 F Bengali 2012-08-07 20:36
Dear My Friends,
1. Do you know that Phrophet Mohamad is Pedohile? His youngest wife Aisha was just 9 years old when Mohamad consumated marriage her.
2. Mohamad personally beheaded 600 Jews in single day.
3. How can we expect peace and believe in them who are follower of such lunatic warlord turn prophet? Is it any moment of peace in his religion. Go and search Fitna, Greet Weilder and Dr. Wafa Sultan. Just google it.
3.Where is Buddhist temple and Christian church in Mecca if you want us to respect human right and free for religion?
+16 #17 zmpfeed 2012-08-07 20:32
ကြိုးတုတ်ပြီး လက်ဝှေ့ ကြိုးဝိုင်းပေါ်တော့ပို့ လိုက်ပြီ.. ဘာတွေဖြစ်လာမလဲ..
+23 #16 wuntho 2012-08-07 20:28
အစိုးရ ကလိုက်မလုပ်ရင် ရှေ့ မရောက်မှာ ပဲစိုး မိ ပါတယ်!!! S1 position ne ခပ်ဆင်ဆင် ပါပဲ
-53 #15 naypyitaw 2012-08-07 20:28
A Very good moves for the both sides. People can see how Daw Suu can handle the rule of laws. I am sure she can't because she just housewife in England until over 40years of her age. Burmese real life been started from that point! great jobs, U Shwe Mann!!
-24 #14 Malcolm 2012-08-07 19:42
စိုးရိမ်မိတယ်၊ အန်တီစုကိုခေါင်းအငှားခံခိုင်းတာဖြစ်မှာကိုပဲ။
+42 #13 KO KYAW - BUTALIN 2012-08-07 19:36
Quoting myrpp:
သိပ်ကောင်းပါတယ် . . လောလောဆယ်တော့ ရခိုင်ပြည်နယ်က မငြိမ်းချမ်းမှုတွေကို အမြန်ဆုံးဖြေရှင်းပေးစေချင်ပါတယ် . . ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက်ဆို လုံးဝ မတွေဝေ ပဲပြတ်သားစွာဖြေရှင်းဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ် . .ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ်ကြောင်း ကမ္ဘာကသိပြီး ပါးစပ်ပေါက်တွေ အကုန်ပိတ်သွားအောင် အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ပါစေ . .
လူဝင်မှုကြီးကြပ်ရေးဥပဒေ နိုင်ငံသာဥပဒေအတိုင်းသာဖြစ်ပါလိမ့်မည်။ ဥပဒေအတိုင်းဖြေရှင်းပေးပါလိမ့်မည်။ ဥပဒေစိုးမိုးလျင်စကားပြောရရန်ဖြစ်ရသက်သာလာပါလိမ့်မည်။ ရှင်းလင်းတိကျပြတ်သားသောဥပဒေများကို တိတိကြကြလိုက်နာသည်နှင့်ပြသ်သနာရှင်းသွားပါလိမ့်မည်။ မည်သူတဦးတယောက်ကမျှ ဥုံဖွနည်းဖြင့်ပြသ်သနာဖြေရှင်းနိုင်မည်မဟုတ်ပါ။ ဒါကြောင့် rule of law တဖွဖွပြောနေကြခြင်းဖြစ်ပါသည်။
+38 #12 myrpp 2012-08-07 19:22
သိပ်ကောင်းပါတယ် . . လောလောဆယ်တော့ ရခိုင်ပြည်နယ်က မငြိမ်းချမ်းမှုတွေကို အမြန်ဆုံးဖြေရှင်းပေးစေချင်ပါတယ် . . ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက်ဆို လုံးဝ မတွေဝေ ပဲပြတ်သားစွာဖြေရှင်းဆုံးဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ် . .ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ်ကြောင်း ကမ္ဘာကသိပြီး ပါးစပ်ပေါက်တွေ အကုန်ပိတ်သွားအောင် အမြန်ဆုံးလုပ်ဆောင်ပေးနိုင်ပါစေ . .
+49 #11 ngweyon 2012-08-07 19:02
ဝမ်းသာလိုက်တာ အမေရယ်
နိုင်ရာ စားစတမ်း၊ တရားဥပဒေ ဆိုတာ မစိုးမိုးတဲ. ဒီတိုင်းပြည်ကြီးထဲမှာ ကျီးလန်.စာ စား၊ ကိုယ်.အိမ်ခြံဝန်း ထဲမှာတောင် ခေါင်းအေးအေး မအိပ်ရဲတဲ. ဘ၀တွေကနေ လွတ်မြောက်ဖို. အမေ. မေတ်တာတွေနဲ. တတ်စွမ်းသရွေ. ကယ်တင်ပေးပါ အမေ။ တရားရေးအတွက် ဆောင်ရွက်မယ်. အမေ.နောက်မှာ သန်း ၆၀ ရှိတဲ. ပြည်သူလူထု တစ်ရပ်လုံးက အမေ ဘေးကင်းဖို. ကျန်းမာ အသက်ရှည်ဖို. အမြဲ ဆုတောင်းနေပါတယ်။
+94 #10 AlinZ 2012-08-07 18:29
အန်တီစု အတွက်တော့ တိုင်းပြည်အတွက် အမြင့်ဆုံးနေရာမှ မဟုတ်သေးရင် ဒီနေရာ အသင့်တော်ဆုံးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတာဝန်ဟာ လက်ရှိအစိုးရအတွက် တော်တော်ခက်ခဲတဲ့ အလုပ်ဖြစ်နေလို့ပါ။ ခက်ခဲနက်နဲတဲ့ အလုပ်တွေကို ပညာတတ် လူကောင်း လူတော် တွေပဲ ဖြေရှင်းနိုင်ကြတယ်
လို့ဖတ်ဖူး မှတ်ဖူးပါတယ်။ တိုင်းပြည်အတွက် တရားဥပဒေ စိုးမိုးရေးက ယိုယွင်းနေတာကြာပါပြီ။ လက်ရှိအစိုးရထဲက လူတွေ ဒီနေရာရရင်လဲ ဘာမှလုပ်ဆောင်နိုင်မယ်မထင်ပါဘူး။ အားလုံးမှာက မျက်နှာနာစရာ၊ ထောက်ထားစရာ ဆရာသမား၊ ဆွေမျိုးရင်းချာ စသဖြင့်ပေါ့လေ။ အန်တီစုကတော့ ရှင်းပါတယ်။ ဘာမှ
မျက်နှာနာစရာမရှိဘူး။ ရှိလည်း ဥပဒေ အတိုင်းလုပ်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အသင့်တော်ဆုံးလို့ပြောတာပါ။ ဒါကခက်ခဲတာတွေထဲက တစ်ခု။ နောက်တစ်ခုက တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးတဲ့။ ပြောရမယ်ဆိုရင် လက်ရှိ ရိုဟင်ဂျာ အရေးမှသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အထိပေါ့လေ။
လက်ရှိအစိုးရအတွက် ဝန်ထုပ် ဝန်ပိုးကြီးပါ။ အမျိုးသားရေးသင့်မြတ်အောင်ဘယ်လိုလုပ်ရမလဲ။ နိုင်ငံတကာက နားလည်အောင် ဘယ်လိုရှင်းပြမလဲဆိုတာတွေပေါ့။ ကျန်တဲ့ ပညာရေးလား...လာထား နိုင်ငံခြားကကျောင်းတွေ ဖွင့်ခွင့်ပေးလိုက်မယ်။ စီးပွားရေးလား... နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကို
ဝင်ခိုင်းလိုက်မယ်။ အုပ်ချုပ်သူတွေက အပေါ်ကနေ မျက်စိဒေါက်ထောက်ကြည့်နေလို့ရတယ်။ ခု တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ နိုင်ငံခြားအားကိုးလို့ မရတော့ဘူး။ ကိုယ်တိုင်လုပ်မှ ရတော့မှာ။ ဒါကြောင့်ခက်တယ် ပြောတာပါ။ အန်တီစုရေ ဗိုလ်ချုပ်သမီးပီပီ လုပ်စရာရှိရင်
ပြတ်ပြတ်သာလုပ်။ အန်တီစု အတွက် စာနာထောက်ထားစရာ မျက်နှာဆိုလို့ သန်း ၆၀ သောပြည်သူလူထုပဲ ရှိတယ်။ အန်တီစု လုပ်ဆောင်နိုင်သလောက် အဖွဲ့ထဲကလူတွေ လိုက်နိုင်ဖို့နဲ့ ညီညွတ်ဖို့ပဲ အရေးကြီးတယ်။
+56 #9 kinglakeshore 2012-08-07 18:12
အရေအတွက် နည်းပေမယ့်... အရည်အချင်းတွေ မြင်ရကြားရတော့မှာပါလားး..
+58 #8 KO KYAW - BUTALIN 2012-08-07 18:02
ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ တိုင်းသူပြည်သားခေတ်လူငယ်အများစုက တိုင်းပြည်ရဲ့ အိုင်ကွန် ကမ္ဘာ့ ဒီမိုကရေစီအိုင်ကွန်အနေနှင့်တင်မကဘူး မိခင်လိုသဘောထား ချစ်မြတ်နိုးကြတာပါ။ သမတကြီရော အမေစုရောမငယ်ကြတော့ဘူး သူတို့ ကိုထိပ်ပိုင်းဆိုင်ရာမူဝါဒပိုင်းမှာအားကိုးအာထားပြုပြီး သူတို့ ရဲ့ သဘောထားမူဝါဒတွေကို ကျန်တဲ့အဖွဲ့ ဝင်တွေလက်အောက်ငယ်သားတွေကတက်တက်ကြွကြွအကောင်အထည်ဖေါ်နိုင်အောင် အထူးကျိုးစားသင့်ကြပါတယ်။ လူကြီးတွေသိပ်မပင်ပမ်းမခံသင့်ဘူး။ ဒါကတော့ကျနော့်တဦးတည်းကိုယ့်မိဘလိုသဘောထားလို့ ပြောမိတာပါ။ ကျနော့်မိဘတွေဆို အသက် ၅၇ ၅၈ ဆို ဘာမှကိုပင်ပမ်းတာမလုပ်စေချင်တော့ဘူး။ မိဘစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်နေယင်ပြီးရော။ တကယ်အလုပ်လုပ်ကြရမှာကကျနော်တို့ ငယ်တဲ့လူတွေပါ။ အားလုံးကိုမှားတာပြောမိယင်တောင်းပန်ပါတယ်ဗျာ။ မေတ္တာနဲ့ ပြောမိတာပါ။
+68 #7 KO KYAW - BUTALIN 2012-08-07 17:28
ဝမ်းသာလိုက်တာခင်ဗျာ အလွန်တစ်ရာမှကြီးလေးတဲ့တာဝန်ပါ။ တကယ်တိုင်းပြည်ချစ်စိတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆို မအောင်မြင်စရာမရှိပါဘူး။ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအင်အားစုတွေ law enforcement agencies တွေရဲ့ အလုပ်တွေကို တကယ်ထိရောက်မှုရှိအောင်ဒီကော်မတီက ကြတ်မတ်တော့မယ်ထင်တယ်။ ကြတ်မတ်နိုင်တဲ့ပါဝါလည်းဒီကော်မတီကိုပေးမှတကယ်ထိရောက်မှာ။ ရေငတ်တုံးမိုးရွာချလိုက်လို့ အငန်းမရ သောက်လိုက်ရတဲ့အတိုင်းပဲဗျာ။ ကျနော်တို့ တိုင်းပြည်အတွက် great expectation တွေထားနိုင်လာတော့မယ်။ အားလုံးက၀ိုင်းဝန်းပံ့ပိုးကြရန်လိုပါတယ်။
+84 #6 minhtetpaizin 2012-08-07 14:53
တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန်ပါ လုပ်ဆောင်ရမယ်ဆိုရင် တော့ပြည်ထဲရေးဝန်ကြီးဌာန ရှိဖို့မလိုအပ်တော့ပါဘူး ။ ရဲတပ်ဖွဲ့ကိုပါ ကော်မီတီအောက်မှာထားလိုက်ပေါ့ ။
+64 #5 nyi nyi han 2012-08-07 13:27
အကွက်ရွေ့မှားရင်အစားခံရမယ်...(ဘယ်ဖက်ကဘဲရွှေ့ရွှေ့..)
  +37 #4 USaytanar 2012-08-07 13:10
The following task is the right task for Daw Aung San Suu Kyi.
ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်းရမည်ဖြစ်ပြီး ..........ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း
But I do not agree on the following task.
တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း
#3 USaytanar 2012-08-07 13:05
Cautiously welcome on this move!
Let us see if she can work freely for the country.
I hope "HLUTTAW" is not playing.
#2 Mandalaythar 2012-08-07 12:40
အမေစုခင်ဗျာ.....ကြားညပ်နေပါဦးမယ်။ တကယ့်ပြသနာနေရာ ကိုမှရှေ့ ထွက်ခိုင်းလိုက်တာပါဘဲ။ ထောင်ချောက်ထဲမကျသွားရလေအောင် သေသေချာချာ သတိကြီးစွာထားရှိဖို့ အလေးအနက်ရိုသေစွာတိုက်တွန်းအပ်ပါတယ်။
#1 slinn 2012-08-07 12:39
အဖွဲ့ဝင် (၉) ဒေါ်လဲ့လဲ့ဝင်းဆွေ ဆိုတာ အရင် ဒီချုပ်က မဟုတ်လား။ ပြီးမှ ဖွတ်ဘက်ကို ပြောင်းသွားတာလေ... အခုလဲ ဒေါ်စုအောက် ရောက်လာပြန်ပြီ။ သာပေါင်းညာစားမကြီး...

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။