Tuesday, March 12, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်၊ အကြံပြုချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိစေနိုင်သည့် အချက်များပါဝင်သော်လည်း ဒေသခံများအတွက် အငြင်းပွားစရာများ ရှိနေဆဲဖြစ်


လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်၊ အကြံပြုချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိစေနိုင်သည့် အချက်များပါဝင်သော်လည်း ဒေသခံများအတွက် အငြင်းပွားစရာများ ရှိနေဆဲဖြစ်  

AddThis Social Bookmark Button
w1-12-3-12
လက်ပံတောင်းတောင်ဒေသ၊ဆည်တည်းရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးနှင့်
သပိတ်စခန်းများအား အကြမ်းဖက် နှိမ်နင်းခဲ့သော တာဝန်ရှိသူများကို အရေးယူနိုင်ရေးအတွက် ပြုလုပ်သော လူထုအစည်းအဝေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာအချက်များ ပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက် လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့်နှင့် ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ ပေါ်ထွန်းစေရေးအ တွက်လည်းကောင်း သုံးသပ်ချက်များနှင့် အကြံပြုချက်များ တင်ပြနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်  

 March 2013 20:11

AddThis Social Bookmark Button
w1-12-3-8
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ယင်းဥပဒေမူကြမ်း ရုပ်သိမ်းရေး တောင်းဆိုသည့် ကြေညာချက်ကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ်သို့ ပေးပို့မည်
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ခဲ့ပြီးယင်းဥပဒေကြမ်း ရုပ်သိမ်းရေး တောင်းဆိုသည့် သဘောထား ကြေညာချက်ကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံသို့ ရက်ပိုင်းအတွင်း ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။      

လက်ပံတောင်းတောင် စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




လက်ပံတောင်းတောင် စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား  

AddThis Social Bookmark Button
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသအကျိုး တစ်ခု တည်းအတွက်မဟုတ်ဘဲ နိုင်ငံ၏အနာဂတ်ကို မျှော်ကိုး၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က မတ်လ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည်၏ သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်တပ်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်သည်ဆိုရာတွင်




စ်တပ်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်သည်ဆိုရာတွင်

Written by  တင်ညွန့်

 ဒီမိုကရေစီနည်းကျ အာဏာသိမ်းခြင်းဆိုသည့် စကားသည် ပြန်လည်ဆန်းစစ်စရာ လိုသည့် စကားရပ် ဖြစ်လာသည်။ အာဏာနှင့် ဒီမိုကရေစီ ဆိုသည်မှာ မိတ်ဖက်စကားလုံး မဟုတ်။ သို့ဖြစ်ရာ အာဏာ သိမ်းခြင်းသည် ဒီမိုကရေစီနည်း မဟုတ်ဟူ၍လည်း သုံးသပ်မှုများ ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းရသည့် အနေအထားများ ရှိနိုင်ပါသည်။ အစိုးရတစ်ရပ်သည် အာဏာရှင်ဆန် လာလျှင်၊ အတိုက်အခံများကို ဖိနှိပ်လွန်းလျှင်၊ ဒီမိုကရေစီ နည်းကျကျ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိလျှင် စစ်တပ်သည် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူကို အလေးထား သည့် အနေဖြင့် တိုင်းပြည်အာဏာကို ထိန်းသိမ်း စောင့်ရှောက်ကြရသည်။ ထိုထိန်းသိမ်းစောင့်ရှောက်မှု မှာလည်း ရာသက်ပန်မဟုတ်၊ ခေတ္တအခိုက်အတန့် အချိန်လေးသာ ဖြစ်ရမည်။ စစ်တပ်သည် ဒီမိုကရေစီ ကို နှိမ်နင်း မည့်သူများ မဟုတ်၊ ပြည်သူကို ဖိနှိပ်မည့်သူများ မဟုတ်ဟု ခံယူထားသောကြောင့် ဖြစ်သည်။

ပညာရေးဘတ်ဂျက်ကို ဘယ်လိုလူစားမျိုးတွေက မတိုးစေချင်တာလဲ


ပညာရေးဘတ်ဂျက်ကို ဘယ်လိုလူစားမျိုးတွေက မတိုးစေချင်တာလဲ 


Written by ဂျီအောင်ဘန်း
ဒီမိုကရေစီစနစ်သို့ဦးတည်သော ပြုပြင်ပြောင်းလဲရေး စတင်သည့်အချိန်အခါကစ၍ ပထမဆုံးထွက်ပေါ် လာသည့်အသံနှင့် ယခုတိုင်မဆိတ်သေးသည့် တစ်ခုတည်းသောအသံမှာ ပညာရေးပြုပြင်ပြောင်းလဲရန် ဆိုသော အသံပင်ဖြစ်သည်။ မည်မျှအထိ ပြုပြင်ပြောင်းလဲပေးရန်ဆိုလျှင် Revoluation ဆိုသည့် အလုံးစုံပြုပြင်ဖို့အထိ။

ဘာကြောင့်များ တတ်သိပညာရှင်တွေ၊ ဒီမိုကရက်တစ်အင်အား ပညာရေးဆို တာကို အထူးအလေးဂရုပြုပြောနေရတာပါလဲ။ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဆိုတာ အသက်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်အတွက် ပညာရေးတိုးတက်မှု ဆုတ်ယုတ်မှု အတိုး အလျော့မည်မျှအရေးပါသည်၊ အရေးကြီးသည်ဆိုတာကို ဥပမာပြရလျှင် နိုင်ငံတစ်နိုင်ငံသည် လူတစ် ယောက်ဆိုပါက ပညာရေးသည် ဦးနှောက် (ဝါ) အသိဉာဏ်ပင်ဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။