Friday, February 1, 2013

လူရှုပ်တွေကို သတိထား


လူရှုပ်တွေကို သတိထား 

“လေကောင်းလေသန့်တွေရဖို့ ပြတင်းတံခါးဖွင့်လိုက်ပြီဆိုရင် ယင်ကောင်တွေ ၀င်လာမယ်ဆိုတာကိုလည်း ကြိုတွက်ထား ရမယ်” -တိန့်ရှောင်ဖိန်
အထက်ပါ စကားစုသည် တရုတ်နိုင်ငံအပေါ် သြဇာကြီးမားသော ခေါင်းဆောင်တစ်ဦးဖြစ်သူ တိန့်ရှောင်ဖိန်က သူ့နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ၁၉၈၀ အစောပိုင်းနှစ်များအတွင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စားပွဲပိုင်းမှာလာဆွေးနွေးဖို့ သမ္မတတိုက်တွန်း


စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စားပွဲပိုင်းမှာလာဆွေးနွေးဖို့ သမ္မတတိုက်တွန်း 


DVB TV News, 1 February 2013  —-  စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ စားပွဲဝိုင်းမှာ အားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ့် အချိန်ရောက်နေပြီဖြစ်လို့ သက်ဆိုင်တဲ့ခေါင်းဆောင်တွေအားလုံး စားပွဲဝိုင်းကိုလာပြီး ဆွေးနွေးညှိနှိုင်းကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ အသံ၊ ပိတောက်မြေရေဒီယိုတွေနဲ့ FM ရေဒီယိုတွေကနေ ဖေဖော်ဝါရီလ ၁ ရက် ကစပြီး တရက် ၄ ကြိမ်ထုတ်လွှင့်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး ရေဒီယိုမိန့်ခွန်း မှာပြောကြားလိုက်တာပါ။

အစိုးရရဲ့ ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ကေအိုင်အေ ပြော ကြား


အစိုးရရဲ့ ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ကေအိုင်အေ ပြော ကြား

ကေအိုင်အေ ပြောခွင့်ရ ဦးလနန်
DVB News , 1 February 2013  —-  ကေအိုင်အိုအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက် သွားမယ့်အကြောင်းနဲ့ အစိုးရစစ်တပ်က ထိုးစစ်ဆင်နွဲမှုတွေကို ရပ်ဆိုင်း ပါက ကေအိုင်အေ ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်တော့မှာ မဟုတ်ဘူးလို့ ဒီနေ့ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး  ကေအိုင်အို၊ ကေအိုင်အေ  ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ ရှေ့နောက်မညီ


မြန်မာနိုင်ငံ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ ရှေ့နောက်မညီ 

ဒေသခံပြည်သူများ ဆန္ဒပြနေမှုမြင်ကွင်း
VOA News, 31 January 2013 —–  မြန်မာနိုင်ငံမှာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို  ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကနေ ပြဌာန်းအတည်ပြုပေးထားပါတယ်။ဒါပေမဲ့ အခုအချိန်မှာတော့ခွင့်ပြုမိန့် မရဘဲ စီတန်းလှည့်လည်လို့ဆိုပြီးတော့ ဖမ်းဆီးမှု၊ တရားစွဲဆိုမှုတွေလည်း တိုးပွားလာနေတာကြောင့် အစိုးရသစ်က ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ တခုနဲ့တခု ဆန့်ကျင်ရာ ကျနေတယ် လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက မေးမြန်းတင်ပြထားပါတယ်။

ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား


ပြန်ကြားရေးသတင်း၊ KIO ကြေညာချက်နှင့် ဒု-ဝန်ကြီး သဘောထား


ချင်းမိုင်(မဇ္စျိမ) . ၁ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃  —-  ကချင်ပြည်နယ်တွင်း တိုက်ပွဲများအပေါ် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန် တုန့်ပြန်လိုက်သည်။  
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီး ဌာနတို့၏ သတင်းထုတ်ပြန်ချက်များတွင် KIO အား တဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လိုင်ဇာမြို့အဝင်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်



လိုင်ဇာမြို့အဝင်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်

လိုင်ဇာ မြင်ကွင်း
DVB News, 1 February 2013  —-  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီး   လိုင်ဇာမြို့အဝင်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက  လဂျားယန်ဒေသကို   အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင် ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်အထိ  အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ  ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု


လက်ပံတောင်းတောင် စုံစမ်းရေး ဒေါ်စုအတွက် စိန်ခေါ်မှု 

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်အရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
VOA News, 1 February 2013  —-  စစ်ကိုင်းတိုင်း မုံရွာမြို့နားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မီတီရဲ့ အစီရင်ခံစာ ထွက်ပေါ်လာဖို့ နှောင့်နှေးနေချိန်မှာပဲ လုပ်ငန်းတွေ ဆက်လုပ်ဖို့ လိုလားသူတွေနဲ့ ဆန့်ကျင်သူတွေရဲ့ ဖိအားတွေလည်း တိုးလာနေပါတယ်။ စုံစမ်းမှုတွေကတော့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ကတိပေး ထားတဲ့ အစိုးရအတွက်သာမက၊ စုံစမ်းစစ်ဆေးရေး ကော်မီတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ပါ စိမ်ခေါ်မှု ဖြစ်မယ်လို့ အကဲခတ်တွေက မြင်နေကြတာပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။