ကချင်တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်
ကချင်ပြည်နယ် လိုင်ဇာမြို့ ဈေးမြင်ကွင်း
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
| ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၁၉ မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့၍ အဓမ္မ လက်ထပ်ထိမ်းမြားမှုမှာ အများဆုံးဖြစ်ကြောင်းသိရ |
|
|
|
၂၀၁၂ ခုနှစ်အတွင်း လူကုန် ကူးမှု ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများအနက်
တရုတ်နိုင်ငံသို့ပို့၍ အဓမ္မ လက်ထပ်ထိမ်းမြားမှုမှာ အများဆုံးဖြစ်ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၁၉ မှု ဖြစ်ပွားခဲ့ရာ ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးသူ အရေအတွက်မှာ ၃၂၃ ဦး ဖြစ်ပြီး လူကုန်ကူးခံရသူ အရေအတွက်မှာ ၂၉၅ ဦးရှိကြောင်း သိရှိရသည်။၂၀၁၂ ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးမှု ၁၁၉ မှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၈၁ မှု၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၁၄ မှု၊ ပြည်တွင်း လူကုန်ကူးမှု ၁၉ မှု၊ စင်ကာပူ၊ မလေးရှား၊ ကာတာ၊ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လူကုန်ကူးမှု တစ်မှုစီဖြစ်ကြောင်း သိရှိရသည်။ |