၂၀၁၂ ခုနှစ်အတွင်း လူကုန် ကူးမှု ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများအနက်
တရုတ်နိုင်ငံသို့ပို့၍ အဓမ္မ လက်ထပ်ထိမ်းမြားမှုမှာ အများဆုံးဖြစ်ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၁၉ မှု ဖြစ်ပွားခဲ့ရာ
ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးသူ အရေအတွက်မှာ ၃၂၃ ဦး ဖြစ်ပြီး
လူကုန်ကူးခံရသူ အရေအတွက်မှာ ၂၉၅ ဦးရှိကြောင်း သိရှိရသည်။၂၀၁၂ ခုနှစ်အတွင်း
ဖော်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးမှု ၁၁၉ မှုတွင် တရုတ်နိုင်ငံသို့
လူကုန်ကူးမှု ၈၁ မှု၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၁၄ မှု၊ ပြည်တွင်း
လူကုန်ကူးမှု ၁၉ မှု၊ စင်ကာပူ၊ မလေးရှား၊ ကာတာ၊ အမေရိကန်နှင့်
အင်ဒိုနီးရှားနိုင်ငံများသို့ လူကုန်ကူးမှု တစ်မှုစီဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂
ခုနှစ်အတွင်း ဖော်ထုတ်ခဲ့သည့် လူကုန်ကူးမှု အမျိုးအစားများမှာ
အဓမ္မလက်ထပ်ထိမ်းမြားခြင်း(၇၈ မှု)၊ ပြည့်တန်ဆာပြုခြင်း(၂၅ မှု)၊
ကလေးရောင်းစားခြင်း(၃ မှု)၊ အဓမ္မတောင်းစား စေခိုင်းခြင်း(၁ မှု)၊
အဓမ္မစေခိုင်းခြင်း(၁၀မှု)နှင့် လုပ်အားခေါင်း ပုံဖြတ်ခြင်း(၂ မှု)တို့
ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၁
ခုနှစ်တွင်လည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ အစီရင်ခံစာအရ
အဓမ္မလက်ထပ်ထိမ်းမြားမှု၊ ပြည့်တန်ဆာမှု၊ အဓမ္မစေခိုင်းမှု၊ အဓမ္မ၀န်ဆောင်စေမှု၊
ကလေးသူငယ် လူကုန်ကူးမှု၊ အဓမ္မတောင်းရမ်းစေခိုင်းမှု၊ ကြွေးမြီဖြင့်
နှောင်ဖွဲ့စေခိုင်းမှု စသည့် လူကုန်ကူးမှု အမျိုးအစားများ ဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။
၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုပုံစံများတွင်
တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားလက်ထပ်ရန် အမျိုးသမီးငယ်များ ရောင်းစားမှုမှာ
အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရားမ၀င်သွားရောက်
အလုပ်လုပ်ကိုင်သူများအား နည်းမျိုးစုံဖြင့်လူကုန်ကူး ခေါင်းပုံဖြတ်ခြင်းမှာ
ဒုတိယအများဆုံးဖြစ်ကာ မလေးရှားနိုင်ငံတွင် ကလေးသူငယ်များကို
အဓမ္မတောင်းရမ်းစေခိုင်းခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခြင်းများ
ဖြစ်ကြောင်းနှင့် ပြည်တွင်းတွင်လည်း အမျိုးသမီးများအား ပြည့်တန်ဆာပြုခြင်း၊
အိမ်ဖော်များအပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ခြင်းများ ရှိခဲ့ကြောင်း
သိရှိရပါသည်။
၂၀၀၆ခုနှစ်မှ ၂၀၁၂ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ဖမ်းဆီးရမိမှု အခြေအနေ
ခုနှစ် |
အမှု |
တရားခံ |
လူကုန်ကူးခံရသူ |
၂၀၀၆ |
၅၂ |
၁၈၅ |
၁၉၅ |
၂၀၀၇ |
၁၂၇ |
၃၀၃ |
၂၇၁ |
၂၀၀၈ |
၁၃၄ |
၃၅၉ |
၃၀၃ |
၂၀၀၉ |
၁၅၅ |
၄၆၄ |
၃၀၂ |
၂၀၁၀ |
၁၇၃ |
၅၀၂ |
၃၈၁ |
၂၀၁၁ |
၁၃၆ |
၃၅၁ |
၂၆၅ |
၂၀၁၂ |
၁၁၉ |
၃၂၃ |
၂၉၅ |
|
No comments:
Post a Comment