လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ
- Created on Tuesday, 12 March 2013 06:10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများ ပိုမိုကြီးထွား လာခဲ့ကြောင်း၊ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။
လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နံနက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ သီတဂူအာယုဒါန ဆေးရုံတွင် သံဃာတော် ခြောက်ပါးနှင့် မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
Comments
+4
#
kinglakeshore
2013-03-12 11:14
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာမှာ “အပြီးသတ်” အစီရင်ခံစာဖြစ်သည်။.....
+18
#
2013-03-12 10:22
စုံစမ်းစစ်ဆေးရေးကော်မတီရဲ့
အစီရင်ခံစာမှာ ဆက်လက်လုပ်ဆောင်သင့်သည်လို့ဆိုထားပေမဲ့ ၊
လုပ်ဆောင်ပေးရမယ့်အချက်တွေ ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက်
လိုက်နာရမယ့်အချက်တွေ၊ လူမှုပတ်ဝန်းကျင်အတွက် လိုအပ်တဲ့ အချက်တွေက
ပိုများနေတာတွေ့ ရပါတယ်၊ အဲဒါတွေကို လုပ်ဆောင်ပေးမယ်ဆို ရင်လည်း ၊
ဘယ်သူတွေက တာဝန်ယူလုပ်ဆောင်ပေးမှာလဲ၊ ဘယ်သူတွေက စစ်ဆေးပေးမှာလဲ၊
တာဝန်ယူလုပ်ဆောင်ပေးပါ့မယ် ဆိုတဲ့သူတွေကကော ဘယ်လောက်ထိ ယုံကြည်ရလို့လဲ၊
ရွာသစ်တယ် ပေးတဲ့ ကန်ထရိုက်တွေလိုဘဲ ၀ါးသွားကြမှာဘဲ မဟုတ်လား၊
မြန်မာပြည်မှာ အပေါ်ပိုင်း လုပ်နေတဲ့သူတွေက ပြည်သူတွေ အပေါ်ကိုသာ
ဦးတည်ကြည့်တတ်တဲ့ သူတွေ ဆိုရင် ဒီလိုမျိုးတွေထိ ဖြစ်လာစရာ
အကြောင်းကိုမရှိဘူး၊ အကောင်အထည်ဖော်ပေးမယ့် ကော်မတီက သူတွေရဲ့ နာမယ်တွေကို
ကြည့်လိုက်ပါအုံး ၊ အောင်မြင်မယ်လို့ မယုံကြည်ပါခင်ဗျား၊
+40
#
2013-03-12 06:47
Quote:
ခုလို ကြုံတုံးကြိုက်တုံး စမ်း လိုက်တော့လဲ သိသွားတာဘဲ မဟုတ်လား..
တစ်ချက်ခုတ် လေး ငါး ဆယ်ချက်ပြတ်.... တယ်နိပ်....
အို ပြည်သူ့ ဘဏ္ဍာ နဲ့ ၀ယ်ထားတာတွေ အလကား မဖြုန်းတီး နိုင်ပါဘူး...မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊
ခုလို ကြုံတုံးကြိုက်တုံး စမ်း လိုက်တော့လဲ သိသွားတာဘဲ မဟုတ်လား..
တစ်ချက်ခုတ် လေး ငါး ဆယ်ချက်ပြတ်.... တယ်နိပ်....
+11
#
2013-03-12 06:37
Quote:
တသက်လုံး သူခိုး ဓမြ တွေကို လက်အုပ်ချီမိုး ဦးတော်တင် စားတော်တိုက် ခဲ့ ပီး ခုကျမှ ထိုးကွင်း "ထ" မနေကြနဲ့....
အာဏာ ထပ်သိမ်းလိုက်မယ်... ဘာမှတ်နေလဲ... ဂရီး.. ဂရီး.. ဂရီး.. ဂရီး.. ဂရီး.. ဂရီး..
စီမံကိန်းကို ရပ်ခိုင်းရင် တရုတ် ကတဖက် ဦးပိုင် နဲ့ ကြံ့ဖွံ့ ကတဖက် နှစ်ဖက်ညှပ်ပီး ဆော်ပလော် တီးတာ ခံရမှာပေါ့....လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း ....
တသက်လုံး သူခိုး ဓမြ တွေကို လက်အုပ်ချီမိုး ဦးတော်တင် စားတော်တိုက် ခဲ့ ပီး ခုကျမှ ထိုးကွင်း "ထ" မနေကြနဲ့....
အာဏာ ထပ်သိမ်းလိုက်မယ်... ဘာမှတ်နေလဲ... ဂရီး.. ဂရီး.. ဂရီး.. ဂရီး.. ဂရီး.. ဂရီး..
+23
#
2013-03-12 06:31
Quote:
တာဝန်ရှိတဲ့ "ကိုသိန်းစိန်" ကို လက်ထိပ် ခပ်ပါလို့...
နိုဘယ်ဆုတောင် လျာထားတာ ခံရတဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း လေးစားတဲ့ အနေနဲ့
ဦးပိုင်လီမီတက် သူတော်ကောင်း ကြီးတွေက စိန်စီထားတဲ့ ရွှေလက်ထိပ် ကြီးတောင် စီမံပေးအုံးမှာ...
အဲဒါကြောင့် ဦးပိုင် က သူတော်ကောင်း ကြီးတွေ ပြောတာပေါ့...ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း
တာဝန်ရှိတဲ့ "ကိုသိန်းစိန်" ကို လက်ထိပ် ခပ်ပါလို့...
နိုဘယ်ဆုတောင် လျာထားတာ ခံရတဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း လေးစားတဲ့ အနေနဲ့
ဦးပိုင်လီမီတက် သူတော်ကောင်း ကြီးတွေက စိန်စီထားတဲ့ ရွှေလက်ထိပ် ကြီးတောင် စီမံပေးအုံးမှာ...