Sunday, December 9, 2012

နည်းပညာလောကကို အန္တရာယ်ပြန်ပေးတတ်တဲ့ Hacking နည်းပညာ

နည်းပညာလောကကို အန္တရာယ်ပြန်ပေးတတ်တဲ့ Hacking နည်းပညာ 

   
   ဟက်ကင်း (Hacking) ဆိုတာက ကိုယ့်ကွန်ပျူတာထဲက ဒေတာတွေကို အပြင်လူတစ် ယောက်က ခိုးယူ စုဆောင်းသွား တာ ကို ခေါ်ပါတယ်။ အင်တာနက် ပေါ်မှာဆိုရင်တော့ ကိုယ့်ရဲ့ကိုယ် ပိုင်ဝက်ဘ်ဆိုက်ပေါ်က  ဒေတာအချက်အလက်တွေကို ဝင်ရောက် ပြုပြင်သွားတာတို့၊ ပတ်စ်ဝေါ့ကို ခိုးယူသွားတာတို့ကို ဆိုလိုပါတယ်။ အွန်လိုင်းကတစ်ဆင့် ဈေးဝယ်သူ တွေ၊ ဘဏ်တွေနဲ့ ချိတ်ဆက်ထားသူတွေအတွက်ကတော့ အွန်လိုင်းပေါ်မှာပဲ မိမိရဲ့ြေ<ွကးဝယ်ကတ် (Credit Card) နံပါတ်ကို မသမာ သူတွေရဲ့ ခိုးယူခံလိုက်ရနိုင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ဆိုရင် သူတို့ရဲ့ ကွန်ပျူတာနက်ဝေါ့ ပေါ်က လျှို့ဝှက်သတင်းအချက် အလက်တွေ ကို ထိုးဖောက်ဖျက်ဆီး ခံရတတ်ပါတယ်။
   အဲဒီလို သူတစ်ပါးရဲ့ လျှို့ဝှက်ဒေတာတွေကို ခိုးယူသူကို တော့ ဟက်ကာ (Hacker) လို့ ခေါ်ပါတယ်။ ကွန်ပျူတာနည်း ပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ Green ICT လို ဖြစ်ရပ်မျိုးတွေ ပေါ်ထွန်းလာသလိုပဲ ဟက်ကင်း (Hacking) ဆိုတဲ့ ကိစ္စရပ်တွေလည်း အတွဲလိုက် ပါလာတာ ပါပဲ။
   ဟက်ကင်းတွေကို ပြု လုပ်တတ်တဲ့ ဟက်ကာတွေဆိုတာ ကလည်း ကွန်ပျူတာနည်းပညာ ရှင်ကြီးတွေပါ။ သူတို့ထဲမှာ တချို့ ဆို ကလေးငယ်လေးတွေတောင် ပါဝင်တတ်ပါတယ်။ နည်းပညာကို ထဲထဲရောက်ရောက် စမ်းသပ်ရင်း သူတစ်ပါး ဒေတာတွေကို ခိုးယူ စုဆောင်းရတာကို ဝါသနာပါလာ သူတွေလည်းရှိတယ်လို့ဆိုပါတယ်။
   တချို့ဟက်ကာတွေက တော့ မြန်မာလိုဆို ကြေးစားလုပ် စားတယ်ဆိုရမလားမသိ၊ Professional ဟက်ကာတွေ လို့ ခေါ်ကြ ရ အောင် လူတွေရဲ့ ပုဂ္ဂလိကဒေတာ တွေကို ခိုးယူရောင်းစားတာမျိုးတွေ လည်း ရှိပါတယ်။
ဒါကြောင့် ဒီနေ့ခေတ် ကွန်ပျူတာနည်းပညာကုမ္ပဏီတွေဟာ ဟက်ကာတွေကို တွေ့ပြီဆို ကုမ္ပဏီ ရဲ့ ဝန်ထမ်းအဖြစ် ခန့်ဖို့ကိုလည်း ဦးစားပေး စဉ်းစားရပါတယ်။ ကိုယ် ပိုင်သတင်း အချက်အလက်တွေ လုံခြုံဖို့ ဟက်ကင်းနည်းပညာရပ် တွေကို အိတ်ထဲ ထည့်ထား လို့ရမယ့် နည်းလမ်းတွေရှာဖွေရတဲ့ သဘောပေါ့။ မိမိက လျှို့ဝှက်ထားတဲ့ သတင်းအချက်အလက်တွေက အလို အလျောက် ပေါက် ကြားသွားလို့ ဒုက္ခရောက်ခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးမို့ နည်းပညာကုမ္ပဏီမှန်ရင် ဟက်ကင်းနည်းပညာကို ကျွမ်းကျင်တဲ့ သူတွေတော့ ရှိနေ တတ်ပါတယ်။
   ပုဂ္ဂလိကအနေနဲ့ဆိုရင် မိမိရဲ့ ခရက်ဒစ်ကတ်နံပါတ်တွေကို အွန်လိုင်းမှာ အသုံးပြုလိုက်တာနဲ့ ကတ်နံပါတ်ကို ခိုးယူခံလိုက်ရမှု တွေ ရှိတတ်ပါတယ်။ ခရက်ဒစ်ကတ် နံပါတ်ခိုးယူခံမှုကြောင့် ဘဏ်ထဲက မိမိရဲ့စုဆောင်းငွေတွေလည်း တစ်ပါးသူလက် ထဲရောက်ရောက် သွားတတ်လို့ မသမာတဲ့ ဟက်ကာတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လိုပါတယ်။
Hacking ကြောင့် ထိခိုက်ခဲ့မှု တချို့
    ၂ဝဝ၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ နာမည်ကျော်မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ Playboy.com ဟာ ခရက်ဒစ်ကတ်နံပါတ်တွေ အခိုးခံလိုက်ရပါတယ်။ ခိုးသူ (ဟက်ကာ)က Playboy.com ရဲ့ Customer အားလုံးကို သူရဲ့ တိုက် ခိုက်မှုအကြောင်းကို အီးမေးလ် ပို့ပြီး သက်သေအနေနဲ့ သူတို့ရဲ့ ခရက် ဒစ်ကတ်နံပါတ်တွေကိုပါ ပေးပို့ခဲ့ တဲ့ ဖြစ်ရပ်ပါ။
    ၂ဝဝ၁-ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှာတော့ နာမည်ကြီးဈေးဝယ်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Amazon.comအဖောက်ခံရပြီး Account ပေါင်း ကိုးသောင်းရှစ်ထောင်ကျော် ရဲ့ ဒေတာတွေ အားလုံးကို ဒေါင်း လုတ်ပြုလုပ်ယူသွားခြင်း ခံလိုက်ရ ပါတယ်။ အဲဒီဒေတာတွေထဲမှာ Amazon က တစ်ဆင့် အွန်လိုင်း မှာ ဈေးဝယ်သူတွေရဲ့မှတ်တမ်း တွေ၊ ခရက်ဒစ်ကတ်စာရင်းတွေ၊ နာမည်တွေနဲ့ လိပ်စာတွေ အားလုံး ပါဝင်ပါတယ်။
   နည်းပညာဘီလူးတစ်ကောင်ဖြစ်တဲ့ မိုက်ခရိုဆော့ဖ်လို ကုမ္ပဏီတောင် ၂ဝဝ၁ ခုနှစ် ဇန်န ဝါရီ ၂၄ မှာ တိုက်ခိုက်ခံလိုက်ရလို့ သူတို့ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ ပြတ်တောက်သွားခဲ့ရပါသေးတယ်။
    Western Union ရဲ့ ဝက်ဘ်ဆိုက်ကိုတော့ ၂ဝဝဝ ခုနှစ် စက်တင်ဘာ ၁၁ မှာ တိုက်ခိုက်ခံ လိုက်ရလို့ အဖွဲ့ကြီးရဲ့လျှို့ဝှက်ဒေ တာတွေ ဖြစ်တဲ့ ခရက်ဒစ်ကတ် နံပါတ်နဲ့ ဒက်ဘစ်ကတ် နံပါတ် ပေါင်း ၁၅၇ဝဝ ကျော် မသမာသူ တွေလက်ထဲ ပါသွားခဲ့ပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကြောင့် အဖွဲ့အစည်းတွေအနေနဲ့ ဟက်ကာ တွေအကြောင်း၊ ဟက်ကာတွေရဲ့ လုပ်ပုံကိုင်ပုံနည်းနာတွေအကြောင်း နဲ့ မိမိအဖွဲ့အစည်းရဲ့ ကိုယ်ပိုင်နက် ဝေါ့ (Network) ကို ဘယ်လိုကာ ကွယ်နိုင်မလဲ စတာတွေကို သိရှိ ထားဖို့ ပိုအရေးကြီး လာပါတယ်။
ဟက်ကာတွေအကြောင်း
ဟက်ကင်း (Hacking) ပြုလုပ်တယ်ဆိုတာမှာ အကြောင်း အရာများစွာကို တရားမဝင် ထိုး ဖောက်ဝင်ရောက်ခြင်းနဲ့ မွှေနှောက် ခြင်း စတဲ့ အဓိပ္ပာယ်တွေများစွာ ရှိနေပါတယ်။ အလုံခြုံဆုံးဆိုတဲ့ နက်ဝေါ့တွေကိုတောင် ထိုးဖောက် ဝင်ရောက်နိုင်တဲ့ အံ့မခန်း နည်း ပညာအစွမ်းတွေနဲ့ သူတစ်ပါးရဲ့ လျှို့ဝှက်ဒေတာတွေ၊ ပုဂ္ဂလိက သတင်းအချက်အလက်တွေကို ယူ ငင်သွားနိုင်ပါတယ်။
     ဟက်ကာ (Hacker) ဆို တဲ့ ဝေါဟာရကို မီဒီယာက စတင် သုံးစွဲခဲ့တာဖြစ်ပါတယ်။ အနောက် တိုင်းရုပ်ရှင်တွေထဲ မှာ တွေ့ ရသ လောက်တော့ ဟက်ကာတွေဆို ရင် ဆံပင်တွေရှုပ်ရှုပ်ပွပွနဲ့ မှောင် ကုပ်ကုပ်အခန်းလေးထဲမှာ အချို ရည်ဘူးတွေ၊ ပီဇာဘူးတွေ ဝိုင်းလို့ ကွန်ပျူတာတွေ၊ ကီးဘုတ်တွေနဲ့ တကုပ်ကုပ် အလုပ်ရှုပ်နေတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေ ပုံစံ ကို ပြတတ်ပါတယ်။
အမှန်တကယ်ကတော့ ဟက်ကာတွေဆိုတာ အဲဒီလို ပုံစံ တွေတင်မကပါဘူး။ဘဝမျိုးစုံက ပုံစံ မျိုးစုံနဲ့ လူတွေအားလုံး ဖြစ်နိုင်ပါ တယ်။ အများစုကတော့ ကွန်ပျူတာ ပရိုဂရမ်မာတွေက ဟက်ကာဖြစ် လာနိုင်ခြေများတယ်လို့ ဆိုပါတယ်။
    ဟက်ကာတွေဆိုရာမှာ လည်း မသမာသူတွေချည်းပဲတော့ မဟုတ်ပါဘူး။ တချို့ကွန်ပျူတာ ဝါသနာအိုးတွေက အပျော်တမ်း အနေနဲ့ သူတစ်ပါးကို မထိခိုက်စေ ဘဲ ဟက်ကင်းတွေကို စမ်းသပ်ပြု လုပ်တတ်ကြပါတယ်။  မသမာသူ ဟက်ကာတွေရန်ကနေ ကာကွယ် ပေးတဲ့ အကျိုးဆောင်ဟက်ကာတွေ တောင် ရှိပါတယ်။
   နက်ဝေါ့ပိုင်းဆိုင်ရာ လုံ ခြုံရေးစနစ်ကို ချိုးဖျက်ဝင်ရောက် ပြီး ဒေတာတွေယူကြသူတွေကို ဟက် ကာလို့ ခေါ်သလို ခရက်ကာ (Cracker)လို့လည်း ခေါ်ပါသေးတယ်။ ဟက်ကာ (Hacker) ဆို တာက ကွန်ပျူတာနဲ့နက်ဝေါ့ပိုင်း ကို စိတ်ဝင်စားပြီး စနစ်တွေရဲ့ ဟာ ကွက်ယိုပေါက်တွေကို လိုက်လံရှာဖွေကစားရတာကို ဝါသနာပါတဲ့ ကွန်ပျူတာသမားတွေဖြစ်ပါတယ်။ ဟက်ကာတွေဟာ သူတို့တွေ့ရှိ လိုက်တဲ့ နက်ဝေါ့ဟာကွက်တွေကို သူတစ်ပါးကို အသိပေးမျှဝေဖို့ ဝန်မလေးသူတွေဖြစ်ပြီး သူတစ်ပါးရဲ့ ဒေတာ ပျက်စီးအောင် ဘယ်တော့မှ ရည်ရွယ်လေ့မရှိပါဘူး။
     ခရက်ကာ (Cracker) ဆိုတာကတော့ ရာဇဝတ်မှုမြောက် တဲ့ ရည်ရွယ်ချက်နဲ့ နက်ဝေါ့စနစ် တွေကို ချိုးဖျက်ဝင်ရောက်ကာ လျှို့ ဝှက်ဒေတာတွေကို ခိုးယူအသုံးပြု သူတွေ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်တော့ မသမာတဲ့ဟက်ကာ တွေပေါ့။ ဟက်ကာဆိုတာကို လူဆိုးနဲ့လူကောင်းဆိုပြီး ခွဲခြားထားတဲ့ ဝေါဟာရပါ။
   လူတွေကတော့ လူဆိုး ဟက်ကာတွေကို Black Hat လို့ ခေါ်ကြပြီး လူကောင်းဟက်ကာ တွေကိုတော့ White Hat လို့ ခေါ် တတ်ပါတယ်။ များသောအားဖြင့် တော့ ဟက်ကာလို့ပဲ ခြုံငုံသုံးကြ တာချည်းပါပဲ။ ဘာပဲပြောပြော ဟက်ကင်း ပြုလုပ်တယ်ဆို တာတွေဟာ စူးစမ်း လိုစိတ်က လာတာများတယ်လို့ သု တေသနပြုသူတွေက ဆိုပါတယ်။
   ကွန်ပျူတာတွေ၊ နက် ဝေါ့တွေအကြောင်း သင်ကြားလေ့ လာရင်းက ထပ်ထပ်ပြီးလေ့လာလို စိတ်တွေဖြစ်လာတာပါ။ ကွန်ပျူတာ ရဲ့ အားသာချက်တွေ လေ့လာ ပြီးရင် အားနည်းချက်တွေကိုလည်း ရှာဖွေစူးစမ်းလိုကြတော့ နက်ဝေါ့ တွေကို ဖန်တီးခြင်းကစလို့ ချိုး ဖျက် နည်းတွေအထိ လေ့လာလိုက်စား လာကြလို့ ဒီလို ဟက်ကင်းဖြစ်ရပ် တွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။
   ဒါကြောင့်လည်း နည်း ပညာလောကရဲ့ အန္တရာယ်ကနည်း ပညာသမားတွေပဲဖြစ်လာတာပါ။ နက်ဝေါ့တွေတည်ဆောက်နေတာနဲ့ အမျှလည်း ချိုးဖျက်ခံရဖို့ ရှိနေတာကြောင့် အကာအကွယ်အစီအမံတွေလည်း ပိုလိုအပ်လာပါတယ်။ ဒီလိုဖြစ်ရပ်တွေက မျက်မှောက် နည်းပညာလောကမှာ ဗုံလုံတစ် လှည့် ငါးပျံတစ်လှည့် ဖြစ်နေဦး မယ့်သဘောပါပဲ။
ကလျာအိအိလွင်
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။