ဆီတန်ပိုတင်ဆောင်တဲ့သင်္ဘော ဖမ်းဆီးခံရ
ရွှေသံလွင် ကုပ္မဏီမှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးကျော်ဝင်းမှ ကော့သောင်းမြို့မှတဆင့် မော်လမြိုင်မြို့သို့ one stop service တွင် သွင်းကုန်လိုင်စင် ၁၉၈၇၅ ဂါလံ (75 M.T) ဖြင့် တင်သွင်းခဲ့ဖြစ်ပြီး တပ်မတော်ရေမှ ဖမ်းဆီးစစ်ဆေးချိန်တွင် တန်ပို ဆီဂါလံ ၈၀၀၀၀ ပါဝင် နေကြောင်း သိရပါတယ်။
ပုံမှန်အားဖြင့် အဆိုပါသင်္ဘောသည် ဆီဂါလံ ၁၂၀၀၀၀ ပုံမှန်တင်ဆောင်နိုင်ပါတယ်။ ဒီဇယ်နှင့်ပတ်သက်ပြီး အကောက်ခွန်အပါအ၀င် ဆီတ ဂါလံ ၄၅၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်ကိုပေးဆောင်ရပါသည်။ အဆိုပါ မှောင်ခိုတန်ပိုတင်ဆောင်နေခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် ဘဏ္ဍာအား တဖက်တလမ်းမှ ထိခိုက်စေခဲ့ရပါတယ်။
ဤကဲ့သို့ ကော့သောင်းမှ မော်လမြိုင်သို့ တခါဆင်းလျှင် ၈ ရက်ခန့်ကြာမြင့်တတ်ပြီး အဆိုပါသင်္ဘောသည် ယခင်ကလည်း တလလျှင် ၃ ကြိမ်ခန့် တရားမ၀င်ဆီပိုများကို သယ်ဆောင်လေ့ရှိကြောင်း သိရပါတယ်။
မိုးမခအထောက်တော်
No comments:
Post a Comment