ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ် ထွက်ခွာ
photo- Eleven Media Group)
ထိုင်းလေကြောင်းလိုင်းနဲ့ နိုဝင်ဘာ ၁၂ ရက်ယနေ့ ညနေမှာ ရန်ကုန်ကနေထွက်ပြီး၊ ၁၃ ရက်နေ့မှာ နယူးဒေလီကို ရောက်ပါမယ်။ ၁၄ ရက်နေ့ မနက်မှာ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းနဲ့တွေ့ဆုံမှာဖြစ်ပြီး ညနေပိုင်းမှာ ဂျဝါဟာလာ နေရူးအထိမ်းအမှတ် ဟောပြောပွဲကို တက်ရောက်မှာဖြစ်ပါမယ်။
အိန္ဒိယနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာတင့်ဆွေက နိုဝင်ဘာလ ၁၆ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံ စုစုပေါင်း ၁၀၀၀ ကျော်လောက်ကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ ခရီးစဉ်ထွက်ခွာရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ည ၆ နာရီ မိနစ် ၃၀ ၀န်းကျင်ခန့်တွင် ရောက်ရှိ – photo- ELEVEN Media Group)
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၇ရက်နေ့ မှာ ဘန်ဂါလူလူမြို့ကို သွားရောက်ပြီး Rural Development Project ကို လေ့လာပြီးနောက် Indian Institute of Science က ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပြီး ညနေပိုင်းမှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ လုံခြုံရေးလူငယ် ကိုဇော်မင်းဦးတို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။
Source: RFA
No comments:
Post a Comment