Sunday, October 28, 2012

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း အတွက် EIA နှင့် EMP အစီရင်ခံစာများ ၂၀၁၃ ခုနှစ် မတ်လတွင် ရရှိမည်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ပျက်စီးမှုများ ပြန်လည်ထိန်းသိမ်းရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ သန်း သုံးစွဲမည်ဟုဆို


လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်း အတွက် EIA နှင့် EMP အစီရင်ခံစာများ ၂၀၁၃ ခုနှစ် မတ်လတွင် ရရှိမည်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ပျက်စီးမှုများ ပြန်လည်ထိန်းသိမ်းရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ သန်း သုံးစွဲမည်ဟုဆို   PDF Print
Sunday, 28 October 2012 10:15
AddThis Social Bookmark Button
ကြေးနီတောင် ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်းခွင် တစ်နေရာကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်
841aလက်ပံတောင်းတောင်ကြေးနီ သတ္တုတွင်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု လေ့လာဆန်းစစ်ချက် (Environmental Impact Assessment - EIA)နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အုပ်ချုပ်မှုစီမံချက် (Environmental Management Plan-EMP) အစီရင်ခံစာများကို ၂၀၁၃ခုနှစ်၊ မတ်လတွင်ရရှိနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာလ ၂၃ ရက် နေ့ တွင် ပြုလုပ်သည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ဖြန့်ဝေခဲ့ သည့် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းနှင့် လက်ပံတောင်းတောင် စီမံကိန်းအစီအရင်ခံစာအရ သိရှိရသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် EIA နှင့်EMP များရေးသား တင်သွင်းရန် EMC, Sustainability နှင့် PK စသော ကုမ္ပဏီများသို့ ကမ်းလှမ်းထားကြောင်း၊ စီမံကိန်းလုပ်ငန်း အစီအစဉ်အရ ၂၀၁၃ခုနှစ်၊ မတ်လ တွင် EIA နှင့် EMP အစီအရင်ခံစာများ ရရှိမည်ဟု သိရှိရသည်။
လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကြောင့် ဖြစ် ပေါ်လာမည့် ပတ်ဝန်းကျင်ပျက်စီးမှုများ ပြန်လည်ထိန်းသိမ်းရန် အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ဒသမ၁၂သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
841 “မိုင်းလုပ်ငန်းနဲ့ပတ်သက်လို့ ပတ်ဝန်းကျင် သက်ရောက်မှုတွေကို အားလုံးတာဝန်ယူရမှာပဲ။ မိုင်းလုပ်ငန်း ကြောင့် ပတ်ဝန်းကျင်မထိခိုက်ဘူး ဆိုတာ ရာနှုန်းပြည့်ပြောလို့ မရဘူး။ အနည်းနဲ့အများတော့ ဘာမှမလုပ်တာနဲ့စာရင် ပတ်ဝန်းကျင် နည်းနည်းတော့ ထိခိုက်မှာပေါ့။ ဥပမာ သစ်ပင်တွေ ပါသွားမယ်။ တောင်ကကျင်းဖြစ် သွားမယ်။ အဲဒါတွေရဲ့ effect ဖြစ်တဲ့ ပတ်ဝန်းကျင် ပြည်သူလူထုကျန်းမာရေး မထိခိုက်အောင်၊ စီးပွားရေး မထိခိုက်အောင် လုပ်ပေးရမှာ။ ပြီးရင်ပြီးပြီ ဆိုပြီး ဒီအတိုင်းပစ်ထားခဲ့လို့ မရဘူး။ မိုင်းတွင်းသိမ်းပြီးသွားတဲ့အခါ ပတ်ဝန်းကျင်မထိခိုက်အောင် မိုင်းကျင်းတွေ ကိုမြေဖို့မယ်။ တောင်ကုန်းဖြစ်လာရင် သစ်ပင်တွေ ပြန်စိုက်ပေးမယ်။ ဒါတွေက မဖြစ်မနေလုပ်ရမှာပါ” ဟု မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ပံတောင်း ကြေးနီတောင် စီမံကိန်းကို ၂၀၀၃ခုနှစ်တွင် လုပ်ငန်း စတင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင်စီမံကိန်းစတင်ရန် လက်ပံတောင်းတောင်ခြေ မြေရှင်းလင်းခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရသည့် ဒေသခံများက စီမံကိန်းရပ်ဆိုင်းပေးရန် ဆန္ဒပြမှုများ စက်တင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည်။ သို့သော် စီမံကိန်းအတွက် ရွှေ့ပြောင်းရသူများကို မြေယာနစ်နာကြေးများ တိုးမြှင့်ပေးရန် အစီအစဉ်ရှိပြီး လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းမှ ရွှေ့ပြောင်းပေးခဲ့ရသည့် မြေဧက၄၈၀၀ အတွက် နစ်နာကြေး တစ်ဧကလျှင် ပျမ်းမျှအားဖြင့် ငါးသိန်းနှစ်သောင်း ကျော်ပေးထားပြီး ဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို  မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wanbao Mining Copper Limited  တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
Comments 
 
+8 #6 David1970 2012-10-29 09:20
The government must control- ဦးပိုင်လီမိတက်

Get out Wanbao Mining Copper Limited.

1.12 millions for a year? Very funny!

Where the 1 billion money go?

Don't say for the Country.
ဦးပိုင် never represent to Country.
ဦးပိုင် represent for the retired general.

Destroy the stupid company ဦးပိုင်.

Stupid government do not dare to tough ဦးပိုင်.
How can be clean government?
The country lose.People lose.
U Paing win, The chinese company win.
Very funny.
 
+48 #5 အောင်ဘု 2012-10-28 18:29
ဒီကြေးနီစီမံကိန်းကို ကနေဒါကုမ္မဏီနဲ့ လုပ်ကိုင်ခဲ့တာကြာပြီ ဘာသံမှမကြားခဲ့ရပါဘူး ဒေသခံတွေနဲ့လည်း ဘာပြဿနာမှမဖြစ်ဘူး(လူကျင့်ဝတ်နဲ့အညီ စည်းကမ်းရှိရှိ လုပ်ဆောင်ခဲ့လို့ပါ)
အခု လူလို အကျင့်စရိုက်မရှိတဲ့ ရသမျှခွက်စောင်းခုတ် တယုတ်နဲ့ အခွင့်အာဏာအသုံးချ တိုင်းပြည်မြေပေါ်မြေအောက် ရှိသမျှရောင်းစားနေကြတဲ့ လူစိတ် မရှိတဲ့ကောင်တွေ ပေါင်းပြီးလုပ်မှ ဒီလိုအသံတွေကြားလာရတာ ခွေးငတ်နဲ့ ဖိနပ်ပြတ်တွေ့တဲ့ပွဲ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးတဲ့ အခုမှအသံထွက်လာတယ် ဒါလည်း အမှီးမြှောက်ပြီး အီးပေါက်ပြတဲ့လုပ်ရပ်ပဲ
လူလိုသိပြီး လူစိတ်ရှိရင် စီမံကိန်းစကတည်းက အသိရှိရှိ စနစ်တကျလုပ်ကိုင်ရမှာ ရလာမယ့် စီမံကိန်းအကျိုးအမြတ်ဟာလည်း ခေါင်းစဉ်လှလှပြထားတဲ့ လူတစ်စုကောင်းစားရေး အတွက်ပဲဖြစ်လို့ ဒီစီမံကိန်း လုံးဝ ရပ်ဆိုင်းသွားတဲ့အထိ လူထုအားလုံးပူးပေါင်းဆန့်ကျင် ကန့်ကွက်ကြပါ
 
+29 #4 wa maung 2012-10-28 15:22
တောတွေလည်းပြုံး တောင်တွေလည်းကတုံး
 
+36 #3 Zawtika 2012-10-28 14:53
မိုင်းလုပ်ငန်း ကြောင့် ပတ်ဝန်းကျင်မထိခိုက်ဘူး ဆိုတာ ရာနှုန်းပြည့်ပြောလို့ မရဘူး။
ပြောတော့ပြောချင်သေးတယ်ပေါ့လေ ....

" xxxx .......... xxx ဒါတွေက မဖြစ်မနေလုပ်ရမှာပါ" ဟု မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
မှတ်သားဘွယ်အကောင်းဆုံး သွေးရူးသွေးတမ်း အရူးအနှမ်း စကားများ
 
+34 #2 Zawtika 2012-10-28 14:47
တစ်နှစ်ကို ဒေါ်လာ ၁.၁၂ သန်းနဲ့ သဘာဝကို ထိန်းသိမ်းမတဲ့...
ဟား ဟား ဟား....
မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာတာ ကမှ လုံအုံးမယ်...
 
+29 #1 casperchitoo 2012-10-28 13:15
တစ်နှစ်လုံးအတွက် ဒေါ်လာငွေလေး ၁.၁၂သန်း....
စာရင်းကိုင်ပညာရှင်တွေလိုနေပြီ
ဒါမှမဟုတ် ၁နဲ့၁ ပေါင်းရင် ၂ဖြစ်မှန်းမသိတဲ့ကောင်တွေစုစည်းထားတဲ့အစိုးရပဲ....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။