Sunday, October 28, 2012

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရ


ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရ   PDF Print
Saturday, 27 October 2012 18:32
AddThis Social Bookmark Button
27mtဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

27mt2
ဖြစ်စဉ်မှာ ရန်ကုန်မှ လေးမျက်နှာသို. မောင်းနှင်လာသော ၂ ခ/ ၈၈၁၀ မိဘမေတ္တာ မှန်လုံအမြန်ယာဉ်နှင့် ဟင်္သာတမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာသော TOYOTA TOWNACE အဖြူရောင် ၈ဂ/ ၆၃၆၂ ဘုရားဖူးယာဉ်သည် ဇလွန်မြို.နယ်၊ ကျုံတုံးကျေးရွာအရောက် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည် ၁၁ နာရီအချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
27mt1
ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူနာ ၁၉ ဦးအား ဇလွန်ဆေးရုံသို. ပို.ဆောင်ခဲ့ရပြီး ဇလွန်ဆေးရုံ အရောက် တွင် လူနာ ၁၀ ဦး ( ကျား ၂၊ ကလေး(ကျား) ၂၊ မ ၆ ဦး) သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ ကျန်ရှိသောလူနာ ၉ ဦး ( ကျား ၄၊ မ ၅ ဦး) အနက် ဒဏ်ရာပြင်းထန်သူ ၆ ဦး (ကျား ၂၊ မ ၄ ဦး) အား ဟင်္သာတခရိုင် ဆေးရုံကြီးသို. ဇလွန်ဆေးရုံမှ တစ်ဆင့် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
27mt3
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇလွန်ရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Comments 
+6 #3 Karen 2012-10-28 16:15
Away Hpye Lan Ma kyi????? Smaller than platform .
 
+16 #2 tertee 2012-10-28 08:54
လမ်းတွေကကျဉ်းကျဉ်း...ကားတွေကရမ်းရမ်း..
စည်းမရှိကမ်းမရှိ မိုင်ကုန်တင်မောင်းတယ်
 
+53 #1 naythurein 2012-10-27 19:00
ဓါတ်ပုံထဲကအပျက်အစီးကိုကြည့်လိုက်တာနဲ့
သိသာတယ် နဲနဲလေးမှစိတ်မချရတဲ့ safety...
စံချိန်မှီတဲ့ quality control ???
စက်မှုဇုံထုတ်ကားစီးနေသူများ အတွက်
ဘေးကင်းလှုံခြုံမှု က.....??????

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။