Thursday, September 13, 2012

ကျေးရွာထဲက အိမ်တွေမှာ ရွာသားအနေနဲ့ KIA အဖွဲ့မှ ၀င်ရောက်နေထိုင်

ကျေးရွာထဲက အိမ်တွေမှာ ရွာသားအနေနဲ့ KIA အဖွဲ့မှ ၀င်ရောက်နေထိုင်  

စက်တင်ဘာ (၁၃)

အောင်မြင်သာကျေးရွာမှာရှိတဲ့ အိမ်တွေမှာ ဒေသခံရွာသားအယောင်ဆောင်ကာ စက်တင်ဘာလ(၉) ရက်နေ့က စပြီး KIA အဖွဲ့မှ အဖွဲ့ဝင်(၂၀)ခန့် လာရောက်နေထိုင်လျက်ရှိတယ်လို့ KDN သို့ ပြောလာခဲ့ ပါတယ်။
ဗမာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်တွေကို KIO ခေါင်းဆောင်ကြီးများ အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲခဲ့တဲ့နောက်ပိုင်းမှစပြီး ဗမာစစ်တပ်တွေ ကချင်ပြည်နယ် အတွင်း ပိုက်စိပ် တိုက် ထိုးစစ်ဆင်နေမှုကြောင့် စခန်းငယ်များအနေဖြင့် နေထိုင်ခြင်းမပြုနိုင်တော့ဘဲ တော ထဲမှာ သေနတ်တွေ ထားပြီး ယခုလို ရွာတွေမှာ ၀င်ရောက်နေထိုင်ကာ ဗမာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေတာဘဲ ဖြစ် ပါတယ်။
``ရွာလူကြီးတွေကလည်း သူတို့လာနေတာကို မပြောရဲဘူးလေ သူတို့အုပ်ချုပ်တဲ့ နယ်မြေထဲမှာဆိုတော့ သူတို့ အလိုလိုက်ရတာပေါ့ ရွာသားတွေကိုလည်း ဗမာစစ်တပ်တွေကို သတင်းသွားမပေးဖို့ မှာထားတယ်၊ သူတို့ဒီလို လာနေတာ ဗမာစစ်တပ်တွေ သိသွားရင် တစ်ရွာလုံး မီးရှို့အသတ်ခံရမယ်လို့ ပြောထားတယ်။ 
သူတို့ စားဖို့ သောက်ဖို့ကို ရွာမှာရှိတဲ့ လူတွေအားလုံးစုပြီး တာဝန်ယူပေးရတယ်၊ ပိုက်ဆံလိုရင် ပိုက်ဆံပေါ့၊ တစ်ခါ တစ်လေ သူတို့အဖွဲ့တွေ မူးလာရင် ကျွဲတွေ နွားတွေ သေနတ်နဲ့ပစ်တာတို့ ရွာလူကြီးကို ခေါ်ခေါ် ပြီး နှိပ်စက် တာတွေလုပ်တယ်´´ လို့ ကျေးရွာနေ ဒေသခံတစ်ဦးမှ ပြောပါတယ်။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။