ကျောက်တော်မြို့တွင် ရခိုင်အမျိုးသား တစ်ဦး အသတ်ခံရခြင်း
Rakhine Straight View သတင်းအရ သေဆုံးသူ၏ သားမှ ပေးပို့လိုက်သော ငွေလွှဲကို
လက်ခံရယူပြီး အပြန်တွင် ပိုက်သယ်ရွာအနီးတွင် လည်လှီးပြီး
အသက်ခံလိုက်ရခြင်းဖြစ်သည်။
တိုင်းပြည်အေးချမ်းမှု မရှိသေးသော ပြယုဒ်ပင်။ အစိုးရမှ ထိုလူသတ်တရားခံအား ပြင်းထန်စွာ အရေးယူသင့်သည်။
တိုင်းပြည်အေးချမ်းမှု မရှိသေးသော ပြယုဒ်ပင်။ အစိုးရမှ ထိုလူသတ်တရားခံအား ပြင်းထန်စွာ အရေးယူသင့်သည်။
---
TheBurma
TheBurma
ဦးကျော်မောင်ချေ (အသက်-၆၃)နှစ် ဆိုသူ ရခိုင်သားတစ်ဦး
လည်ပင်းကိုလှီးဖြတ်၍ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ
ဦကျော်မောင်ချေသည် မလေးရှားနိုင်ငံရှိသားထံမှ ပေးပို့လိုက်သော ငွေကို
ကျောက်တော်မြို့မှ ထုတ်ယူပြီး ရွာသို့ပြန်လာစဉ်
လမ်းတွင်အသတ်ခံရခြင်းဖြစ်သည်။ ဦးကျော်မောင်ချေမှာ အဘဦးဖိုးအောင်၏
သားဖြစ်ကြောင်းသိရသည်။ အဆိုပါနေ့က ဦးကျော်မောင်ချေ
ရွာသို့ပြန်မရောက်သဖြင့် အိမ်သားများက ညနေ(၉း၀၀)နာရီခန့်တွင်
ကျောက်တော်မြို့သို့ ဖုန်းဆက်မေးမြန်းရာ ဦးကျော်မောင်ချေမှာ
ညနေ(၅း၀၀)နာရီခန့်ကပင် ကျောက်တော်မှ သရက်အုပ်သို့ပြန်သွားကြောင်း
သိရှိခဲ့ရသည်။ အိမ်သားများမှာ စိုးရိမ်ပူပင်၍ ဆွေမျိုးရွာသား (၆)ယောက်က
ဓာတ်မီးများနှင့် ရွာအပြင်သို့ထွက်၍ လိုက်ရှာခဲ့ကြသည်။ ထို့နောက်
ကျောက်တော်ဘက်သို့သွားရာလမ်းသို့ ထွက်၍လိုက်ရှာကြရာ ရွာမှ
(၁)မိုင်ခန့်အကွာ လမ်းပေါ်တွင် သွေးများတွေ့ရှိခဲ့ကြသည်။
ဆက်လက်၍လိုက်ရှာမည်ပြုကြသောအခါ လမ်းပေါ်မှ (၁)မိုင်ခန့်အကွာ
ပိုက်သည်ကုလားရွာဘက်မှ ဓာတ်မီးအလက် (၂၀)ခန့်၏ မီးရောင်များကိုမြင့်တွေ့ရ၍
မသွားရဲဘဲ ရွာသို့ပြန်လာပြီး ရွာသား(၃၀)ခန့် သွားခေါ်ခဲ့ကြသည်။
ရွာသားများရောက်လာသောအခါ ဓာတ်မီးများကို မတွေ့ရှိရတော့ပေ။ ထို့နောက်
သွေးစက်များအတိုင်းလိုက်ရှာကြရာ ည(၁၁)နာရီခန့်တွင်
ပိုက်သည်ကုလားရွာဘက်ရှိ လယ်ကွက်သုံးကွက်ကျော်၌ လည်ပင်းနှင့် နောက်စေ့ကို
ဓားဖြင့်အခုတ်ခံထားရသော ဦးကျော်မောင်ချေ၏အလောင်းကို တွေ့ရှိခဲ့ရသည်။
ဦးကျော်မောင်ချေမှာ ဒေါ်ယိုင်နုစိန်ဟုခေါ်သော ဇနီးတစ်ယောက်နှင့် သားသမီး
(၇)ယောက်ရှိကြောင်းသိရသည်။ သရက်အုပ်ကျေးရွာသည် ကျောက်တော်မြို့
အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာရှိ ရွာတစ်ရွာဖြစ်သည်။ ရွာသားများမှာ
နေ့စဉ်လိုလို ကျောက်တော်မြို့ပေါ်သို့ ဈေးရောင်း ဈေးဝယ်သွားနေကြရရာ
လမ်းပေါ်မှ တစ်မိုင်ခန့်အကွာရှိ ပိုက်သည်ရွာမှ ကုလားများ၏ လာရောက်ရန်စ
မှုကို မကြာခဏခံကြရသည်ဟုဆိုသည်။ ယခင်က သရက်အုပ်ရွာမှ ကျောင်းသူ/သားများသည်
ကျောက်တော်မြို့ပေါ်သို့ နေ့စဉ် အသွားအပြန် ကျောင်းလာတက်ကြသော်လည်း
ယခုနှစ်တွင် မိဘများမှာ ကုလားရန်ကိုကြောက်၍ မိမိတို့၏ သားသမီးများအား
ကျောက်တော်သို့ ကျောင်းလာမအပ်ကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment