ICAPPအဖွဲ့ဝင်များနှင့်ပြည်သူ့လွှတ်တော်ဥက္ကဌတွေဆုံ
Popular News Journal, 12September 2012 —–
အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP)အဖွဲ့ဝင်များနှင့်ပြည်သူ့လွှတ်တော်
ဥက္ကဌတွေဆုံ နေပြည်တော်၊စက်တင်ဘာ၊၁၂
ပြည်သူ့လွှတ်တော်ဥက္ကဌ
သူရ(ဦး)ရွှေမန်းနှင့်ပြည်ခိုင်ဖြိုးပါတီဝင်(၁၆)ဦးတို့ သည်
အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP)အဖွဲ့ဝင်များနှင့်
ယနေ့နံနက်(၁၀း၃၀)အချိန်တွင် ပြည်သူ့လွှတ်တော်ဇဗ္မူသီင်္ရီခန်းမ၌ တွေဆုံခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးဦး၊ဦးသိန်းဇော်၊ဦးမောင်မောင်သိမ်း၊ဦးလှမြင့်ဦး၊သူရ
ဦးအေးမြင့်၊ဦးသိန်းဆွေ၊ဦးလွန်းသီ၊သူရဦးအောင်ကို၊ဦးစိုးနိုင်၊ဒေါက်တာချမ်းငြိမ်း၊ဦးအောင်ထွန်း၊ဒေါက်တာမြဦး၊ဦးခင်စိုး၊ဦးတင်ဝင်းအောင်၊ဦးမြ၀င်းနှင့်ဦးတင်အောင်ဆွေတို့တတ်ရောက်ခဲ့ပြီး(ICAPP)ဖက်မှာ တွေဆုံသူ ၂၀ဦးရှိသည်ဟုသိရှိရသည်။ ထို့အပြင် ယနေ့နေ့လည် တစ်နာရီအချိန်၌ နေပြည်တော်ကောင်စီ နယ်မြေ၊ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ဆက်လက်တွေဆုံဆွေးနွေးမည်ဟုသတင်းရရှိသည်။
“ICAPP ဆိုတာအာရှတိုက်မှာရှိတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပါတီ၃၄၁ပါတီ ကပါတီဝင်တွေဖွဲ့စည်းထားတာပါ။ပြည်ခိုင်ဖြိုးပါတီနဲ့ကတော့ အသင်းကတည်းက ဆက်သွယ်ကြတာပေါ့။အခုပါတီအဖြစ်တရားဝင်ပြောင်းတော့ လဲသူတို့က
လာတွေ့ချင်တယ်ဆိုလို့ဖိတ်ခေါ်လိုက်တာပါပဲ။သူတို့က အာရှတိုက်ဒေသကြီး တစ်ခုလုံးရဲ့ နိုင်ငံရေး၊စီးပွားရေး၊လူမူရေးတွေတိုးတက်အောင်လုပ်
နေတဲ့အဖွဲ့ပါ။”ဟု ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှုးဦးဌေးဦးကပြောသည်။
စွမ်းရဲထွဋ်

No comments:
Post a Comment