Wednesday, 01 August 2012 13:55 |
ဂျပန် TBS မှ ရန်ကုန်မြို့တော်ခန်းမ အပေါ်ဆုံးထပ်အား ရိုက်ကူးမှုပြုလုပ်ခဲ့မှုများ တွေ့ရစဉ်
“TBS က သတင်းပုံစံမျိုး ၃ မိနစ်စာ ဂျပန်ပြည်သူနဲ့ နိုင်ငံတကာကို ပြသထုတ်လွှင့်ပြသဖို့အတွက် လာရောက်ရိုက်ကူးတာ ဖြစ်ပါတယ်။ သူတို့က ပြန်ကြားရေးဝန်ကြီးဌာန က တစ်ဆင့် ဆက်သွယ်ပြီးလာတာပါ။ အဖွဲ့ကဂျပန် ၃ ပါပါတယ်။ JICA ကတစ်ဦး နဲ့ TBS က နှစ်ဦးပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဌာနမှူးဦးလှမြင့်ဆွေက ပြောပြခဲ့သည်။
အင်္ဂလိပ် မဟာမိတ်တပ်များ မြို့တော်ခန်းမ အပေါ်ဆုံးထပ်တွင်
စစ်ခုံတရားရုံးအဖြစ် အသုံးပြုခဲ့စဉ်
နောက်ပိုင်းတွင် ဂျပန်စစ်တပ် များက ရေတွင်းကုန်းရွာရှိ ရွာသူရွာသားများအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းတို့၏အမှားများကို သိရှိကာ ရွာတွင် မူလတန်းကျောင်း ဆောက်လုပ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ TBS က ဇူလိုင်လ ၂၄ ရက် နေ့နှင့် ၂၅ ရက်နေ့တို့တွင် ရေတွင်းကုန်းရွာသို့ သွားရောက် ရိုက်ကူးခဲ့သည်ဟု သိရသည်။ |
+1
#2
yemaykyi
2012-08-02 09:55
သူတို့ ကျူးလွန်ခဲ့တဲ့
ပြစ်မှုတွေ အတွက် အနည်းနဲ့အများ ပြန်ပေးဆပ်တာဆိုလို့ ဂျပန်လူမျိုးတွေလောက်ပဲ
ရှိမယ်ထင်ပါတယ်။ အရင်စစ်အစိုးရ နဲ့ ပလဲပနံသင့်ခဲ့တဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကရော..။ သူတို့ လုပ်ရပ်ကြောင့် အခုလို
ပြည်သူတွေနစ်နာခဲ့တယ်ဆိုတာ သိရင် အခု ဂျပန်တွေလုပ်သလိုမျိုး ပြန်လည်
ပေးဆပ်နိုင်ကြပါ့မလား။ အကူအညီတွေ ပေးပါ့မလား။
+42
#1
Yangon Darr
2012-08-01 22:50
ဒီသမိုင်း တို့တွေတောင် မသိရပါလားဟ