Wednesday, August 8, 2012

မြန်မာနိုင်ငံတွင် Media Resource Centre ဖွဲ့စည်းရန် IMS ကြိုးပမ်း


မြန်မာနိုင်ငံတွင် Media Resource Centre ဖွဲ့စည်းရန် IMS ကြိုးပမ်း  

သတင်း - ပြည်တွင်း
Media_dd33eee11223မြန်မာနိုင်ငံ၏ Media Resource Centre ဖွဲ့စည်း တည်ထောက်ရေး အစီစဉ်၌ IMS(International Media Support) အဖွဲ့မှ အကူအညီ ပေးနိုင် မည်ဟု ( Myanmar Journalist Network) သတင်းများမှ သိရှိ ရပါသည်။ Media Resource Centre အဖွဲ့ကို ဖွဲ့စည်း ရန်၊ MJA, MJN နှင့် MJU(Myanmar Journalist Association, Myanmar Journalist Network နှင့် Myanmar Journalist Union)တို့က ပြီးခဲ့သည့် ဇန္နာဝါရီလမှ စ၍ အစဉ်လိုက် ဆွေးနွေး ညှိနှိုင်း လာခဲ့ပါသည်။
ရရှိထားသည့် သဘော တူညီမှုများအရ မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် မီဒီယာ အခင်းအကျင်း ပေါ်ထွန်းလာမှု ပိုမိုအား ကောင်းလာစေရန် ပြည်တွင်းမှ စုပေါင်း အားထုတ်၍ Media Resource Centre တစ်ခု ဖြစ်ပေါ်လာစေရန် သဘောတူ ထားသဖြင့် ဤအပေါ်၌ IMS ကကူညီသွားမည်ဖြစ်ပါသည်။
Media Resource Centre ၏ ပိုင်ဆိုင် အုပ်ချုပ်မှုများသည် မြန်မာမီဒီယာအသိုင်းအဝိုင်းများမှ ကိုင်တွယ် ပြုလုပ်ရမည်ဖြစ်ပြီး အစိုးရ မဟုတ်သော၊ လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်လာပါမည်။ MJA, MJN နှင့် MJU တို့သည် Media Resource Centre အတွက် ကနဦး တည်ထောင်ကြသည့် အဖွဲ့အစည်းများ ဖြစ်ရပါမည်။

ဤသို့ကြောင့် (Media Resource Centre) စတင်တည်ထောင်ရန်အတွက် MJN သည် ပထမအဆင့် အနေဖြင့် အောက်ပါ ရွေးချယ်ရမည့် သူများကို ရွေးချယ်ပေးပါရန် အကြံပြုထားပါသည်။
၁။ Board of Directors အတွက် ၂ ဦး အဆိုပြုရွေးချယ်ပေးရန် (Board of Directors အားလုံးပေါင်း ၉ ဦး ရှိမည်။ ၆ ဦးကို ဂျာနယ်လစ်အဖွဲ့အစည်း ၃ ခုမှ ခန့်အပ်မည်။ နောက်ထပ် ၃ ဦးရွေးချယ်မည်။ စုစုပေါင်း ၉ ဦးရှိမည်။)

၂။ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွက် ၁ ဦး အဆိုပြုရွေးချယ်ပေးရန် (ဂျာနယ်လစ် အဖွဲ့အစည်း ၃ ခုမှ တစ်ဦးစီ ပါဝင်မည်)

အဆိုပြု ရွေးချယ်မှု ပြီးစီး သည်နှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲမှ Board of Directors တို့၏ ပထမဆုံး meeting ပြုလုပ်ရန် ရက်သတ်မှတ်မည်။ IMS မှ Board of Directors တို့၏ ပထမဆုံး meeting ကျင်းပသည်အထိ ဖြစ် မြောက်အောင် ပံ့ပိုးဆောင်ရွက်ပေးမည်ဟု သိထားပါသည်။

ထို့ကြောင့် ဖြစ်မြောက် လိုသူများသည် မိမိ၏တင်ပြချက်များကို IMS ဒေသဆိုင်ရာ အကြံပေးသို့ ဆက်သွယ် ကြပါရန်နှင့် ရန်ကုန်မြို့တွင် ရောက်ရှိနေသော သူများအတွက်  Ranga Kalansooriya မှ လူချင်း တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေး သွားပါမည် ဟု သိရှိ ထားပါသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။