KIA/KIO အဖွဲ့မှ နိုင်ငံတော်သမ္မတ ပြောကြားချက်များနှင့်ပက်သက်၍ သဘောတူညီမှုများ မရရှိသေး
သြဂုတ် (၉)
KIA
ဗဟိုဌာနချုပ် (လိုင်ဇာ)မှာရှိတဲ့ လိုင်ဇာဟိုတယ် စတုတ္တထပ်မှာ ပြီးခဲ့တဲ့ သြဂုတ် (၇)
ရက်နေ့က KIO ဥက္ကဌ ဦးဇောင်းဟားရား ဦးစီးပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။
နေ့လည်(၁)နာရီမှာ
ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးကို ကေအိုင်အေ ဗဟိုကော်မတီဝင်တွေနဲ့ တစ် ဘက် တရုတ်နိုင်ငံသား
ကချင်လူမျိုးစုခေါင်းဆောင်တွေနဲ့ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက် ခဲ့တယ် လို့သိရှိရ
ပါတယ်။
အစည်းအဝေးမှာ
ကေအိုင်အေ/ကေအိုင်အိုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂထံသို့ နိုင်ငံတော် သမ္မတ ၏ ပြောကြားချက်တွေကို
အယုံအကြည်မရှိကြောင်း ဦးဒွဲပီချာ က အောက်ပါအတိုင်း ဖတ်ကြားရှင်းလင်း အဆိုပြုခဲ့ပါတယ်။
“
၂၀၁၂ ဇူလိုင်လ ၂၅ ရက် ကနေ သြဂုတ်လ (၅) ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံကို ပြည်ပနဲ့ ကုလသမဂ္ဂမှ
လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားအရေးဆိုင်ရာ အဖွဲ့အစည်း ကိုယ်စား
လှယ် တွေရောက်ရှိခဲ့ကြောင်း ၊ နိုင်ငံတော် သမ္မတနဲ့ တာဝန်ရှိသူတွေဟာ တိုင်းရင်းသားရေးရာနဲ့
ပတ်သက်တဲ့ ကိစ္စတွေဆွေးနွေးခဲ့တာကိုလည်း တွေ့ရှိရ ကြောင်း၊ အဆိုပါ တွေ့ဆုံမှုတွေမှာ နိုင်ငံတော်
သမ္မတက မိမိတို့ ကေအိုင်အို/ ကေအိုင်အေ နဲ့ပတ်သက်ပြီး ပြောကြား ချက်တွေ အများအပြားရှိကြောင်း
၊
နိုင်ငံတော်
သမ္မတ ပြောကြားချက်တွေထဲက ‘ နိုင်ငံတော် အစိုးရဟာ တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပင်လုံညီလာခံတစ်ရပ်ကို
အမြန်ဆုံးပြုလုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
များကိုလည်း အသိပေးအကြောင်းကြားချက်တွေ ပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခြင်း၊
နိုင်ငံတော်မှ သဘောထား ကြီးစွာနဲ့လိုက်လျောမှုပြုလုပ်ခဲ့ခြင်းတွေကြောင့် သဘောတူညီမှုများရရှိခဲ့ပြီး
ဖြစ်သော်လည်း ကေအိုင်အေ / ကေအိုင်အို အဖွဲ့တွေဟာ နိုင်ငံတော်ရဲ့ လက်တွဲခေါ်ဆိုမှုတွေကို
အကြိမ်ကြိမ် ငြင်းဆန်မှုတွေ ပြုလုပ်နေတဲ့ အတွက် ရရှိသင့် သည့်သဘောတူညီမှုများ မရရှိသေးကြောင်း
၊နိုင်ငံတော်အနေနဲ့ ကေအိုင်အို/ကေအိုင် အေ နဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးစားသွားမယ်ဆိုတဲ့
အကြောင်းအရာတွေ အဆိုပြုခဲ့ပါတယ်။
No comments:
Post a Comment