တနင်္သာရီတိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် ငါးပုစွန်၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေရ |
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းရေပြင်တွင် ဖမ်းဆီးရမိသည့်
ငါးပုစွန်များ၏ ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့
တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း
လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။ ''တနင်္သာရီတိုင်းဒေသကြီးမှာ လုပ်ကိုင်နေတဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းဟာ ဖမ်းဆီးရမိတဲ့ငါးပုစွန် ၉၀ ရာခိုင်နှုန်းကို တစ်ဖက်ရနောင်းဆိပ်ကမ်းကို FOB စနစ်နဲ့ ရောင်းချနေရပါတယ်။ ပြန်လာတဲ့အချိန်ကျရင် တစ်ဖက်နိုင်ငံက ရေခဲ၊ ဒီဇယ်ဆီတွေကို ပြန်ဝယ်လာကြတယ်။ ဒေသခံတွေအနေနဲ့ ကမ်းနီးဖမ်းဆီးရမိတဲ့ ငါးတွေကိုပဲ စားသုံးကြရတယ်''ဟု ၎င်းကပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အခြေပြုလုပ်ကိုင်ကြသည့် ပင်လယ်ငါးဖမ်းလုပ်ငန်းများမှာမူ ဖမ်းဆီးရမိသည့် ငါးပုစွန်များကို သက်ဆိုင်ရာ ဆိပ်ခံတံတားများသို့ ပြန်လည်သယ် ယူလာပြီး ပြည်ပ ပို့ကုန်လုပ်ကိုင်သည့် ပြည်တွင်းကုမ္ပဏီများသို့ ရောင်းချခြင်း၊ ငါးပိငါးခြောက်များကို ပြည်တွင်းငါးပိ ငါးခြောက် လုပ်ငန်းရှင်များမှတစ်ဆင့် ပြည်တွင်းဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ငါးမဖမ်းရကာလ သုံးလသတ် မှတ်ထားသော်လည်း ဒေသခံကျေး လက်နေရေလုပ်သားများ စားဝတ်နေရေးနှင့် လူမှုဘ၀အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် ကမ်းနီးလှေများကို ကန့်သတ်ချက်ဖြင့် ဖမ်းဆီးခွင့်ပြုထားကြောင်း သိရသည်။ |
No comments:
Post a Comment