Thursday, August 2, 2012

ဝမ်ဂေါဘွမ်တွင်အခြေခံစစ်သင်တန်းဖွင့်


ဝမ်ဂေါဘွမ်တွင်အခြေခံစစ်သင်တန်းဖွင့် 

       ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၀န်ဂေါဘွမ်မှာ ရှိတဲ့ တပ်မဟာ(၃) ဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀) ရက်နေ့မှစတင်ပြီး အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၂) အား သင်တန်းဖွင့်လှစ် သင်ကြားပို့ချနေတယ်လို့ သိရပါတယ်။ KIA အုပ်ချုပ်တဲ့ ရွာတွေက လူသစ်စုဆောင်းထားတဲ့(၂၅၀)ဦးခန့်ကို သင်တန်းနည်းပြအရာရှိ (၁၅)ဦးခန့်ဖြင့် သင်ကြားပေးနေတာဖြစ်ပါတယ်။
   ဒါအပြင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်ပြီး မိုင်းနှင့်ပတ်သက်တဲ့သင်တန်းတွေ KIA တပ်မာဟာ(၃)ဌာနချုပ်မှာ သင်ကြား ပို့ချလျက်ရှိပါတယ်။

     ဗမာတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားလာတာ(၁)နှစ်ကျော်ကြာခဲ့ပါပြီ။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေစေလွှတ်ပြီး လုပ်ဆောင်နေမပေမယ့် KIA ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ ယခုလိုအင်အားစုပြီး သင်တန်းတွေပို့ချနေတာဟာ ငြိမ်းချမ်းရေးကို မလိုလားဘဲ ဆက်လက်တိုက်ပွဲကို အရှိန်အဟုန်မြှင့်လာတဲ့ သဘောပါဘဲ။ ဒေသခံကချင်တိုင်းရင်းသားတွေအနေနဲ့ကတော့ စစ်တွေဖြစ်ဖို့   ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ရတဲ့အတွက် ပညာရေးကိုဆက်လက်မသင်ကြားနိုင်တဲ့အပြင် အလုပ်ကောင်းကောင်းမလုပ်နိုင်လို့ စားဝတ်နေရေးလည်း ကြပ်တည်းနေကြရပါတယ်။ ဒေသခံတွေကတော့  ငြိမ်းချမ်းရေးရရှိပြီး တိုက်ပွဲတွေမရှိ တော့ဘဲ ကိုယ့်အိမ်ကိုယ့်ရွာမှာဘဲ   အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ချင်တဲ့ ဆန္ဒတွေဖြစ်ပေါ်နေကြ တယ်လို့ သိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။