၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ရရှိမည့် ရွှေသဘာဝဓာတ်ငွေ့အား ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးစက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက် အဓိကအသုံးပြုရန် စီစဉ်ထားပြီး ပိုလျံမှသာ မော်တော်ယာဉ်အတွက် အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရ |
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ရရှိမည့် ရွှေသဘာဝဓာတ်ငွေ့အား
ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးစက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် အဓိကအသုံးပြုမည်ဖြစ်ပြီး ယင်းစက်ရုံများ
အသုံးပြုမှု ပိုလျံမှသာ မော်တော်ယာဉ်များတွင် သဘာဝဓာတ်ငွေ့
အသုံးပြုနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိလည်ပတ်နေသော တီကျစ်ကျောက်မီးသွေးစက်ရုံ တစ်ရုံရှိပြီး ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၅ ရုံရှိပြီး ဓာတ်အား ၇၁၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး သဘာ ၀ဓာတ်ငွေ့ အသုံးပြုခွင့်ပေးအပ်ထားသည့် မော်တော်ယာဉ်အစီးရေ ၂၇၄၇၂ စီးအထိရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၅ ရုံရှိနေသော်လည်း မကွေးတိုင်းဒေသကြီးရှိ ကျွန်းချောင်းနှင့် မင်းဘူးမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ လေးရုံနှင့်၊ ပဲခူးတိုင်းဒေသကြီးရှိ ရွှေတောင်မြို့နယ် သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံအား သဘာဝဓာတ်ငွေ့ မရရှိသဖြင့် လည်ပတ်မှု ရပ်ဆိုင်းထားသည်မှာ ငါးနှစ်ခန့် ကြာမြင့်နေပြီး အဆိုပါစက်ရုံ ငါးရုံ ပြန်လည်လည်ပတ်နိုင်ရန် ကုန်းတွင်းဓာတ်ငွေ့ကုဗပေ ၂၄ သန်းနှင့် ကမ်းလွန်ဓာတ်ငွေ့ ကုဗပေ ၁၁ သန်း နေ့စဉ်လိုအပ်ကာ တစ်နေ့လျှင် ဓာတ်အား ၆၉ မဂ္ဂါဝပ်အား ပင်မဓာတ်အားလိုင်းသို့ နေ့စဉ်ပို့လွှတ်နိုင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ပေးအပ်ထားသည့် မော်တော်ယာဉ် အစီးရေ ၂၇၄၇၂ စီးအတွက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၅ ဖြင့် နေ့စဉ် ကုဗပေသန်း ၆၀၀ ခန့် ဖြန့်ဖြူးရောင်းချပေးနေပြီး ညောင်တုန်း၊ အဖျောက်၊ရေနံချောင်း၊ ချောက်၊ သာကြီးတောင်နှင့် လက်ပံတို ရေနံမြေများမှ အဓိကထုတ်ယူနေကြောင်း သိရှိရပါသည်။ မော်တော်ယာဉ်များတွင် စီအန်ဂျီ သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်းအား ၂၀၀၈ ခုနှစ်မှ စတင်ကာ ရပ်ဆိုင်းခဲ့ပြီး ထိုသို့ ရပ်ဆိုင်းခဲ့သဖြင့် တရားမ၀င် စီအန်ဂျီပြောင်းလည်း တပ်ဆင်မှုများပေါ်ပေါက် ခဲ့ကာ စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှရရှိမည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် သဘာဝဓာတ်ငွေ့ဖြင့် ၂၀၁၃ တွင် စီအန်ဂျီသဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲ တပ်ဆင်ခြင်းအား ပြန်လည်ခွင့်ပြုမည့်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။ ''မော်တော်ယာဉ်တွေမှာ စီအန်ဂျီ သဘာဝဓာတ်ငွေပသုံးယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်ခြင်းကို ပြန်လည်ခွင့်ပြုဖို့က ဦးစားပေး အစီအစဉ် မဟုတ်ပါဘူး။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အစမှာ မြန်မာနိုင်ငံကရမယ့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းရဲ့ သဘာဝဓာတ်ငွေ့ကို ဘိလပ်မြေစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအတွက် အဓိက အသုံးပြုမှာဖြစ်ပါတယ်။ ဒီစက်ရုံတွေ သုံးလို့ပိုမှ မော်တော်ယာဉ်တွေမှာ သဘာဝဓာတ်ငွေ့ အသုံးပြုနိုင်မှာပါ''ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလောကာလတွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ၀န်းကျင် ပေးအပ်နေကြောင်းလည်း သိရှိရပါသည်။ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ၄ ဒသမ ၅ ထရီလျံမှ ၇ ဒသမ ၇ ထရီလျံအထိ ရရှိနိုင်ပြီး တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ခန့် ရရှိနိုင်ကာ မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗ ပေသန်း ၁၀၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် အနာဂတ်ကာလအတွက် ရှာဖွေနေသည့် ရခိုင်ကမ်းလွန်လုပ်ကွက်၊ မုတ္တမကမ်းလွန်လုပ်ကွက်၊ တနသာင်္ရီကမ်းလွန် လုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေနေပြီး ထပ်မံတွေ့ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား ပြည်တွင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေးက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ |
+11
#1
sans
2012-08-01 16:08
ဘာဘဲ ပြောပြော
တရုတ်လုပ်ထားတဲ့ ပိုက်လိုင်းကိုကည့်ပြီးစိတ်မကောင်းမိတာ
အမှန်ဘဲ။ကိုယ်မြေကို ကျူးကျော်ပြီးဆောက်ထားတာ မြန်မာ ပြည်၂ပိုင်းကွဲနေ တာ
စိတ်ထဲ တမျိုးဘဲ။