ပါကစ္စတန်တွင် စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာ |
|
|
Thursday, 16 August 2012 12:32 |
အိန္ဒိယတွင် ကြုံတွေ့ခဲ့ရသော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် ကမ္ဘာတွင် အဆိုးဆုံးဖြစ်ခဲ့ဖွယ် ရှိသော်လည်း အိမ်နီးချင်းပါကစ္စတန်သည် မှားယွင်းသော စီမံခန့်ခွဲမှုကို နှစ်ပေါင်းများစွာ ကြုံခဲ့ရပြီးနောက် ဆိုးရွားလှသည့် စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ပါကစ္စတန်ဝန်ကြီးချုပ်သစ် သည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပြဿနာကို ထိပ်တန်းဦးစားပေးဖြစ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း က တိပေးခဲ့ပြီးနောက် ၆ ပတ်အကြာတွင် ပါကစ္စတန်၏ လျှပ်စစ်ဓာတ် အားပြတ်တောက်မှုသည် မြို့ပြဒေသများတွင် တစ်ရက် ၁၆ နာရီထိ ကျေးလက်ဒေသများတွင် တစ်ရက် ၂၂ နာရီထိ ရှိလာသည်။ အိမ်နီးချင်းအိန္ဒိယတွင် နှစ်ရက်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သော်လည်း ပါကစ္စတန်တွင်မူ နေ့စဉ်လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်။ အခြေခံ အဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ ကာလတို ဖြေရှင်းမှုအပေါ် မှီခိုနေပြီး ရေရှည် စီမံကိန်းမရှိခြင်း၊ ခေါင်းဆောင်မှုမရှိခြင်း၊ အကျင့်ပျက်ခြစားမှုတို့က ပါကစ္စတန် စွမ်းအင်အကျပ်အတည်း ကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ပြင် ယခုနှစ်၌ အပူချိန်မှာ ၅၀ ဒီဂရီဆဲလ် ဆီယပ်ထိ မြင့်တက်နေခဲ့ရာ နွေ ရာသီတွင် စွမ်းအင်လိုအပ်ချက်မှာ ၁၈၀၀၀ မီဂါဝပ်ခန့်ထိ ရှိနိုင်သည်။ သို့သော်လည်း စွမ်းအင်ကုမ္ပဏီများ က မီဂါဝပ် ၁၃၀၀၀ မှ ၁၄၀၀၀ ထိသာ ဖြန့်ဖြူးပေးနိုင်သည်။ အစိုးရ၏ စီမံကိန်းကော်မရှင်က ဓာတ်အား ပြတ်တောက်မှုကြောင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး တိုးတက်မှု၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းခန့်ထိ ထိခိုက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ စွမ်းအင်ပြတ်တောက် မှုအတွက် အဓိကပြဿနာမှာအကြွေး သံသရာပြဿနာဖြစ်ကြောင်းကော်မ ရှင်က ဆိုသည်။ ၂၀၀၁-၂၀၁၂ ခု နှစ်တွင် ကြွေးမြီ ဒေါ်လာ ၄ ဒသမ ၄ ဘီလျံထိ ရှိကြောင်းကော်မရှင်က ဆိုသည်။ စွမ်းအင်ဈေးနှုန်းကိုအစိုးရ ကလျှော့ချထားမှုနှင့် သုံးစွဲသူများကပေး ဆောင်ရန် ပျက်ကွက်ခြင်းတို့ကြောင့် အစိုးရကအကြွေးတင်ကာ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားကုမ္ပဏီများကို ကြွေး မပေးနိုင်တော့သည့် ပြဿနာကို ကြုံ တွေ့နေရခြင်း ဖြစ်သည်။ “မပြတ်သားမှုကနေ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းပါ။ ဆုံးဖြတ်ရမယ့်အချိန်မှာ မဆုံးဖြတ်နိုင်ခဲ့တဲ့ ဖင့်နှေးမှုကနေ မွေးဖွားလာတဲ့ အကျပ်အတည်းပါ” ဟု စီမံကိန်းကော်မရှင်မှ စွမ်းအင်ဆိုင်ရာ အဖွဲ့ဝင်ရှာဟစ်ဆက် တာက ပြောကြားခဲ့သည်။ ဒေါ်လာ ၁၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည့် Diamer Bhasha ဆည်ကဲ့သို့သော စီမံကိန်းကြီးများသည် လျှပ်စစ်ဓာတ်အား ၄၅၀၀ မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်သော်လည်း ထိုစက်ရုံများမှာ လာမည့် ၅ နှစ် ၆ နှစ်ထိ လည်ပတ်နိုင်ဦးမည် မဟုတ်ပေ။ မြစ်များ၊ တောင်ကြားများမှ ရေအားလျှပ်စစ်မီဂါဝပ် ၅၀၀၀၀ ကျော် ထုတ်လုပ်နိုင်ဖွယ် ရှိသော်လည်း ရေအားလျှပ်စစ်မှာ တစ်နှစ်ပတ်လုံး ထုတ်လုပ်ရန် ယုံကြည်စိတ်ချရမှု မရှိကြောင်း ဆက်တာက ပြောခဲ့သည်။ ပါကစ္စတန်အစိုးရက နျူကလီးယားမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စိတ်ကူးနေသည်။ လောလောဆယ်တွင် ပါကစ္စတန်၌ လျှပ်စစ်ဓာတ်အား ၇၄၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော နျူကလီးယား ဓာတ်အားပေး စက်ရုံသုံးရုံလည် ပတ်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် နျူကလီးယားမှ လျှပ်စစ်ဓာတ်အား ၈၈၀၀ မီဂါဝပ်ထိ ထုတ်လုပ်မှုတိုးချဲ့ရန် စီစဉ်နေသည်။ ပါကစ္စတန်သည် ၂၀၁၇ ခုနှစ် မတိုင်မီ လျှပ်စစ်ဓာတ်အား ၆၈၀ မီ ဂါဝပ်ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်း ဖိုနှစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန် အဏုမြူစွမ်းအင် ကော်မရှင်က ပြောကြားထားသည်။ လူဦးရေသန်း ၁၈၀ ရှိသော ပါကစ္စ တန်သည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မီဂါဝပ် ၁၅၀၀ ခန့်တိုးတက်နေပြီး တစ်နှစ်လျှင် ဂျီဒီပီ၏ ၇ ဒသမ ၅ ရာခိုင်နှုန်း ခန့်ကို စွမ်းအင်တင်သွင်းရန် အတွက် သုံးစွဲနေသည်။ Ref:AFP အစ္စလာမ်မာဘတ်မြို့တွင် ဇူလိုင်လ ၃၁ ရက်က မီးပျက်စဉ် ဈေးဝယ်သူများကို စောင့်ဆိုင်းနေသော ဆိုင်ရှင်တစ်ဦးကို တွေ့ရစဉ် Photo:AFP |
+14
#1
professor demon
2012-08-17 16:00
တို့ မြန်မာလောက် ဆိုးလို့ လား