Tuesday, August 21, 2012

ပြည်ထောင်စုဝန်ကြီးများဧ။် ပိုင်ဆိုင်မှုများကို တရားဝင် ကြေညာသင့်



ပြည်ထောင်စုဝန်ကြီးများဧ။် ပိုင်ဆိုင်မှုများကို တရားဝင် ကြေညာသင့် 
-အရာရှိကြီးတစ်ဦး၊နေပြည်တော်
-၁၈.၈.၂၀၁၂
နိုင်ငံတော်အစိုးရ ပြည်ထောင်စုဝန်ကြီးများဧ။် ပိုင်ဆိုင်မှုများကို တရားဝင် ကြေညာသင့် ပါတယ်။
သမ္မတကြီး ပြောပြောနေတဲ့ အောက်ခြေ ဝန်ထမ်းများ အဂတိ လိုက်စားမှုတွေ ပပျောက်ရေး အတွက် အပေါ်ပိုင်း ဝန်ကြီးတွေမှ စံပြအဖြစ် ပိုင်ဆိုင်မှုများကို ကြေညာပြီး အဂတိကင်းရှင်းကြောင်း သက်သေပြ သင့်ပါတယ်။
စက်မှုဝန်ကြီးလည်းမီဒီယာတွေကိုပြောခဲ့တယ်။
၎င်းတို့ကိုယ်တိုင်အဂတိလိုက်စားခဲ့ရင် ကိုယ်တိုင် အရေးယူမယ်လို့ ကြွေးကြော်ခဲ့တယ်။
ဒါဆိုရင်ပိုင်ဆိုင်မှုကိုလည်းတရားဝင်ကြေညာရမှာဖြစ်တယ်။
အဂတိကင်းရှင်းရေးအတွက်ဒါက ပထမအဆင့် ဖြစ်ပါတယ်။
ဥပဒေမှာတိတိကျကျ မပါသေးရင် အခြေခံ ဥပဒေကို ပြင်ဆင်ထည့်သွင်း ရမှာဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှာလည်း တာဝန်အပြည့်ရှိပါတယ်။

Good Governance and Clean Government ဖြစ်ဘို့ ဆိုရင် အစိုးရအပေါ်ပိုင်းဝန်ကြီးတွေကအရင် ပိုင်ဆိုင်မှုတွေ တရားဝင် ကြေညာပြီး အဂတိ လိုက်စားမှု ကင်းရှင်းရေး အရင်ဆောင်ရွက် ရမှာဖြစ်ပါတယ်။
အချို့ဝန်ကြီးတွေဆိုမဖြစ်မနေပြောင်းလဲပစ်မှ ရပါလိမ့်မယ်။
ဝန်ကြီးဌာနတွေ အတွင်းမှာလည်း အဆင့်ဆင့်သော ဝန်ထမ်းများအား ပြောင်းလဲ ဖွဲ့စည်းမှုတွေလုပ် ရပါမယ်။

အချုပ်အားဖြင့်-
(၁)နည်းပညာအရည်အချင်းအလိုက် လူမှန်နေရာမှန် ရာထူးများရှိစေရေး ပြန်လည်စီစစ် ပြောင်းရွေ့ ချထားဖွဲ့စည်းခြင်း။

(၂)လစာနှင့်ရပိုင်ခွင့်အခွင့်အရေးများတူညီမျှတစေရေး၊(၂)သီးစား (၃)သီးစား မညီမျှမှုများ မရှိစေရေး ပြန်လည်ပြင်ဆင် သတ်မှတ်ခြင်း။

(၃)နီးစပ်ရာတပည့်သားမြေးများဖြင့် အုပ်စုဖွဲ့နေရာယူ၍လုပ်ပိုင်ခွင့်ထိန်းချုပ်ထားမှုများမရှိစေရေး အတွက် ပြန်လည်ဖယ်ရှားခန့်ထားခြင်း။

(၄)ဝန်ကြီးဌာနအကြီးအကဲနှင့်ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင်ပိုင်ဆိုင်မှုများတရားဝင်ကြေညာ၍ အဂတိလိုက်စားမှုလုံးဝမရှိစေရေးလိုက်နာဆောင်ရွက်ခြင်း။

(၅)ဝန်ကြီးဌာနဝန်ထမ်းများနှင့်ပြည်သူများမှအယုံအကြည်မရှိသော၊ ကိုယ်ကျင့်သိက္ခာ မရှိသော၊ အဂတိ မှုနှင့် နာမည်ပျက်ရှိနေသော ပြည်ထောင်စုဝန်ကြီး များအား ဖယ်ရှား၍ အသစ်ပြန်လည် ပြင်ဆင်ခန့် ထားခြင်း။
တို့ကိုမဖြစ်မနေဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးဖေါ်ပြအပ်ပါသည်။


- အရာရှိကြီးတစ်ဦး၊နေပြည်တော် -

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။