မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေကူမြို့နယ်အတွင်း တံတားတစ်စင်းရေတိုက်စားခံရ
သြဂုတ် (၂၀)
ကချင်ပြည်နယ်၊
ရွှေကူမြို့နယ်အတွင်း သြဂုတ်လ(၁၉)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
နမ့်ဖား ချောင်းတောင်ကျရေများ ဒလဟောကျဆင်းလာပြီး
ငါးဘတ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ပန်းတင်ကျေး ရွာရှိ လယ်ဧက (၁၀၀)ကျော်
ရေနစ်မြုပ်ခဲ့ပြီး ငါးဘတ်ကြီးကျေးရွာအ၀င် တံတား မှ ရေတိုက် စားခြင်း
ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါတံတားတံတား၏
ကမ်းကပ်မြေသားနှစ်ဖက်အား ရေတိုက်စားမှုကြောင့် ယာဉ်ကြီး/ငယ်များသာ သွားလာ၍
မရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ရွှေကူမြို့နယ်၊ စီသာကျေးရွာအတွင်း ပေါင်း
နက်ချောင်း တောင်ကျရေတိုက်စားမှုကြောင့် တာဘောင်ကျိုးပေါက်ကာ လယ်ဧက(၉၀)ကျော်
ထပ်မံနစ်မြုပ်ခဲ့ ပါတယ်။
ရေလွှမ်းမိုးသွားတဲ့
လယ်နဲ့တာဘောင်ကျိုးပေါက်မှုတွေကိုတော့ မြို့နယ်တာဝန်ရှိသူများ မှ ပြန်
လည်ပြုပြင် နေကြောင်းနှင့် တံတားများပျက်စီးမှုအား
မြို့နယ်ဆောက်လုပ်ရေးတာဝန်ခံများသို့ ပြင်ဆင်ပေး ရန် စီစဉ်
ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment