မြန်မာက ပေးဆပ်ရန် ရှိသည့် အတိုးများ ကမ္ဘာ့ဘဏ်က လျှော်ပေးရန်ရှိ:
ရွှေဟင်္သာသတင်းဌာန. ၂ရက်နေ့ သြဂုတ် ၂၀၁၂ —- ကမ္ဘာ့ဘဏ် အပေါ် တင်ရှိနေသော အကြွေးဒေါ်လာ သန်း (၄၀၀) အတွက် အတိုးများအား လျော်ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အာရှ ဖစိဖိတ် ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ Pamela Cox က ယမာန်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သွားပါသည်။
“ကျွန်မတို့က အကြွှေးဟောင်းကို လျှော်ပေးတာ မဟုတ်ဘူး အကြွေးရဲ့ အတိုးကိုဘဲလျှော်တာပါ။ နောက်ထပ်ဖြစ်လာမဲ့ အတိုးကိုတော့ ပေးဆပ်သွားရမှာပါ” ဒါပေမယ့် ဒီထက် ပိုအရေးကြီးတာက ဒီနိုင်ငံရဲ့ နိုင်ငံသားတွေပါ၊ ကျွှန်မတို့ သူတို့ ဘဝလေးတွေရဲ့ အနာဂါတ်တွေ ပိုပြီး ကောင်းမွန်အောင် ကူညီ လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒုဥက္ကဋ္ဌ Pamela Cox က သတင်းထောက် များအား ပြောကြား ခဲ့ပါသည်။
တင်ရှိနေသော အတိုးများ လျှော်ပြီးပါက မြန်မာနိုင်ငံ၏ အခြေခံ လူတန်းစား အဖွဲ့အစည်းများအား အထောက်အပံ့ ဖြစ်စေ ရေးနှင့် နိုင်ငံ ဖွံဖြိုး တိုးတက်ရေး စီမံကိန်းများ၌ သုံးစွဲနိုင်ရန် အမေရိကန်ဒေါ်လာ ၈၅ သန်းကိုလည်း ထပ်မံ ချေးပေးလိမ့် မည်ဖြစ်သည်။
ထိုချေးငွေ အသစ်များကို စာသင်ကျောင်း၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေး စသည့် လူထုများအားတိုက် ရိုက် အကျိုးသက်ရောက်စေသော လုပ်ငန်းများ၌သာ အသုံးပြုရမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ ရုံးခန်းသစ်ကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရုံးသစ် ဖွင့်လှစ်ရခြင်းနှင့် ပါတ်သက်ပြီး ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Young Kim က “ကျွှန်တော်တို့ဟာ ဆင်းရဲနွှမ်းပါးမှုကို အပြီးတိုင် အမြစ်ဖြတ် နိုင်ဖို့ပါ၊ အာရှရဲ့ ဆင်းရဲသား လူတန်းစား တစ်ရပ်ကို ပိုမို ထိတွေ့ ဆက်ဆံ နိုင်မယ့် အခွင့် အရေးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်” ဟုကြေငြာချက် ထုတ်ပြန် ပြောကြား ခဲ့ကြောင်း AFP တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်အား အမေရိကန် ဒေါ်လာ ၃၉၇ သန်း အကြွေးပေးဆပ်ရန် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် အာ ရှဖွံ့ဖြိုးရေးဘဏ် ADP ကိုလည်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ နီးပါး ကြွေးတင်လျှက် ရှိသည်။ ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအား ချေးငွေ ပေးအပ် ခြင်းကို ရပ်ဆိုင်း ခဲ့ပါသည်။
Written by ရွှေဟင်္သာသတင်းဌာန
No comments:
Post a Comment