အိုလံပစ် က ပေးတဲ့ သင်ခန်းစာ
၂၀၁၂ လန်ဒန်
အိုလံပစ်ပွဲ က စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ အတူ
ပြီးသွားပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီး က အိုလံပစ် ဆုရှင်တွေ၊ ကမ္ဘာ့စံချိန်တင်ခဲ့
သူတွေ က လည်း အသီးသီး ပေါ်ထွက်လာခဲ့တယ်။ အိုလံပစ်မှာ ပါဝင်ဆင်နွဲခဲ့ကြသူတွေ ထဲမှာ အသက်
၁၅ နှစ် အရွယ်တွေတောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ပါဝင်ယှဉ်ပြိုင်ကြယုံမက ရွှေ တံဆိပ်ဆုတွေ
နှင့် ကမ္ဘာ့စံချိန်တွေ ကိုတောင် ဆွတ်ခူးနိုင်ခဲ့ကြတယ်။
ဒီအထဲမှာ
အမေရိကန် နိုင်ငံ မေရီလန်းပြည်နယ်က ရေကူးမယ်လေး ကေတီ ဟာ အသက် ၁၅ နှစ်နဲ့ မီတာ ၈၀၀ အလွတ်ရေးကူးပြိုင်ပွဲမှာ
ရွှေတံဆိပ်ဆွတ်ခူးခဲ့သလို၊ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၁၇ နှစ်သာရှိသေးတဲ့
အထက်တန်းကျောင်းသူလေး မစ်ဆီဖရန့်ကလင်းဟာ လည်း ၂၀၁၂ လန်ဒန် အိုလံပစ် ရေကူးပြိုင်ပွဲမှာ
ရွှေတံဆိပ်လေးဆု အပါအ၀င် ကမ္ဘာ့ စံချိန်သစ်တွေ ကို တင်ကာ အောင်မြင်ကျော်ကြား လူသိများသွားခဲ့တယ်။
၂၀၁၂ လန်ဒန်
အိုလံပစ်ပွဲ မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့
သူတွေ ဟာ အထက်တန်းကျောင်း နှင့် တက္ကသိုလ်တွေ
က ပေါက်ဖွားလာခဲ့ကြတဲ့ လူငယ်တွေဖြစ်ကြ သလို၊ အားကစား
မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကို အားပေးခြင်း၊
အရေးတယူ တာဝန်ယူ ပံ့ပိုးကူညီဆောင်ရွက်မှုတွေ ကို လုပ်ခဲ့ကြလို့လည်း ဒီနိုင်ငံတွေမှာ
ကမ္ဘာ့ အားကစား ထူးချွန်တဲ့ သူတွေ ကို မွေးထုတ်နိုင်ခဲ့ကြတယ်။ ကမ္ဘာမှာ ထူးချွန်တဲ့ အားကစား
သမားတွေ ဟာ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေက နေ ပေါက်ဖွားလာကြတာ ဖြစ်တယ်ဆိုတာကို
သမိုင်းမှတ်တိုင်အဖြစ် အိုလံပစ်ပွဲတိုင်း မှာ မီးမောင်းထိုး သက်သေပြနေတယ်။
မြန်မာနိုင်ငံမှာ
ဆယ်စု နှစ် နှစ်ခု အဝေးသင်တက္ကသိုလ်၊ ဖုယောင်းတိုင် ပညာရေးစနစ် ကနေ ကြီးပြင်းလာကြတဲ့
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အိုလံပစ်ပွဲ မှာ မပါဝင်နိုင်ခဲ့ကြရတာကတော့ အထူးအဆန်းတော့
မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူတွေ နှင့် လူငယ်တွေ ဟာ လေ့ကျင့်ရေးစခန်းတွေ၊
နည်းပညာပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်မှုတွေ၊ အားကစားဆိုင်ရာ ထောက်ပံ့မှု တွေနဲ့ ဝေးခဲ့ရတာ
ရာစု နှစ် တ၀က်ကျော် ဖြစ်ခဲ့ကြတယ်။ တချို့ မြန်မာလူငယ်တွေ ဟာ အားကစား မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့နေနေသာသာ
က အဝေးရောက်ထောင်တွေ နှင့် ဒုက္ခသည်စခန်းတွေ
မှာ ဆယ်စုနှစ် နှစ်စု ကြီးပြင်းခဲ့ကြရတယ်။
စစ်အစိုးရ
အာဏာ တည်မြဲရေးအတွက် ၊ ဆယ်စု နှစ် နှစ်ခု ပညာရေး နှင့် လူငယ် အားကစား အခန်းကဏ္ဍ ကို ဘုန်းဘုန်းလဲကျအောင်
ဖျက်ဆီးခဲ့ကြလို့ လည်း အိုလံပစ်ပွဲတိုင်းမှာ
မြန်မာနိုင်ငံ က ထူးချွန်တဲ့ အားကစားသမား တွေ မပေါက်ဖွားနိုင်ခဲ့ဘူးဆိုတာ မီးမောင်းထိုးပြနေတယ်။
ကျိန်းသေတာကတော့
မြန်မာ အားကစား ကမ္ဘာ ကို မ လွှမ်းခဲ့ပေမဲ့ မြန်မာ့ အာဏာရှင်စနစ် ကတော့ ကမ္ဘာ ကို လွှမ်းစေခဲ့တာတော့
အမှန်ပဲ။
No comments:
Post a Comment