Wednesday, January 30, 2013

အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား


အောက်ခြေမှ ပါဝင်ရေးဆွဲသည့် စာနယ်ဇင်း ဥပဒေ ပေါ်ထွက်လာတော့မည်လား 

ရန်ကုန်မြို့ရှိ ဂျာနယ်အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း


Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း 
Written by   
Wednesday, 30 January 2013 14:52
AddThis Social Bookmark Button
w1-30-1-8
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။

Tuesday, January 29, 2013

ယုံလွယ်သူများ


ယုံလွယ်သူများ


 သိပ်မကြာခင်က ဖေ့ဘွတ်ပေါ်မှာဘုမသိဘမသိ ရှဲကြတဲ့သူတွေ ဆဲကြတဲ့သူတွေနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှကန်းကြရှာသူများဆိုပြီး ရေးခဲ့ဖူးပါတယ်။ အခုကျနော်ထပ်ပြီးဆက်စပ်စဉ်းစားကြည့်မိတယ်။ တကယ်တမ်းကျတော့ ကျနော်တို့လူမျိုးတွေ အဲသလောက်မရိုင်းပါဘူး။ အဲဒီတုန်းကဆဲခဲ့တဲ့သူတွေ၊ ရှဲခဲ့တဲ့သူတွေထဲမှာ တကယ်ကိုစိတ်ထား ယုတ်ယုတ်မာမာနဲ့ သူများသားသမီးစော်ကားလိုတဲ့စိတ်နဲ့လုပ်တဲ့သူတွေပါနိုင်ပေမယ့် အများစုကတော့ လှုံ့ဆော်ခံရတဲ့မျိုးချစ်စိတ်ကြောင့် အဲလိုမျိုးတွေလုပ်တာဖြစ်နိုင်တယ်လို့စဉ်းစားမိတယ်။ အဲလိုကျတော့ သူတို့ကိုစိတ်မတိုမိတော့ဘဲ အယုံလွယ်လွန်းလို့ သူများအသုံးချခံရတဲ့ အဲလိုလူတွေကိုသနားမိတယ်။ အဲဒီကနေမှ ကျနော်တို့လူမျိုးတွေအများအားဖြင့်တွေ့ကြုံနေရတဲ့ ပြဿနာအစစ်ကိုသွားတွေ့မိတယ်။ အဲဒါကတော့ အယုံလွယ်ခြင်းပါပဲ။

အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ


အမျိုးသမီးတွေ ဘာကြောင့် ငရုပ်သီးမှုန့်နဲ့ ဓား ဆောင်နေကြတာလဲ 

  ဓာတ်ပုံ-The Times of India
 အိန္ဒိယနိုင်ငံ မွန်ဘိုင်းက အမျိုးသမီးတွေကို မုဒိန်းကောင်တွေရဲ့ အန္တရာယ်ပေးမှုက ခုခံကာကွယ်နိုင်
အောင် ငရုပ်သီးမှုန့်နဲ့ ဓားတွေ ဆောင်ထားဖို့ အိန္ဒိယနိုင်ငံက နိုင်ငံရေး ပါတီကြီးတခုက ဝေငှပေးဝေနေပါ တယ်။

အခုလို အမျိုးသမီးတွေ ငရုပ်သီးမှုန့်နဲ့ ဓားဆောင်ဖို့ ဖြစ်လာရတာက လွန်ခဲ့တဲ့ လတုန်းက ဒေလီမြို့ မှာ ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်လို့ နောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရတာကြောင့် အိန္ဒိယ တနိုင်ငံလုံးမှာ အံုံကြွ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတာပါ။ 

ကချင်စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ ရာနှင့်ချီရှိ


ကချင်စစ်ဘေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်သူ ရာနှင့်ချီရှိ 

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးပုန်းရှောင်နေသော ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသော စစ်ဘေးသင့် ဒုက္ခသည်များ ရာနှင့်ချီနေပြီး တချို့နေရာများတွင် သေဆုံးမှုများအထိ ရှိလာကြောင်း သိရသည်။
ယခု ဇန်န၀ါရီလဆန်းပိုင်းက စတင်ပြီး ၀မ်းပျက်ဝမ်းလျှောမှုများ ဖြစ်လာကာ မကြာသေးခင်က လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းမှ ကလေး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ဆေးရုံသို့ သွားရောက်ကြည့်ရှုတိုင်းတွင် ၀မ်းပျက်ဝမ်းလျှော ဖြစ်နေသည်ကိုသာ တွေ့နေရကြောင်း ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆက ပြောသည်။

အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှု ပြစ်ဒဏ်များ ပယ်ဖျက်မည်


အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှု ပြစ်ဒဏ်များ ပယ်ဖျက်မည် 

မန္တလေးတွင် အင်တာနက် အသုံးပြုနေကြသည့် ဒေသခံများ (ဓာတ်ပုံ – မန်းသာလေး/ ဧရာဝတီ)
စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို  အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက် ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

“ဝ”ကို လက်နက်မရောင်းဟု တရုတ် ငြင်း


“ဝ”ကို လက်နက်မရောင်းဟု တရုတ် ငြင်း

တရုတ်လုပ် PTL02 ဘီးတပ်တင့်ကားများ UWSA က ရရှိခဲ့ကြောင်း စစ်ဘက်ရေးရာ မဂ္ဂဇင်း “ဂျိန်းစ် ထောက်လှမ်းရေး အစီရင်ခံစာ”က ရေးသားသည် (ဓာတ်ပုံ- Tianxue military forum)
ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်က (UWSA) ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေး ခဲ့သည်ဆိုသော စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက ငြင်းဆိုသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။