အိမ်ပေါ်တက် ဓားထောက် လုယက်မှု အကြိမ်ကြိမ်ဖြစ်နေ
ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း ( တောင်ကြီး)/ဧရာဝတီ ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
ရှမ်းပြည်နယ် အောင်ပန်းမြို့ ၊မြို့လယ်ပိုင်းတွင် ပြီးခဲ့သည့် ၂ လအတွင်း အိမ်ပေါ်တက်၊ ဓားထောက် ၊ငွေတောင်း ၊ လုယက်မှုများ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းမြို့ခံများက ပြောသည်။
ဓားထောက် အိမ်ပေါ်တက် ငွေတောင်းခံမှု၊ ဖောက်ထွင်းမှုများသည် သီးနှံကုန်စည် ကူးသန်းရောင်းဝယ်ရာ အဓိကနေရာဖြစ်သည့် ညောင်ပင်ထောင်ရပ်ကွက်တွင်ရက်ခြားဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများကပြောသည်။
ညပိုင်းတွင်သာမက နေ့ခင်းပိုင်း၊ ညနေပိုင်းများတွင်ပါ အတင့်ရဲစွာ ပြုမှုလာသည့် အတွက် ဒေသခံ ပြည်သူ များမှာ စိုးရိမ် ထိတ်လန့်နေကြောင်း ညောင်ပင်ထောင်ရပ်မှ ဒေါ်ဘေဘီက ပြောသည်။
