အိုဘားမား မြန်မာ ခရီး၊ ဒေါ်စု စကားနဲ့ ဦးသိန်းစိန်ရဲ့ စာ
နိရဉ္စရာသတင်းဌာန. ၁၈ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ တိုက်ရိုက် ပတ်သက်နေတာမို့ ခုတလောမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစာတွေမှာ သာမက သူ့နိုင်ငံက ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း ၂၀ ကျော်မှာ နေ့စဉ် ထုတ်လွှင့် ပြသနေတာကို တွေ့နေရပါတယ်။