Saturday, November 17, 2012

SSA နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ကထိန်သင်္ဃန်းအလှူပွဲ ရေစက်မချရ



SSA နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ကထိန်သင်္ဃန်းအလှူပွဲ ရေစက်မချရ 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဘုန်းတော်ကြီးတကျောင်း၌ ဒေသခံများ ကထိန်သင်္ဃ္န်း ဆက်ကပ်နေစဉ် သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲကြောင့် ရေစက်မချလိုက် ရဘဲ အလှူပွဲပျက်သွားကြောင်း ဒေသခံများက ပြောပါသည်။

အကျဉ်းသားများဖြင့် မိုင်းရှင်းခိုင်း နေခြင်း


အကျဉ်းသားများဖြင့် မိုင်းရှင်းခိုင်း နေခြင်း 


ရွှေဟင်္သာသတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဖြစ်ပွားသော တိုက်ပွဲ အတွင်း အစိုးရ တပ်ဖွဲ့မှ အကျဉ်းသားများကို အသုံးပြုကာ ရှေ့ပြေး မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြု ခဲ့သည်ဟု ဖါးကန့် ဒေသမှ KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောပါသည်။

ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘဝ


ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘဝ 

မူစယ် ၁၀၅ မိုင်ဂိတ် (ဓါတ်ပုံ- www.panoramio.com)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဘုရားသိမ် စတင် ဆောက်လုပ်ခဲ့သည့် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးဋ္ဌဌာနမှ တရားဝင်မဟုတ်သည့် ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်အား ခန့်အပ်လိုက်ခြင်းမှာ အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေပေသည် ။

လူ့အခွင့်အရေး အလေးထားပြောကြားဖို့ အာဆီယံ လွှတ်တော်အမတ်များ အိုဘာမားကို တိုက်တွန်း


လူ့အခွင့်အရေး အလေးထားပြောကြားဖို့ အာဆီယံ လွှတ်တော်အမတ်များ အိုဘာမားကို တိုက်တွန်း 


မဇ္စျိမသတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံသော်လည်း၊ မြန်မာနိုင်ငံ၏ လူအခွင့်ရေးဆိုင်ရာ ကိစ္စများကို ဖိအားပေးသွားရန် သမ္မတအိုဘားမားကို မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အမတ်များက တိုက်တွန်းလိုက်သည်။

ရွှေမြွေဟောက် စစ်ဆင်ရေးတွင် မြန်မာပါဝင်မည်ဆိုက စင်္ကာပူ ကြိုဆို


ရွှေမြွေဟောက် စစ်ဆင်ရေးတွင် မြန်မာပါဝင်မည်ဆိုက စင်္ကာပူ ကြိုဆို 

defenseindustrydaily.com
ရန်ကုန် (မဇ္ဈိမ) .၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —  အမေရိကန်ဦးဆောင်ပြီး ဒေသတွင်း  နိုင်ငံပေါင်းစုံ ပူးပေါင်းစစ်ရေးလေ့ကျင့်သော
ရွှေမြွေဟောက် Cobra Gold စစ်ဆင်ရေးတွင် မြန်မာပါဝင်မည်ဆိုက စင်္ကာပူအနေဖြင့် ကြိုဆိုကြောင်း စင်ကာပူ အကြီးတန်း ကာကွယ်ရေးဝန်ကြီး ချန်ချုဆင်း က ယနေ့ပြောကြားကြောင်း Asia One သတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။