Wednesday, November 14, 2012

အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည်


အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေးထိပ်ဆုံးက ဆွေးနွေးမည် 


RFA News, 14 November 2012  —-  အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ရဲ့ထိပ်သီး အစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့ သိရပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့ လက်နက်မျိုးစုံဖြင့် မြို့တွင်းထပ်မံပစ်ခတ် ဒေသခံတဦးဆေးရုံတင်ရ


အမည်မသိလက်နက်ကိုင်အဖွဲ့ လက်နက်မျိုးစုံဖြင့် မြို့တွင်းထပ်မံပစ်ခတ် ဒေသခံတဦးဆေးရုံတင်ရ 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —  အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မြို့တွင်းလူနေ ရပ်ကွက်ပေါ် လက် နက်မျိုး စုံဖြင့်ပစ်ခတ်သောကြောင့် လူထုတဦးကျည်ထိမှန်ပြီး ဆေးရုံတင်ထားရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

လက်ရှိဖွဲ့စည်းပုံအရ ဖက်ဒရယ်မူဖြစ်ဖို့မလွယ်သေးဟု ကျားဖြူအမတ်ပြော



လက်ရှိဖွဲ့စည်းပုံအရ ဖက်ဒရယ်မူဖြစ်ဖို့မလွယ်သေးဟု ကျားဖြူအမတ်ပြော 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  တိုင်းရင်းသားများရပိုင်ခွင့် နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အချက်အလက်ကိုအခြေခံ၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအား လုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေးနိုင်သည်ဟု လွှတ်တော်ဥက္ကဌ ဦးသူရ ရွှေမန်းက ပြောသော် လည်း ဖက်ဒရယ်မူစစ်စစ်ဖြစ်သော ဖွဲ့စည်းပုံဖြစ်ဖို့မလွယ်သောကိစ္စဖြစ်ကြောင်း ကျားဖြူပါတီပြည်နယ်လွှတ်တော်အမတ်က ထောက်ပြပါသည်။

မိတ်ဆွေ ၁၀ ပါတီ နှင့်အတူ ကျားဖြူပါတီ ပါဝင် လှုပ်ရှားမှုပြုတော့မည်မဟုတ်


မိတ်ဆွေ ၁၀ ပါတီ နှင့်အတူ ကျားဖြူပါတီ ပါဝင် လှုပ်ရှားမှုပြုတော့မည်မဟုတ် 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့  လှုပ်ရှားမှုများ၌ ပိုမိုပါဝင်နိုင်ရန် ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီ ၏ လှုပ်ရှားမှုနှင့်အတူ ကျားဖြူပါတီ ပါဝင်တော့မည်မဟုတ်ဟု သျှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ ကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် မဟတ္တမဂန္ဒီ၏ ဂူဗိမာန်ကို ဂါရဝပြု


ဒေါ်အောင်ဆန်းစုကြည် မဟတ္တမဂန္ဒီ၏ ဂူဗိမာန်ကို ဂါရဝပြု 


DVB News, 14 November 2012    —-  အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရဲ့ အကြမ်းမဖက် အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို ဒီနေ့ သွားရောက်ဂါရဝပြုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင် ဂျဝါဟာလာ နေရူးရဲ့ အောင့်မေ့ဘွယ်အခမ်းအနား တက်ရောက်ဖို့ လက်ရှိအာဏာရ ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု ဒေါ်စု ချီးကျူး


အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု ဒေါ်စု ချီးကျူး 

နေရူးအောက်မေ့ဖွယ် အခမ်းအနားမိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်။
VOA News, 14 November 2012  —-  အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh တို့ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ နှစ်နိုင်ငံလွှတ်တော်နဲ့ တရားစီရေး ပိုင်းမှာ ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယ နိုင်ငံခြားရေးတာဝန်ရှိသူတွေက VOA မြန်မာပိုင်းကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေရူးခန်းမမှာ မိန့်ခွန်းပြောကြား


BBC News,14 November 2012  —  အနှစ် ၄၀ အတွင်း အိန္ဒိယ နိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁၄ ရက် နေ့မှာတော့ အိန္ဒိယ ခေါင်းဆောင်ကြီး နေရူး အောက်မေ့ဖွယ်ခန်းမ မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။
အဲဒီ အခမ်းအနား ကို အိန္ဒိယ လူမျိုး ၁၀ဝ၀ ကျော်နဲ့ မြန်မာ လူမျိုး ၂၀ဝ ကျော် တက်ရောက် ခဲ့ကြပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။