Tuesday, March 12, 2013

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..


အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်.. 

(ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..။
အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..။ 

နှောင်ကြိုးတွေ မချည်ပါနဲ့


နှောင်ကြိုးတွေ မချည်ပါနဲ့ 

ကျနော်တို့လိုချင်တာက လုံးဝ လွတ်လပ်ခွင့်။ ဘာအချုပ်အနှောင် အတားအဆီးမှမလိုချင်
စနေနေ့ ၉-၃-၁၃ နေ့က သူရဦးအေးမြင့် ဥက္ကဌအဖြစ်ဆောင်ရွက်သော လွှတ်တော်ရေးရာကော်မတီမှ အစည်းအဝေးဖိတ်သည်။ ရှစ်မိုင် ရန်ကုန်စီးတီးဟော်တယ်မှာ ၉ နာရီဟု ဆိုသည်။ လွှတ်တော်သို့ တင်သွင်းထားသော ပုံနှိပ်ဥပဒေမူကြမ်းကို ဆွေးနွေးဖို့ဖြစ်သည်။ ကျနော်တို့ ကဗျာဆရာများသမဂ္ဂ မတက်ရောက်ဖြစ်။ ကိုထွန်းဝင်းငြိမ်း(စာရေးဆရာသမဂ္ဂ) ဖုန်းဆက်တော့ ကျနော်တို့သဘောထားက အရင်အတိုင်းပဲဟုသာ ပြောလိုက်သည်။  (အစည်းအဝေးသွားမတက်ခြင်းမှာ ကျနော်တို့ ကမ္ဘာ့ကဗျာနေ့ကျင်းပရန် အစည်းအဝေးနှင့် လူထုပဲ့တင်သံ သံချပ်ဒိုင်အဖွဲ့၏ အစည်းအဝေးများ ရှိနေခြင်းကြောင့် ဖြစ်သည်။)

မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ


မတရားအသင်း ဥပဒေ အပေါ် ဝေဖန်မှုများရှိနေ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်(ညာဘက် အစွန် ဆုံးက ကလေးချီထားသူ) ကို KIA နှင့် ဆက်စပ်သူ ဟု စွပ်စွဲ၍ မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှုဖြင့် ၂၀၁၂ အောက်တိုဘာ လကုန်ပိုင်းက တရားစွဲခဲ့သည်။ (ဓာတ်ပုံ – Hkamung pan)
ပြည်ထောင်စု လွှတ်တော်၏ မတရားအသင်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပေါ်ထွက်လာခြင်းနှင့်ပတ် သက် ၍ ဝေဖန်ပြောဆို နေကြသည်။
ပြည်ထောင်စု လွှတ်တော်က မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယ အက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ကြောင်း ယမန်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ပါရှိသည်။
ယင်း ဥပဒေ ပုဒ်မ ၁၈ ၏ နောက် ဆက်တွဲ ပုဒ်မ ၁၉ အဖြစ် ဖြည့်စွက်ချက်များကိုလည်း ဖော်ပြထားသည်။

Monday, March 11, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ  

AddThis Social Bookmark Button
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံပြုချက်များအား အကောင်အထည် ဖော်ဆောင်ရွက်စေလျက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား


လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား  

AddThis Social Bookmark Button
လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏  မတ်လ ၁၂ရက်နေ့၌ ထုတ်ပြန်သောအပြီးသတ်အစီရင် ခံစာတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး စီမံကိန်းစာချုပ် အား ပြန်လည်ပြင်ဆင် ချုပ်ဆိုပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စိစစ်တင်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီး ဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသောလုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိသည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် ဤအချက်ကို သုံးသပ်၍ အလေးထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။   

ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား


ဖွဲ့စည်းပုံပြင်ဆင်ရေး NLD စွန့်လွှတ်ပြီလား 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မတ် ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာ ညီလာခံအပြီးတွင် နိုင်ငံရေးဝါဒ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်ရာ မူဝါဒ သဘောထားများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုံးဝမပါရှိပေ။
၂၀၁၂ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး အပါအ၀င် ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီး ရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၅ အတွင်း ပထမဆုံးအကြိမ် ကျင်းပသော ညီလာခံအပြီး ထုတ်ပြန်သော မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပါဝင်တော့ဘဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအုတ်မြတ်ခိုင်မာရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပေါ်တွင် အခြေခံသော ဖွံ့ဖြိုးတိုးတက်ရေးတို့ တည်ဆောက်မည်ဟူသော မူဝါဒများသာ ပါဝင်သည်။

ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း




ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညီလာခံတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
VOA News, 10March 2013  —-   မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်ကြဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံနောက်ဆုံးနေ့မှာ ပါတီဝင်တွေကို ပြောကြားခဲ့ပါတယ်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဆက်ပြီးသွားရမယ့်ခရီးလမ်းက ခက်ခဲပါလိမ့်မယ်။ အရင်တုန်းက အခက်အခဲမျိုး မဟုတ်ဘဲနဲ့ မတူတဲ့အခက်အခဲတွေ ဆိုပေမဲ့ ပိုပြီးတော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။