Sunday, November 18, 2012

မြန်မာ အစိုးရကို အိုဘားမား တိုက်တွန်း


မြန်မာ အစိုးရကို အိုဘားမား တိုက်တွန်း 

ဒုတိယ သက်တမ်းမှာ အရင်ဆုံး ထိုင်းကို ရောက်လာ
BBC News, 18 November 2012  —  မြန်မာ စစ်ခေါင်းဆောင်ဟောင်း တွေ အနေနဲ့ အမေရိကန် အထောက်အပံ့ ရဖို့ လိုလားတယ် ဆိုရင် ဒီမိုကရေစီ ပြုပြင်ရေး တွေ ဆက်ပြီး လုပ်ရမယ်လို့ သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

မြန်မာခရီးစဉ်ဟာ အစိုးရကိုထောက်ခံဖို့မဟုတ် – သမ္မတအိုဘားမား


မြန်မာခရီးစဉ်ဟာ အစိုးရကိုထောက်ခံဖို့မဟုတ် – သမ္မတအိုဘားမား 

အမေရိကန် သမ္မတ ဘရက်အိုဘားမား ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ် နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၂)။
VOA News, 18 November 2012  —-   မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ဟာ မြန်မာအစိုးရကို ထောက်ခံတယ်ဆိုတဲ့ သဘောမဟုတ်ဘဲ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုဖို့ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အပေါ်မှာ အားပေး ကူညီနိုင်ဖို့ အခွင့်အလမ်းကို လက်မလွှတ်နိုင်ဘူး လို့လည်း ပြောဆိုသွားပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ဆက်လက်ခွင့်ပြုပေး


ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ဆက်လက်ခွင့်ပြုပေး 

Printer-friendly versionSend by email
နေပြည်တော် နိုဝင်ဘာ ၁၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့် အညီ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ အကျဉ်းထောင်အသီးသီးမှ ထိုင်သင့်စွာ ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကျဉ်းသားများအားစိစစ်၍ အကျဉ်းသား/အကျဉ်းသူ(၄၅၂) ဦးအား ၂၀၁၂ ခုနှစ်၊ နိုင်ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထိုင်သင့်စွာ ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် အကျဉ်းသားများအား ထပ်မံစိစစ်၍ အကျဉ်း သား/အကျဉ်းသူ(၆၆) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသား/အကျဉ်းသူ(၅၁၈) ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့  ကြိုးပမ်းမှု


ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့  ကြိုးပမ်းမှု  

U Aung Naing Oo
VOA News, 18 November 2012 — (မျက်မှောက်ရေးရာ/ ဒီမိုကရေစီရေးရာ)   ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသား၊ တိုင်းရင်းသား ပြဿနာတွေအပြင် စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင် ရာ ပြဿနာပါ ဖြစ်တဲ့ အတွက် အချိန်ယူ ဖြေရှင်းရမှာဖြစ်ကြောင်း လောလောဆယ်မှာ တည်ငြိမ်အေးချမ်းရေးသာ အဓိကဖြစ်ကြောင်း ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး က ပြောဆိုပါတယ်။

သမ္မတအိုဘားမား ခရီးစဉ်အကြို ရန်ကုန်လုံခြုံရေး တင်းကျပ်


သမ္မတအိုဘားမား ခရီးစဉ်အကြို ရန်ကုန်လုံခြုံရေး တင်းကျပ် 

ရန်ကုန်တက္ကသိုလ် အ၀င်ပေါက်မှာ တွေ့ရတဲ့ လုံခြုံရေး အစောင့်တဦး။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
VOA News, 18 November 2012  —   အမေရိကန်သမ္မတ ဘရက်အိုဘားမား ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို မနက်ဖြန်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား အကြို ခရီးစဉ်အတွက် ရန်ကုန်မြို့မှာ ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကို ဒီခရီးကို သတင်းယူဖို့အတွက် အခု ရန်ကုန်မြို့ ကို ရောက်နေ ပြီဖြစ် တဲ့ ဗွီအိုအေ ၀ိုင်းတော်သူ မစုမြတ်မွန်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်း တဲ့အခါ မစုမြတ်မွန်က အခုလို စပြောပါတယ်။

ရခိုင် ပဋိပက္ခမှာ လုံခြုံရေးတွေ ပါဝင်ပတ်သက်နေတယ်လို့ HRW စွပ်စွဲ


ရခိုင် ပဋိပက္ခမှာ လုံခြုံရေးတွေ ပါဝင်ပတ်သက်နေတယ်လို့ HRW စွပ်စွဲ 

ရိုဟင်ဂျာရွာတွေအတိုက်ခိုက်ခံခဲ့ရတယ်ဆိုတာ ဂြိုဟ်တုသတင်းဓါတ်ပုံတွေက ဖေါ်ပြနေတယ်လို့ HRW ပြော
BBC News, 18 November 2012 —-  ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ ဆိုသူတွေ နေထိုင်ရာ ကျေးရွာတွေ အတိုက်ခိုက်ခံခဲ့ရတယ် ဆိုတာကို Satellite ဂြိုဟ်တုသတင်း ဓါတ်ပုံ တွေအရ တွေ့ရတယ်လို့ တနဂင်္နွေနေ့ နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။