Friday, November 16, 2012

သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး


သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး 

Arakan Times, 16 November 2012  —  သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ ၁၃ ရက်နေ့က အစာအဆိပ်သင့်ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဒေါက်တာရဲလွင်ဇနီမောင်နှံ နှစ်ဦးမှာ နိုဝင်ဘာ ၁၃ ရက်နေ့က သံတွဲမြို့မှအပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေးစားသောက်ဆိုင်တွင် စားသောက်ခဲ့ကြောင်းသိရသည်။

ရိုက်နှက်ထိုးကြိတ်ခံ ရခိုင်လူငယ်၂ဦးကိစ္စ ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေး


ရိုက်နှက်ထိုးကြိတ်ခံ ရခိုင်လူငယ်၂ဦးကိစ္စ ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေး 


နိရဉ္စရာသတင်းဌာန. ၁၆ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ပြီးခဲ့သော နိုဝင်္ဘာလ ၁၀ရက်နေ့က ရန်ကုန်တိုင်း တာမွေရဲစခန်းတွင် ရခိုင်လူငယ်၂ဦးအား ဥပဒေမဲ့ ရိုက်နှက် ထိုးကြိတ်ခံ ရခြင်းနှင့် ပတ်သက်ပြီး ယခုအခါတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

အိုဘားမားနှင့် သမ္မတဦးသိန်းစိန် ရန်ကုန်၌ တွေ့ဆုံမည်



အိုဘားမားနှင့် သမ္မတဦးသိန်းစိန် ရန်ကုန်၌ တွေ့ဆုံမည် 


Popular News Journal, 16 November 2012  —  မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတတစ်ဦး အနေဖြင့် ပထမဆုံးရောက်ရှိလာမည့် သမ္မတ အိုဘားမား နှင့် သမ္မတဦး သိန်းစိန်သည် နိုဝင်ဘာ ၁၉ ရက်နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌ တွေ့ဆုံမည်ဟု ၂၁ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တတ်ရောက် သတင်းရယူနေသည့် အမေရိကန်သမ္မတ၏ခရီးစဉ် ရရှိထား သူ ပြည်ပ သတင်းထောက်တစ်ဦးထံမှ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ကော်မီတီဝင်အမည် ကြေညာ



တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ကော်မီတီဝင်အမည် ကြေညာ 

ရှီကျင်ပင်းကို တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါလစ်ဗြူရို အမြဲတမ်း ကော်မီတီ အထွေထွေ အတွင်းရေးမှူးခန့်
BBC News, 15 November 2012  —-  တရုတ်နိုင်ငံမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်းရှိတဲ့ ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို အမြဲတမ်းကော်မီတီ အဖွဲ့ဝင်ရဲ့ အမည်စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင် ထုတ်ဖေါ် ကြေညာလိုက်ပါပြီ။

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ်

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ် 

New Communist Party General Secretary Xi Jinping
VOA News, 15 November 2012  —  ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေအထွေ အတွင်းရေးမှူးအဖြစ် တရုတ်ခေါင်းဆောင်သစ် နေရာရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူဖြစ်တယ်ဆိုတာကိုတော့  အချိန်အတော်ကြာကြာ ကတည်းက မျှော်လင့်ထားပြီးဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။