Saturday, October 13, 2012

သင့်တော်တဲ့ သင်ရိုးညွှန်းတမ်း ပြဌာန်းရေး


သင့်တော်တဲ့ သင်ရိုးညွှန်းတမ်း ပြဌာန်းရေး 

Computer Technology
VOA News, 12 October 2012  —-  မြန်မာပြည်က အခြေခံပညာသင်ကျောင်း (၂၀၀) ကျော်ကို မနှစ်က လေ့လာတဲ့အခါမှာ သင်ထားတာကို အလွတ်ကျက်တာကများပြီး စဉ်းစားဆင်ခြင်တတ်အောင် သင်ပေးတာက အလွန်နည်းပါတယ်လို့ ဒီနှစ် ဖေဖေါ်ဝါရီလမှာ ကျင်းပတဲ့ နေပြည်တော်က ဆွေးနွေးပွဲတခုမှာ အင်္ဂလိပ်ပါမောက္ခ Frank Hardman က ပြောသွားပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကလည်း ဒီစကားမျိုး ကြားဘူးတာကြောင့် မြန်မာ့ပညာရေး သင်ကြားရေးစနစ်ဟာ အနှစ် (၂၀) ကလည်း ဒီစကားမျိုး ကြားဘူးတာကြောင့် မြန်မာ့ပညာရေး သင်ကြားရေးစနစ်ဟာ အနှစ် (၂၀) အတွင်းမှာ တိုးတက်မှုမရှိတာကို သက်သေပြသလို ဖြစ်နေပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNESCO-UNDP နဲ့ ဆရာဦးခင်မောင်ကြွယ် ခေါင်းဆောင်တဲ့ ပညာရေးသုတေသနဌာနတို့ ပူးပေါင်းပြီး မြန်မာ့ပညာရေးစနစ်ကို လေ့လာထားတဲ့ အစီရင်ခံစာတွေကို ၁၉၉၂ နဲ့ ၁၉၉၃ မှာ ထုတ်ဝေဘူးပါတယ်။ Education Sector Study အဖြစ် ပညာရေးလောကမှာ လူသိများပါတယ်။ အဲဒီ အစီရင်ခံစာတွေမှာလည်း မြန်မာ့ပညာရေးဟာ အလွတ်ကျက်ပြီး စာမေးပွဲဖြေတာကို အဓိက ဦးစားပေးတဲ့အတွက် စာမေးပွဲနဲ့ မပတ်သက်တဲ့ကိစ္စကို ဘယ်သူကမှ စိတ်မဝင်စားဘူးလို့ဆိုပါတယ်။ စာမေးပွဲအောင်ချက်ကောင်းတဲ့ ကျောင်းကိုသာ ကျောင်းသားမိဘတွေက အထင်ကြီးပါတယ်။ ဒါကြောင့် နောက်ဆုံးဖြေဆိုရတဲ့ စာမေးပွဲကြီးအောင်ဖို့ကိုသာ အားလုံးက အာရုံစိုက်ကြပါတယ်။
ပြောင်းလဲနေတဲ့ အခြေအနေနဲ့ သင့်တော်တဲ့ သင်ရိုးညွှန်းတမ်းပြဌာန်းရေး၊ ဆရာ၊ ဆရာမ အရည်အချင်း တိုးတက်ရေး၊ ပညာရေးနဲ့ လက်တွေ့ဘဝ ဆက်စပ်ရေး စတာတွေကို အဓိက လိုအပ်ချက်အဖြစ် ထောက်ပြကြပါတယ်။ သင်ကြားရေးနည်းသစ်နဲ့ ကျောင်းသုံးစာအုပ်သစ်ကို အသုံးပြုပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားပေမယ့် ရည်ရွယ်ချက်မအောင်မြင်ဘူးလို့ ဆိုပါတယ်။ ဆရာနဲ့ ကျောင်းသားဟာ အလွတ်ကျက်တဲ့နည်းကိုပဲ ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ကျက်စာမှတ်စာတွေ များလွန်တာကြောင့် ဆင်ခြင်တွေးတောမှုဘက်မှာ အားနည်းနေတယ်လို့ ဆိုပါတယ်။ ကျောင်းတွေမှာ ဖြစ်ပျက်နေတဲ့ အဂတိလိုက်စားမှုနဲ့ မသမာမှုတွေ နည်းပါးလာပေမယ့် အလွတ်ကျက်တဲ့ဓလေ့ ရှင်သန်တုန်းပဲလို့ ဆိုပါတယ်။ အခြေခံပညာရေးအဆင့်ဆင့်မှာ အဓိက အားနည်းချက်တွေ အများအပြား ရှိနေပါတယ်။
အလွတ်ကျက်အာဂုံဆောင်ရတဲ့ အကြောင်းရင်းကတော့ သင်ရိုးညွန်းတမ်းမှာ အချက်အလက်တွေ အများအပြားထည့်ထားလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အလွတ်ကျက်မှတ်သားတာကို စာမေးပွဲနဲ့ တိုင်းတာတဲ့အတွက် မေးခွန်းရနိုင်ဖို့နဲ့ စာမေးပွဲအောင်ဖို့က အဓိက ဦးစားပေး ဖြစ်လာပါတယ်။ တီထွင်ကြံဆစိတ်၊ လွတ်လပ်စွာ ဆွေးနွေးလိုစိတ်နဲ့ ခွဲခြမ်းစိတ်ဖြာလိုစိတ်တွေ ပေါ်ပေါက်ဖို့ အခွင့်အလမ်းမပေးတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ အပေါ်ယံ ပြုပြင်တာဟာ သင်ရိုးညွှန်းတမ်းကို ထိခိုက်စေပါတယ်။ မြန်မာစာ မတတ်သေးတဲ့ကလေးကို အင်္ဂလိပ်စာသင်ပေးတာဟာ သဘာဝမကျပါဘူး။ အထူးသဖြင့် မြန်မာစာပါသင်နေရတဲ့ တိုင်းရင်းသားအတွက် ပြဿနာဖြစ်နေပါတယ်။ အခြေခံမပြည်စုံတဲ့ ပညာရေးစနစ်ကို ချဲ့ ထွင်လာတာကြောင့် အချိန်ကြာလေ အရည်အသွေးညံ့လေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ ကျောင်းသားပစ္စည်းကိရိယာ အရှားပါးဆုံး ဖြစ်ပါတယ်။
အလယ်တန်း၊ အထက်တန်းကျောင်းလိုပဲ တက္ကသိုလ်နဲ့ ကောလိပ်မှာလည်း ကျက်စာမှတ်စာကိုသာ ဦးစားပေးပါတယ်။ သင်ကြားတာကို အလွတ်ကျက်မှတ်ဖြေနိုင်သူကို ဘွဲ့လက်မှတ်ထုတ်ပေးတဲ့ စက်ရုံဟာ တက္ကသိုလ်တွေ ဖြစ်တယ်လို့ ကုန်သည်ကြီးများ စက်မှုအသင်းချုပ် လစဉ်ဟောပြောပွဲမှာ ဘူမိသိပ္ပံပညာရှင် ဒေါက်တာဦးသိန်း က ပြောသွားတာကို စက်တင်ဘာလ (၁) ရက်နေ့ထုတ် Popular News Journal မှာ ဖော်ပြပါတယ်။ သင်တာကို အလွတ်ကျက်ပြီး ဖြေရတဲ့စနစ်ကို ပယ်ဖျက်ပြီး အယူအဆ ဦးစားပေးသင်ကြားရေးကို ကျင့်သုံးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကျောင်းများပြီး ဆရာနည်းတဲ့ ပြဿနာ သင်ကြားရေးပစ္စည်း ကိရိယာရှားပါးလို့ လက်တွေ့မလုပ်နိုင်တဲ့ ပြဿနာနဲ့ စာမေးပွဲမှာ မသမာမှုရှိတာကို အကြီးအကျယ်ပြုပြင်ရမယ်လို့ ဒေါက်တာဦးသိန်း က ဆိုပါတယ်။ မြန်မာပညာရေးစနစ်ကို ပြုပြင်ဖို့ စိတ်ဝင်စားသူတွေ များလာပါတယ်။
ဒေါက်တာဦးသိန်းဟောပြောပြီး (၁၀) ရက်လောက်ကြတော့ မောက္ခပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်ကလည်း ဟောင်းနွမ်းနေပြီဖြစ်တဲ့ ပညာရေးသင်ရိုးညွန်းတမ်းကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ -ဗိုလ်အောင်ကျော်လမ်းမှာ ဟောပြောသွားပါတယ်။ လူ့အဖွဲ့အစည်း၊ တိုင်းရင်းသားယဉ်ကျေးမှု၊ ငြိမ်းချမ်းရေး စတာတွေနဲ့ သင်တော်တဲ့ သင်ရိုးညွန်းတမ်းမျိုးကို ရေးဆွဲသင့်တယ်လို့ Australia နိုင်ငံမှာ ပညာသင်ခဲ့တဲ့ ဦးသိန်းနိုင် က ပြောသွားပါတယ်။
သင်ရိုးညွှန်းတမ်းတခုတည်း ပြဌာန်းပြီး တပြည်လုံးမှာ သင်ကြားတဲ့စနစ်ကို ပြန်လည်စဉ်းစားသင့်ကြောင်း Australia အမျိုးသားတက္ကသိုလ် လေ့လာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာ့လူဦးရေး (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး (၆၅) ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးကဏ္ဍမှာ လုပ်ကိုင်နေကြတာကြောင့် ကျေးလက်အဖွဲ့အစည်းရဲ့  လိုအပ်ချက်နဲ့အညီ ပညာသင်ကြားသင့်တယ်လို့ ဆိုပါတယ်။ မိသားစုဝိုင်းလုပ်တဲ့ ကျေးလက်ဓလေ့ကို မထိခိုက်မယ့် ပညာသင်ကြားရေးစနစ်ကို တီထွင်သင့်တယ်လို့ ဆိုပါတယ်။ မြို့ မှာသင်သလို ကျေးလက်ဒေသမှာသင်လို့ မရတာကို ထောက်ပြထားပါတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုတဲ့ သင်ရိုးညွှန်းတမ်း အလွန်လိုအပ်နေပြီလို့ မြင်ကြပါတယ်။
ဦးအောင်ခင်, ဒေါ်ခင်စိုးဝင်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ 
Fri, 10/12/2012 - 18:33
Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စတာအီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ခဲ့ပြီးနောက် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Mr. Yun Kang Hyeon နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် ကိုရီးယားသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိစဉ် အောက်တိုဘာ(၈)ရက် မွန်းလွဲ(၂)နာရီခွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိုးလ်မြို့ရှိ Saemaul Undong Central Training Institute ကို သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။ ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုသည့် ဆိုးလ်မြို့ရှိ Lotteဟိုတယ်၌ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်း ဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာ သတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံခဲ့ပြီး ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ ညနေ (၄) နာရီ ခွဲတွင် ကိုရီးယားသမ္မတနိုင်ငံ Doosuan ကုမ္ပဏီဥက္ကဋ္ဌဌ Mr. Y. M. Park အားLotte ဟိုတယ်၌ပင် လက်ခံ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ သံအမတ်ကြီး ဦးညွန့်လှိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ဟိန်း၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစု များနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာပညာ သင်များနှင့်တွေ့ဆုံ၍ သြဝါဒစကားပြောကြားခဲ့ပြီး ညပိုင်းတွင် ဆိုးလ်မြို့ကို ဖြတ်သန်း စီးဆင်းနေသော ဟန်မြစ်အတွင်း သီးသန့် သင်္ဘ࿿ောဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ(၉)ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ  Korea Trade - Investment Promotion Agency (KOTRA) ဌာနချုပ်၌ ကျင်းပသည့် Myanmar Investment Forum သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ခေတ္တတည်းခို သည့် Lotte ဟိုတယ်၌ ကျင်းပသော ကိုရီးယားအသေးစားနှင့် အလတ်စားလုပ်ငန်း (The Korea Federation of Small and Medium Business- KBIZ) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့လည်းကောင်း တက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။
ထို့နောက် ညနေ(၃)နာရီခွဲတွင် ဆိုးလ်မြို့ရှိ အမျိုးသားအာဇာနည်ဗိမာန်( National Cemetery)သို့ သွားရောက်၍ ပန်းခွေချအလေးပြုပြီး ဗိမာန်ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။
ညနေ(၄)နာရီတွင် နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင် ဘတ်က ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်(Blue House)၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး သမ္မတအီမြောင်ဘတ်နှင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် ညနေ(၅)နာရီတွင် သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ သည် ကိုရီးယားသမ္မတနိုင်ငံသမ္မတ ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံရာ၌ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍဍသစ် ဖွင့်လှစ်နိုင်ခဲ့မှုနှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးများ အပြန်အလှန် သွားရောက်ခြင်းဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေခဲ့မှု၊ မြန်မာနိုင်ငံတွင် Myanmar Development Institute (MDI) ထူထောင်ရေး၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများကို တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လျှပ်စစ်စွမ်းအား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေး ကဏ္ဍဍဆိုင်ရာ လုပ်ငန်းစီမံချက်များ ဆောင်ရွက်နိုင်ရန် ငွေကြေးနှင့်နည်းပညာ အကူအညီများ ပေးအပ်ရေး၊ စွမ်းအင်ကဏ္ဍဍ ပူးပေါင်းဆောင်ရွက်နေမှုကို အရှိန်အဟုန်မြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍဍ၊ ယဉ်ကျေးမှုကဏ္ဍဍနှင့် ဆောက်လုပ်ရေးကဏ္ဍဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့်အရေးနှင့် ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အောင်မြင်မှု ရရှိရေးအတွက် အကူအညီပေးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်၌ သက်ဆိုင်ရာဝန်ကြီး များက နှစ်နိုင်ငံအစိုးရတို့အကြား အကူအညီပေးရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်နှင့် ဝန်ကြီးဌာနနှစ်ခုအကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ညနေ(၆)နာရီခွဲတွင်  နိုင်ငံတော်သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များအား  ကိုရီးယားသမ္မတနိုင်ငံသမ္မတက သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ သည်။
နိုင်ငံတော်သမ္မတသည် အောက်တိုဘာ(၁ဝ)ရက်တွင် ဆိုးလ်မြို့မှ ဘူဆန်မြို့သို့ သွားရောက်ခဲ့ပြီး ဘူဆန်မြို့ရှိ STX  သင်္ဘ࿿ောတည်ဆောက်ရေးလုပ်ငန်းနှင့် Pusan New Port International Terminal တို့ကို သွားရောက်ကြည့်ရှု လေ့လာ၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ရန် ဖိတ်ခေါ်ခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် ဆိုးလ်မြို့မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။        

ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ ကဖမ်း


ကျပ်သိန်း တစ်ရာခန့် တန်ဖိုးရှိ မြန်မာအရက်များ နတ်မြစ်အတွင်း ဘင်္ဂလာတပ်ဖွဲ့ ကဖမ်း 


နိရဉ္စရာသတင်းဌာန. ၁၃ရက်နေ့ အောက်တိုဘာ ၂၀၁၂  — မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံအား နယ်စပ်မျဉ်း အဖြစ် ခြားထားသည့် နစ်မြစ်အတွင်းမှ ကျပ် သိန်း ၁၀၀ (တာကာ ၁၀ သိန်းတန်ဖိုး) ရှိ  အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့မှ ကြာသပတေး နေ့က ဖမ်းဆီးလိုက်သည်သည်။
ကော့စ်ဘဇားထုတ် သတင်းစာ တစ်စောင်အရ အောက်တိုဘာ ၁၁ရက်နေ့ ည ၇နာရီအချိန်တွင် နစ်မြစ်ထဲ သစ်ဘုတ်တစီးကို တက်ရောက် ရှာဖွေရာမှ ဘီဂျီဘီတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဖမ်းဆီးရမိသော ပစ္စည်း အရေအတွက်မှာ ဘီယာ၂၄၆၀လုံး၊ ဒရိုင်းဂျင် ၁၀၇လုံး၊ မြန်မာ့ရမ် ၇၂လုံး တို့ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။
မူးယစ်ဖေါက်ကား ရောင်းဝယ် သူများမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။
အောက်တိုဘာ ၁၂ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံနယ်စပ်အကြားမှ  ဖမ်းဆီးရ မိသော မူးယစ်ဆေးဝါး တာကာ ၃၅သိန်းတန်ဖိုးကို ဘီဂျီဘီအမှတ် (၄၂)တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျ နှစ်နိုင်ငံ အကြား နယ်စပ် မူးယစ်ဆေးဝါး နှိမ်နင်းရေး အတွက် အကြိမ်ကြိမ် ဆွေးနွေးပြီး  အကြိမ်ကြိမ် သဘောတူညီမူ ရရှိခဲ့သော်လည်း မူးယစ်ဆေးဝါး လုပ်ငန်းမှာ နယ်စပ်တွင်  ပိုပြီး တွင်ကျယ် လာသဖြင့် နှစ်ဘက်နိုင်ငံမှ နယ်စပ် အာဏာပိုင်များ အပေါ် အများက သံသယ ဖြစ်နေမူများ ရှိနေကြောင်း  သိရှိရသည်။
ထွန်းထွန်း

စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ


စစ်တွေအောင်မင်္ဂလာအဓိကရုဏ်း အဖမ်းအဆီးရှိ 


Arakan Times, 13 October 2012  —-  ယမန်နေ့က ဖြစ်ပွားခဲ့သော အောင်မင်္ဂလာအဓိကရုဏ်းတွင် သင်္ဃာတော်(၂)ပါးနှင့် လူ(၅)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ထဲတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်မှ ပြန်လာကြသော ဟိန္ဒူများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများ ဓါးဖြင့်လိုက်ခုတ်ရာမှ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကြောင့် ဒေသခံများ မကျေမနပ်ဖြစ်ကြရာမှ ထိန်းသိမ်း၍ မရသည့်အခြေအနေတွင် စစ်တပ်မှ မျက်ရည်ဗုံး(၄)လုံးနှင့် ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့ရကြောင်း သိရှိရသည်။
“မနေ့က ပြဿနာအစရှာတာက ဘင်္ဂလီတွေက ဖန်တီးတာပါ၊ ဗုဒ္ဓဘာသာဝင် ဟိန္ဒူတွေကို အခုလိုနိုင်ထက်စီးနင်း အကြမ်းဖက်မှုအပေါ်မှာ ဒေသခံလူထုတွေက မကျေမနပ်ဖြစ်လို့ ဓါးနဲ့လိုက်ခုတ်တဲ့ ဘင်္ဂလီတွေကို ဖမ်းဆီးအရေးယူပေးဖို့ တာဝန်ရှိရဲတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြတာကို စစ်တပ်က အကြမ်းနည်းနဲ့ လူအုပ်တွေကို ဖြိုခွင်းခဲ့ပါတယ်။ မျက်ရည်ယိုဗုံးကြောင့် မပြေးနိုင်တဲ့ လူ(၅)ဦးနှင့် သင်္ဃာတော်နှစ်ပါးကို ဖမ်းဆီးသွားပါတယ် (၅)ဦးထဲက တစ်ဦးကိုတော့ မတရားရိုက်နှက်ပြီး ဆွဲခေါ်သွားတာတော့ တွေ့လိုက်ရတယ်”ဟု အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ)က ပြောသည်။
ဘင်္ဂလာတွင် ဗုဒ္ဓဘာသာဝင်နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွေ အကြမ်းဖက်ခံရမှုအပေါ်တွင် စစ်တွေမြို့မှ လူထုများအနေဖြင့် အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၌ ဗုဒ္ဓဘာသာဝင် ဟိန္ဒူများနှင့် မရာမာလူမျိုးများ ပူးပေါင်းပါဝင်လာမှုအပေါ် အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများက မကျေနပ်မှုကြောင့် ယခုကဲ့သို့ အဓိကရုဏ်းကို ဖန်တီးခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ဆိုသည်။
Written by မင်းသွီး

စစ်တွေမြို့ ဆူပူမှု မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရ


စစ်တွေမြို့ ဆူပူမှု မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရ 


နိရဉ္စရာသတင်းဌာန. ၁၃ရက်နေ့  အောက်တိုဘာ ၂၀၁၂  —- အောက်တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေ ၈  နာရီခန့်မှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ကို  ၀ိုင်းအုံလာတဲ့ လူအုပ်ကြီးကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်း ရရှိပါတယ်။
အခုလို ဖြစ်ပွားတာကတော့  ညမထွက်ရ  အမိန့်ကို ညနေ ၇ နာရီကနေ ၅ နာရီ အကြား သတ်မှတ်ထား တာကို  ညနေ  ၁၀ နာရီကနေ နံနက် ၄ နာရီ ထိ လျော့ချပြီးတဲ့  နောက်တစ်နေ့ မှာဘဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
လူစုလူဝေး ဖြစ်ပွားလာရတဲ့ အကြောင်းကို စစ်တွေမြို့ နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အခုလို ပြောပါတယ်။
“အင်ဘာလာထဲက ဘင်္ဂလီတွေက ညအချိန်မှာအတင့် ရဲပြီး လမ်းဟို ဘက်ဒီဘက်ကို အုပ်စု လိုက်ကူးကြ တယ်။  အဲသလို အုပ်စုလိုက်ဆိုတော့ သူတို့  မြို့ထဲဝင်လာတယ်ဆိုပြီး သတင်းဖြစ်သွားတယ်။  အဲဒါကို ရခိုင် တွေက သွားကြည့်တယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတွေက မီးတိုင်တွေကို ခေါက်ပြီး ၀င်ပြေး သွားကြတယ်။ မီးတိုင် ခေါက် သံကြားတဲ့အတွက် ရခိုင်တွေက ဟိုကဒီက ၀ိုင်းအုံ လာရာကနေ လူစု လူဝေးဖြစ်သွားပါတယ်။”
လူစုလူဝေးဖြစ်လာတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ် အချက် ၂၀ ခန့် မိုးပေါ်ကို ထောင်ပစ်ပြီး လူစုခွဲ လိုက်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က သတင်းတွေ ကို အချိန်မီ ဖော်ပြပေးနေတဲ့ Rakhine Straight Views သတင်းမှာ တော့  ရ ဟန်းတော် ၂ ပါး အပါအ၀င် လူ ၄ ဦးနဲ့ ဆိုင်ကယ်တချို့လည်း အာဏာပိုင်တွေက ဖမ်းဆီး ထိမ်းသိမ်းထားတယ် လို့ ဖော်ပြထားပါတယ်။
ဒီအပေါ်မှာတော့ အတည်မပြုနိုင်သေးဘူးလို့ ဦးအောင်မြကျော်က ပြောပါတယ်။
စစ်တွေမြို့မှာ မနေ့က အိုအိုင်စီ မြန်မာပြည်ကိုဝင်လာတာနဲ့  ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ဗုဒ္ဓဘာသာ ကျောင်းတွေကို တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး  ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ ဟိန္ဒူနဲ့ မာရမာကြီး အမျိုးသားတွေ ကို အောင်မင်္ဂလာရပ်ကွက်မှ မွတ် ဆလင်တချို့ကနေ  ခြိမ်းခြောက်မှုတွေ ရှိနေခဲ့တဲ့ အတွက်  နေ့လည်ဘက်ကတည်းက  ပြဿနာတချို့ ရှိနေခဲ့တယ် လို့ သတင်းတွေ ရရှိပါတယ်။
မောင်အေး

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။