ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Friday, August 24, 2012
မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်
မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်
မေရီကို| August 23, 2012 | Hits: 5,709
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနက ဖျက်သိမ်းတော့မည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်သွယ်ရေး
ကော်ပိုရေးရှင်း ဟူသောအမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းထားပြီ ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအစား ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဆက်လက် ချုပ်ကိုင်မည် (ဓာတ်ပုံ- Reuters)
ပြောင်းလဲ ဖွဲ့စည်းမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ၄င်း၏ လက်အောက်ရှိ ပုဂ္ဂလိက အော်ပရေတာ လေးခုကို အစိုးရ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ကွပ်ကဲမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ပြောင်းလဲမှုသည် ပုဂ္ဂလိကပိုင်စနစ်သို့ တိုက်ရိုက်သွားသည့် ပုံစံမဟုတ် ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာ တယ်လီကွန်း ကုမ္ပဏီ ပါဝင်နေခြင်းနှင့် အစိုးရဌာန ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ပါဝင်နေခြင်းက ဆက်သွယ်ရေးကဏ္ဍကို ယခင်အတိုင်း ဆက်လက် ချုပ်ကိုင်လွှမ်းမိုးမှု ရှိနေဦးမည် ဆိုခြင်းကို ပြသနေကြောင်း ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာနေသူများက ရှုမြင်သုံးသပ်ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ ဘဏ္ဍာရေးဥပဒေ သုံးသပ်ချက် (International Financial Law Review – IFLR) အွန်လိုင်း သတင်းက မတ်လတွင် ရေးသားဖော်ပြရာ နိုင်ငံခြားကုမ္ပဏီ နှစ်ခုကိုလည်း အော်ပရေတာ လုပ်ငန်းအတွက် လိုင်စင်ထုတ်ပေးရန်ရှိသော်လည်း ဆက်သွယ်ရေးလုပ်ငန်းဥပဒေသစ် ရေးဆွဲပြဌာန်းပြီးမှ ဖြစ်နိုင်ကြောင်း သိရသည်။
လိုင်စင်ထုတ်ပေးရာတွင် မိုဘိုင်းဆက်သွယ်ရေးစနစ်နှင့် ဝန်ဆောင်မှု အရည်အသွေး၊ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတို့အပေါ် မူတည်ကြောင်း ဦးသန်းထွန်းအောင်က ဆိုသည်။
မစ်ဆူဘီရှီ ကုမ္ပဏီ နေပြည်တော်တွင် ရုံးခွဲဖွင့်မည်
မစ်ဆူဘီရှီ ကုမ္ပဏီ နေပြည်တော်တွင် ရုံးခွဲဖွင့်မည်
ဧရာဝတီ| August 24, 2012 | Hits: 171
ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း သည် နေပြည်တော်၌ လာမည့်
စက်တင်ဘာလ ၁ ရက်တွင် ရုံးခွဲတခု ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများတွင်
ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် သတင်း အချက်အလက် စုစည်း ရန်အတွက် ဖြစ်ကြောင်း
Kyodo သတင်း၌ ရေးထားသည်။ မစ်ဆူဘီရှီ သည် ၁၉၅၄ ခုနှစ်မှစ၍ ရန်ကုန်တွင်
ရုံးခွဲဖွင့်လှစ်ထားပြီး ဖိုင်ဘာပစ္စည်းများ၊ စားသောက်ကုန်များ၊ သံမဏိနှင့်
စက်ယန္တရား ထုတ်ကုန်များကို ကုန်သွယ် ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေခြင်း
ဖြစ်ကြောင်း သိရသည်။
SSA-S တပ်ဖွဲ့ဝင်များကို UWSA ဖမ်းဆီးထား
SSA-S တပ်ဖွဲ့ဝင်များကို UWSA ဖမ်းဆီးထား
ဧရာဝတီ| August 24, 2012 | Hits: 199
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် နယ်မြေခံ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တပ်က ဖမ်းဆီးထားသည်။ အရာရှိ ၂ ဦး ပါဝင်သော အဆိုပါ SSA-S တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ ဖမ်းဆီးထိန်းခံနေရပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အတွက် တာဝန် ရှိသူများ ညှိနှိုင်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ
ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ
ရန်ပိုင်| August 23, 2012 | Hits: 1,262
စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါးအထွက် နောက်ကျနိုင်သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။
ယခုနှစ်အတွင်း ဧရာဝတီတိုင်းတွင် စပါးစိုက်ဧက ၁ သိန်းခန့် နစ်မြုပ်နေပြီး ရေကျဆင်းမှု မရှိသေးသဖြင့် ပြန်လည်စိုက်ပျိုးရန် အချိန်ယူရမည်ဖြစ်ရာ စပါးအထွက်နောက်ကျပြီး ဆန်ထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်သည့်အတွက် ကြိုတင် သိုလှောင်မှုများကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ ဘုရင်နောင် ဆန်ဈေးကွက်မှ ပွဲရုံပိုင်ရှင်တဦးက ဆိုသည်။
“ရေပြန်ကျဖို့ မလွယ်ဘူး၊ ဆန်ဈေးက နောက်ပိုင်းဆို တက်ရိပ်ပါသွားမှာဆိုတော့ ကြိုရောင်းထားတဲ့ သူတွေအနေနဲ့လည်း တက်ဈေးနဲ့ အပ်ရမှာစိုးလို့ ၀ယ်ကြတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ၂၅ ရာခိုင်နှုန်း အကျိုးအကြေပါသည့် ဆန်ကြမ်းဈေးသည် တတင်းခွဲ တအိတ်လျှင် ၁၃၃၀၀ ကျပ်၊ မြောင်းမြ ဒေသထွက် အပျော့ဆန်မှာ ၂၉၀၀၀ ကျပ်၊ ရွှေဘိုဒေသထွက် ပေါ်ဆန်းမွှေး (ခွန်နီ) မှာ ၃၄၀၀၀ ကျပ်ရှိ ဈေးရှိပြီး ယနေ့တွင်မူ ဆန်ကြမ်းမှာ ၁၄၀၀၀ ကျပ်၊ အပျော့ဆန်မှာ ၃၁၅၀၀ ကျပ်၊ ခွန်နီဆန်မှာ ၃၆၅၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှ ပွဲရုံပိုင်ရှင် ကိုနေလင်းကလည်း လူအများစားသုံးသည့် ဆန်ကြမ်းဈေးမှာ ၁၄၅၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ဆိုသည်။
“သာမန်အခြေအနေမှာ ဒီအချိန်ဆို စပါးမထွက်ခင် စပ်ကူးမတ်ကူးကာလ ဆန်ဈေးက ပုံမှန်တက်နေကြပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ဧရာဝတီတိုင်းဘက်မှာ ရေကြီးတဲ့အပြင် ရခိုင်ဘက်ကိုလည်း ဆန်တင်ပို့နေရတော့ ဈေးကပိုတက်လာတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရခိုင်ဒေသတွင် မကြာသေးမီက ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ရခိုင်လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်ကို သွားရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုအချက်သည်လည်း ဆန်ထုတ်လုပ်မှုကို အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း ကိုနေလင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း (MRIA) က အဓိက ဆန်ထုတ်လုပ်ရာ ပြည်တွင်းဆန်ဈေးကွက်ကို ထိခိုက်ခြင်း မရှိစေရန် အရန်ဆန် ရောင်းချရေးကော်မတီက ဆန် ၄၆၆၆ တန်ကို တင်ဒါစနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် သမ၀ါယမအသင်း အပါအ၀င် ကုမ္ပဏီ ၆ ခုသို့ မကြာသေးမီက ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
MRIA အသင်းအတွင်းရေးမှူး ဦးရဲမင်းအောင်က “စပါးပြန်စိုက်တဲ့အချိန် နောက်ကျမှာ ဖြစ်တဲ့အတွက် ဆန်စပါးအထွက်ကိုတော့ ထိခိုက်မှာပါ။ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်မယ်လို့တော့ ပြောမရဘူး၊ စိုက်ပျိုးရာသီ မကုန်သေးတော့ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
ထို့အပြင် ရေကျသွားလျှင် တောင်သူများ လျင်မြန်စွာ စိုက်ပျိုးနိုင်ရန် အဓိက လိုအပ်နေသည့် မျိုးစပါး တင်း ၃ သောင်းခန့်နှင့် ပျိုးပင်များကို ရေကျမှု အခြေအနေအပေါ် မူတည်ပြီး အချိန်မီ ဖြန့်ဖြူးရန် ပြင်ဆင်ထားကြောင်း၊ သို့သော်လည်း တချို့သော ဒေသများတွင် ရေကျမှု နှေးကွေးသည့်အတွက် စပါးပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့် အခြေအနေများလည်း ရှိနိုင်ကြောင်း ဦးရဲမင်းအောင်က ရှင်းပြသည်။
MRIA က ထုတ်ပြန်သည့် စာရင်းများအရ ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ ကျောင်းကုန်း၊ ကျုံပျော်၊ သာပေါင်း၊ အသုတ်၊ ရေကြည်၊ ပဲခူးတိုင်း အရှေ့ခြမ်းရှိ သနပ္ပင်၊ က၀၊ ဝေါ၊ ရွှေကျင်၊ မဒေါက် စသည့်ဒေသများတွင် အများဆုံးခံခဲ့ရပြီး စိုက်ဧက ၁ သိန်း ၁ သောင်းနီးပါး ရေနစ်မြုပ်ခဲ့သည်ဟု သိရသည်။
လက်ရှိအခြေအနေတွင်မူ ရေနှုတ်မြောင်းများ ပိတ်ဆို့နေခြင်း၊ တာတမံများ ပျက်ဆီးနေခြင်းကြောင် ရေများ အမြန်ကျဆင်းသွားခြင်း မရှိသေးသည့်အတွက် စိုက်ပျိုးပြီးသော စပါးပျိုးပင်များမှာ ရေကြောင့် ပျက်စီးသွားရန် သေချာသလောက် ရှိနေကြောင်း ဒေသခံ တောင်သူများက ပြောဆိုနေကြသည်။
အာရှတစ်တိုက်လုံးရေကြီးမှုကြုံနေကြရတာပါ။ ဦးသိန်းစိန်အစိုးရဘယ်လိုဖြေရှင်းပေးမလဲ
စောင့်ကြည့်ရတော့မယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့အစိုးရကအနစ်နာခံပြီးပြည်ပက
ဝယ်ယူပြီးပြည်သူတွေကိုဈေးပေါပေါနဲ့ပြန်ရောင်းပေးပါတယ်။ရောင်းတဲ့နေရာမှာလည်းပွင့်
လင်းမြင်သာမှုရှိပါတယ်။ဘယ်သူမဆိုကြိုက်တဲ့အချိန်လာဝယ်တစ်ဈေးထဲဘဲကုန်သွားတယ်
ဆိုတာမရှိပါ။နိုင်ငံတော်မှာငွေမရှိဘူးလို့တော့မပြောပါနဲံ့စစ်ဗိုလ်ချုပ်အဟောင်းတွေနဲ့
လက်ရှိတွေနဲ့သူတို့ဆွေမျိုးတွေဆီမှာရှိပါတယ်အနှစ်နှစ်ဆယ်လုံးလုံး ကျောက်မျက်တွေ၊ gasတွေ။ဘိန်း
တွေရောင်းထားတဲ့ငွေတွေကသူတို့ဆီမှာပါ။နိုင်ငံတော်ရဲ့လိုအပ်ချက်ဆိုပြီး
စီမံကိန်းနဲ့ပြန်သိမ်းလိုက်ပါ။ပြည်သူတွေဆီကမရှိမဲ့ရှိမဲ့လေးတွေတောင်စီမံကိန်းဆို
ပြီးသိမ်းသေးတာဘဲ။တိုင်းပြည်ကိုကယ်တင်ချင်သူဦးသန်းရွှေနင့်တစ်ကွစစ်အရာရှိများ
တိုင်းပြည်အတွက်ပြန်ပေးဆပ်သင့်ပါတယ်။
စောင့်ကြည့်ရတော့မယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့အစိုးရကအနစ်နာခံပြီးပြည်ပက
ဝယ်ယူပြီးပြည်သူတွေကိုဈေးပေါပေါနဲ့ပြန်ရောင်းပေးပါတယ်။ရောင်းတဲ့နေရာမှာလည်းပွင့်
လင်းမြင်သာမှုရှိပါတယ်။ဘယ်သူမဆိုကြိုက်တဲ့အချိန်လာဝယ်တစ်ဈေးထဲဘဲကုန်သွားတယ်
ဆိုတာမရှိပါ။နိုင်ငံတော်မှာငွေမရှိဘူးလို့တော့မပြောပါနဲံ့စစ်ဗိုလ်ချုပ်အဟောင်းတွေနဲ့
လက်ရှိတွေနဲ့သူတို့ဆွေမျိုးတွေဆီမှာရှိပါတယ်အနှစ်နှစ်ဆယ်လုံးလုံး ကျောက်မျက်တွေ၊ gasတွေ။ဘိန်း
တွေရောင်းထားတဲ့ငွေတွေကသူတို့ဆီမှာပါ။နိုင်ငံတော်ရဲ့လိုအပ်ချက်ဆိုပြီး
စီမံကိန်းနဲ့ပြန်သိမ်းလိုက်ပါ။ပြည်သူတွေဆီကမရှိမဲ့ရှိမဲ့လေးတွေတောင်စီမံကိန်းဆို
ပြီးသိမ်းသေးတာဘဲ။တိုင်းပြည်ကိုကယ်တင်ချင်သူဦးသန်းရွှေနင့်တစ်ကွစစ်အရာရှိများ
တိုင်းပြည်အတွက်ပြန်ပေးဆပ်သင့်ပါတယ်။
ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော
ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော
ဧရာဝတီ| August 24, 2012 | Hits: 8,751
ရိုဟင်ဂျာအရေးဟာ သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်ရှိုင်းတာကြောင့်လို့ အမေရိကန် သံအမတ်က ပြောပါတယ် (ဓာတ်ပုံ- Reuters)
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
ရလဒ်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ “ကျနော်တို့ ထုံးစံ စနစ်၊ အစိုးရ၊ စစ်တပ်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေထက် ပိုကျယ်ပြန့်တယ်။ ဒီကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပုံရတဲ့ သည်းမခံတတ်မှုတွေကြောင့် ဖြစ်ရတာပါ။ ဆိုတော့ ဒီကနေ အကြီးအကျယ် စိတ်ပျက်စရာတွေ ပေါ်လာရတယ်။ ပြီးတော့ ငါတို့နဲ့ သူတို့ဆိုပြီး ပိုင်းခြားမှု ဒီဂရီ အရှိန်မြင့်လာခဲ့တော့တာပဲ” လို့ အမေရိကန် သံအမတ်က ပြောပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးဟာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မပတ်သတ်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန် အစိုးရအရာရှိများ အနေနဲ့ နှစ်ရှည်လများ ဒုက္ခခံခဲ့ကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံစားချက်တွေကိုလည်း အလေးဂရုပြုကြောင်း၊ နိုင်ငံတကာကလည်း ရိုဟင်ဂျာတွေကိုပဲ ဇောင်းပေးဖော်ပြနေကြောင်း ဒဲရက်မစ်ချယ်က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတာကို မကူညီ မစာနာရဘူးလို့ အဓိပ္ပါယ်မထွက်ဘူးလို့ ဆိုပါတယ်။
“သူတို့ဟာ နိုင်ငံမဲ့တွေပါ။ ဘယ်ကိုမှ သွားလို့လည်း မရဘူး။ ဒီကိစ္စ နိုင်ငံတကာမှာလည်း ပျောက်သွားမှာ မဟုတ်ဘူး” လို့ အမေရိကန် သံအမတ်က ဆိုပါတယ်။
ဩဂုတ်လ ၁၇ ရက် လွှတ်တော်ကို ပေးပို့တဲ့ သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာနဲ့အတူ ပါတဲ့ သုံးသပ်ချက်မှာလည်း ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ ရခိုင်နိုင်ငံရေး ပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး လူမျိုးရေး မုန်းတီးမှု သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ သုံးသပ်ချက်တွေဟာ အထောက်အထား ခိုင်လုံမှု မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်လို့ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်တဲ့အပြင် လူအတော်များများကလည်း ဝေဖန်ကန့်ကွက်ကြတာမို့ အဲဒီသုံးသပ်ချက်ဟာ သမ္မတ သဘောထားမဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ရပါတယ်။
အရင်ကလဲ အစ္စလမ်နိုင်ငံ ဖြစ်တဲ့ မလေးရှားကလဲ ရိုဟင်ဂျာတွေ ကို လက်မခံခဲ့ပါဘူး….ယိုးဒယားကလဲ လက်မခံ ခဲ့ပါဘူး..အဲဒီတုံးကတော့ နိုင်ငံတကာ အသံတွေ ဒီလောက်ထွက်မလာခဲ့ဘူး…ဘာကြောင့်လဲ???????
ရှင်းပါတယ်..သူတို့နိုင်ငံရဲ့ ဥပဒေတွေက တိတိကျကျ နဲ့ အုပ်ချုပ်သူ လူတွေက မာမာတင်းတင်း ရှိခဲ့တော့ ဘယ်သူက မှ အသံကျယ်ကျယ် ထွက်မလာခဲ့ဘူး…အခု မြန်မာနိုင်ငံ မှာ ဖြစ်တော့မှ ဟိုကအသံထွက် ဒီကအသံထွက် နဲ့ ဖြစ်လာရတယ်လို့….လတ်တလော ဖြစ်နေတာလေး ကို အချိန်မနှောင်းခင် ပြတ်ပြတ်သားသား ဆောင်ရွက်ဘို့ လိုပြီ…အခုရှုပ်မှ နောင်ရှင်း ဆိုသလို မထိတထိ နဲ့ တော့ ဆေးမီးတို သုံးပြီး မရှင်းကြပါနဲ့….အဓိက တရားခံ ကိုပြပါ ဆိုရင် ဘင်္ဂလားဒေ့ရှ် ကို ပြရမှာဘဲ…သူတို့ဘက်က နေခိုးဝင် လာတဲ့ အတွက် မြန်မာပြည် မှာ ပြသနာတွေ ဖြစ်လာရတယ် ဆိုတဲ့ အကြောင်း နိုင်ငံတကာ သိအောင် ပြောကြရပါမယ်…ပြန်လက်ခံ လိုက်ရင်တော့ ရခိုင်ပြည်နယ်ဟာ စုံးစုံးမြုပ်သွားနိုင်တယ် ဆိုတာ သတိထားကြပါ…အခွင့်သင့် တုံး ပြတ်ပြတ်သားသား ရှင်းကြပါ….-
Thurain August 24, 2012 - 9:46 pm
ဒဲရစ်မစ်ချယ်ပြောတာမှန်ပါတယ်
ဒါပေမယ့်… ဒါကမြန်မာနိုင်ငံလေ အမေရီကန်မှ မဟုတ်တာ
မျိုးချစ်စိတ်ဆိုတာ တိုင်းရင်းသားတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတွေမှာပဲရှိတာ
သူတို့ဆီမှာက ဒီလိုမျိုးမှ မဟုတ်တာ နိုင်ငံသားပေါင်းစုံ နေထိုင်ကြတာ
မျိုးချစ်စိတ်ဆိုတာကို သူတို့ဘယ်နားလည်ပါ့မလဲ
မြန်မာနိုင်ငံသားတွေကတော့ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြင်းထန်ကြတယ်
ဒါက အခုမှ မဟုတ် ဒို့ဗိုလ်ချုပ်တို့ လက်ထက်ကတည်းက မွေးမြူခဲ့တဲ့စိတ်
နိုင်ငံသားတိုင်းရဲ့ ရင်ထဲမှာ ကိန်းအောင်းနေပြီးသား
သီးခံတယ်ဆိုတာလည်း အတိုင်းအတာတော့ ရှိတယ်…
ကိုယ့်မြေ ကိုယ့်ရေပေါ်မှာ နေပြီး ကိုယ့်အမျိုးကို ထိပါ့လာလို့ကတော့ လုံးဝ လက်မခံနိုင်ဘူး
ဒီကနေ့ ဖြစ်ပျက်နေတဲ့ ရခိုင်အရးကိုလဲ
နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး
ဒို့မြေပေါ်မှာ နေခွင့်မပြောနဲ့ တစ်လက်မတောင်မှ ခြေချခွင့်မပေးနိုင်ဘူး…..
-
Naing Win August 24, 2012 - 3:55 pm
We are not hate them but we can’t accept them in our country.They need to go back to Banglandesh.If the international Society isn’t agreed that we will not afraid to defeat. -
peacock August 24, 2012 - 4:05 pm
http://www.mizzima.com/news/inside-burma/7835-us-sanction-policy-not-affected-by-rohingya-issue-us-ambassador.html
မူ၇င်းသတင်းနဲ့ အခုဘာသာပြန်ထားတာ တော်တော်ကြီးကို လွဲနေပါတယ်။
linkကို ဖွင့်ဖတ်ကြည့်ကြည့်ပါ။ လို၇ာဆွဲေ၇းမနေပါနဲ့။ ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့ကသိရှိ ထားပါကြောင်းလည်း ပြောကြားသွားပါတယ်။-
swe htwe August 24, 2012 - 8:08 pm
Irrawaddy,we watch you that you take care of our national interests or not. Don’t betrary our country.
-
-
တကယ်တော့ ရိုဟင်ဂျာဘင်္ဂလီ ဟာ မြန်မာပြဿနာ မဟုတ်ပါ။တကယ်လို့သူတို့သာအရှေ့တောင် အာရှနိုင်ငံတခုထဲကို အတွင်းထိ ထိုးဖောက်စုံစမ်းမယ်ဆို ရင်ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ ဟာ ဘင်္ဂလားဒေခ်ျ ကထွက်လာတယ် ဆိုတာ တွေ့လိမ့်မယ်။မူရင်းဒေသက ဘင်္ဂလားကလာပြီး ဘင်္ဂလားကသူ့လူမျိုးမဟုတ်ဘူးလို့ပေါ်တင်ငြင်းတယ်။အကြောင်းတခု ကြောင့်မြန်မာပြည်ကို ခုတုံးလုပ်နေကြတာပါ။
-
မှန်တာပေါ့ဗျာ။ အဲဒီ ဘင်္ဂံလားဒေ့ရှ် တွေကတောင် အနောက်နိုင်ငံတွေမှာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာဆိုပီး နိုင်ငံရေး ခိုလှုံခွင့်တောင်းတာ အားလုံးနီးပါး ရကြတယ်။ သူတို့က ဘင်္ဂံလားဒေ့ရှ်နိုင်ငံသား အစစ်တွေဖြစ်တယ်။ ဒါပေမဲ့ အနောက် နိုင်ငံတွေက သူတို့ကို အသိအမှတ်ပြုပြီးနေထိုင်ခွင့်ပေးတာကိုက အနောက်နိုင်ငံတွေက ရိုဟင်ဂျာ တွေကို မီးထိုးပေးလိုဖြစ်နေတယ်။
-
-
mozilla.media August 24, 2012 - 4:55 pm
ဓါတ်ပုံ ကြည့်ရတာ မြန်မာတွေက နှိပ်စက်ထားတဲ့ပုံ ထွက်နေပါတယ်….
ဒီလို မျက်ရေကျရတာ ကုလားမှ မဟုတ်ဘူး…. ရခိုင်ဘက်မှာလည်း ရှိတာပဲ….
ဒီဓါတ်ပုံကို ဘယ်မှာဖော်ပြထားတာကို ကူးယူဖော်ပြပါသလဲ သိချင်ပါတယ်….
ဧရာဝတီက မဂ္ဂဇင်းက ရွေးချက်ဖော်ပြတာဆိုရင် တော့ဧရာဝတီ မဂ္ဂဇင်းကို မရိုးသားဟု စွပ်စွဲ ပြောဆိုရမှာ ဖြစ်ပါတယ်…. -
http://www.mizzima.com/news/inside-burma/7835-us-sanction-policy-not-affected-by-rohingya-issue-us-ambassador.html
မူ၇င်းသတင်းနဲ့ အခုဘာသာပြန်ထားတာ တော်တော်ကြီးကို လွဲနေပါတယ်။
linkကို ဖွင့်ဖတ်ကြည့်ကြည့်ပါ။ လို၇ာဆွဲေ၇းမနေပါနဲ့။ ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာအရေးကိစ္စအပေါ် အလွန်အမင်း အသားပေးပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့ကသိရှိ ထားပါကြောင်းလည်း ပြောကြားသွားပါတယ်။ -
thargyi August 24, 2012 - 5:57 pm
ရိုဟင်ဂျာ ရဲ့ မူလဇစ်မြစ်က ဘင်္ဂလားဒေရ်နိုင်ငံပါ ၊ အဲ့ဒီနိုင်ငံ ရဲ့ သဘာဝရမြေနေအားနဲ့ လူဦးရေပေါက်ဖွာမှု့ နှုန်းထားဟာ ကြောက်ခမန်လိလိ နိင်ငံနဲ့ လူဦးရေဟာ မမျှမတ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ ရာသီဥတုကောင်မွန်သာယာတဲ့ ရခိုင်တိုင်းရင်းသားတွေ အခြေချ နေထိုင်ရာအရပ်ကို လယ်ထွန်ဖို့လူငှားရတော့ ဈေးပေါးပေါးနဲ့  ငှားလို့ရတဲ့ ရိုဟင်ဂျာတွေကို တဖက်နိုင်ငံကနေ ငှာရမ်းခဲ့ကြသလို ရခိုင်တွေကလည်း တဖက်နိုင်ငံမှာ စီးပွားရေးသွားလုပ်နေကြတာပါ ဘင်္ဂလားဒေ့ရ် နိုင်ငံရဲ့ နယ်စပ်မြို့ Coxbazar မှာ ရခိုင်တိုင်ရင်းသားပိုင် ဆိုင်ခန်းတော်တော်များများရှိသလို မြန်မာနိုင်ငံထဲမှာရှိတဲ့ ဗူးသီတောင် မောင်တော မှာလည်း ဘင်္ဂလီရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ ဆိုင်ခန်းတွေရှိကြပါတယ် ၊အချို့လည်း ဟိုဖက်ဒီဖက် နိုင်ငံသားတွေဖြစ်နေခဲ့ကြသလို လွတ်တော်တွေထဲ အထိအမတ်အဆင့်ထိတောင်ရောက်ရှိနေကြပါပြီ ဒါကြောင့် ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ပါတယ်လို့ဘဲ ပြောခြင်ပါတယ်။ -
ထွန်းထွန်း August 24, 2012 - 6:06 pm
သိတ်စိတ်ပူနေတယ်ဆိုလဲ မင်းတို့နိုင်ငံမှာခေါ်ထားလိုက်ပေါ့ကွာ.. -
Ommar Myint August 24, 2012 - 6:12 pm
သီတဂူ ဆရာတော်ပေးတဲ့ ဥပမာအတိုင်း လူနောက်လိုက်နေတဲ့ ခွေးဟာ ခဲပစ်ပေးလိုက်ရင် လူနောက်ကို ဆက်မလိုက်တော့ဘဲ ခဲနောက်ကို လိုက်သွားပါတယ်တဲ့..ခြင်္သေ့ ကြတော့ ခဲပစ် ပေးလိုက်ရင် ခဲနောက်မလိုက်ဘဲ လည်ပြန်ကြည့်ပြီး ခဲပစ်လိုက်တဲ့ဘက်ကို လိုက်ပါတယ် တဲ့..အဲဒီ့ဥပမာလေးအတိုင်း လိုက်နာဆောင်ရွက် နိုင်ကြပါစေ….. -
swe htwe August 24, 2012 - 7:46 pm
We don’t hate them. We don’t want accept them because it is our national security. OIC should accept them. Cd -
ဖိအားတွေနည်းမျိုးစုံနဲ့ပေးနေကြတယ်….မြန်မာနိုင်ငံမို့လို့ပြောနေကြတယ်လိုထင်တယ်….တခြားတနိုင်ငံသာဆိုရင်ဒီလောက်ထိဖိအားပေးကြမယ်လို့မထင်ပါ….
-
မင်းကြီးညို August 24, 2012 - 11:17 pm
ဘင်္ဂါလီရိုဟင်ဂျာတွေအင်အားများလာရင် ရခိုင်ပြည်နယ်ဟာ ဒုတိယ ကိုဆိုဗိုနိုင်ငံဖြစ်သွား
နှိုင်ပါတယ်။ ကိုဆိုဗိုမှာ ပြင်ပမှခိုးဝင်လာသော မွတ်စလင်တွေကြောင့် ဒေသခံတိုင်းရင်းသား
တွေက လူနည်းစုဖြစ်သွားပြီး၊ မွတ်စလင်ပြည်နယ်ဖြစ်သွားပါပြီ။ ဒေသခံတွေက ဧည့်သည်လို
ဖြစ်သွားပြီး ပြင်ပမှခိုးဝင်လာတဲ့ မါတ်စလင်တွေက အိမ်ရှင်ဖြစ်သွားပြီး မွတ်စလင်ပြည်နယ်
အဖြစ်ပြောင်းလဲသွားပါပြီ။အနောက်နိုင်ငံတွေကသိသိကြီးနဲ့ လက်ခံလိုက်တာဟာ သူတို့နိုင်ငံ
မှာမဖြစ်ရင်ပြီးရောဆိုပြီးကြည့်နေကြတာပါ။ကျွန်တော်တို့ရဲ့မြန်မာပြည် မည်သည့်အစိတ်အပိုင်း
ကိုမျှ ကိုဆိုဗိုကဲ့သို့ မွတ်စလင်ပြည်နယ်အဖြစ် အရောက်မခံနှိုင်ပါ။ -
သုဝဏ္ဏ August 25, 2012 - 1:49 am
သတင်းဓါတ်ပုံတွေတင်တဲ့နေရာမှာ သတင်းဌာနတော်တော်များများဟာ ဒီဘင်္ဂလီရိုဟင်ဂျာတွေရဲ့အပူရုပ်တွေကိုဘဲ တင်ကြတာများတယ် ဧရာဝတီလဲဒီအတိုင်းဘဲ ရခိုင်တိုင်းရင်းသားတွေရဲ့သောကနဲ့ ခံစားမှုပုံတွေကိုကျတော့ မတင်ချင်ကြတာဘာ့ကြောင့်လဲ…စာနယ်ဇင်းကျင့်ဝတ်ကြောင့် ဘာညာဆိုပြီးလုပ်ဦးမလို့ လား တဖက်သတ်ဆန်လွန်းတာ မြင်သာပါတယ်ဗျာ… -
မြန်မာ တိုင်းရင်းသူ August 25, 2012 - 2:48 am
ကိုကို ဒယ်ရက် မစ်ချယ် ရယ်။ ရှင်တို့ တိုင်းပြည် အနောက်တောင်ဘက်မှာ မက်စီကိုဘက်က ခိုးဝင်တာတွေပဲ အရင် နိုင်အောင် လုပ်ပါ။ ဘယ်လို ၇ှင်းမယ် တွေးပါ။ သူများ တိုင်းပြည်ကိစ္စ သိပ် ခေါင်းထဲ မထည့်ပါနဲ့။ သူ့အိမ်ရှင်နိုင်ငံက သူ့ ဧည့်သည်ကိစ္စ သူ့ဘာသာ ရှင်းပါလိမ့်မယ်။ စေတနာနဲ့ သတိပေးတာနော်။ -
ရိုဟင်ဂျာအကြောင်းပြောရင်တော့ပြီးမှာမဟုတ်ဘူး။ နာမည်ပျက်၊ အမျိုးဖျက် မီဒီယာမဖြစ်ဖို့က အရေးကြီးတယ်။
-
ထိုးဖောက်စုံစမ်းမယ်ဆို ရင်ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ ဟာ ဘင်္ဂလားဒေခ်ျ ကထွက်လာတယ် ဆိုတာ တွေ့လိမ့်မယ်။မူရင်းဒေသက ဘင်္ဂလားကလာပြီး ဘင်္ဂလားကသူ့လူမျိုးမဟုတ်ဘူးလို့ပေါ်တင်ငြင်းတယ်။အကြောင်းတခု ကြောင့်မြန်မာပြည်ကို ခုတုံးလုပ်နေကြတာပါ။
အထက်က ကို Same ပြောတာ အယမ်းမှန်တေဗျာ။ ကျနော် မလေးချား ထောင်ထဲမှာတုံးက တွေ့ခဲ့တဲ့ တစ်ခုပါ ဘင်္ဂလီတွေ့ အများကြီးပေ့အေးမာ ရိုဟင်ဂျာဘင်္ဂလီ မြန်မာနိုင်ငံ ရခိုင်ပြည်က လာတာပါလတ် သူတို့ကိုမီးကြည့်တော ဗာမာစကား လေးမတတ်ဘူ ရခိုင်စကာလေး မတတ်ဘူး။ ဆိုတာသူတို့ကို ဆက်မေးတော မင်းတို့ဘာဖြစ်တို့ မြန်မာပြောသလေးလို့ မေးတော သူတို့က ကျနော်တို့က မြန်မာမခံလို့ရှိယင် မလေး ထေင်ကနီလွတ်တာနှင့် သူတို့ကို ဘင်္ဂလာကိုဒါရိုက် လှေယေနှင့်ပြန်ပို့မေဟာကို ကြောက်လို့ မြန်မာခံတာလို့ပြောတေ။
ဒါဆို သူတို့တွေက ဘင်္ဂလာကနီလှေနှင့် ထွက်တာနှင့် ရိုဟင်ဂျာအမည်ခံပြီ။
ပြက်သာနာက ဘင်္ဂလားဒေခ်ျကနီစက်တာ အေးဒါကို မြန်မာ အစိုးရတွေက ဘာမှကိုပြန်မပြောဘူ ဒီအတိုင်ကြည့်နေတေ။ -
ထွန်းလင်း August 25, 2012 - 6:08 am
ဗမာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသို့-
အမေရိကန် သံအမတ်ကြီး ပြောတဲ့ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” ဆိုတဲ့စကားကို ဒီအချိန်မှမပြောသင့်ပါဘူး ၉/၁၁ နေ့မှာပြောပါတယ် အမေရိကန် သံအမတ်ကြီး ကို တခုပြေလိုက်ပါရစေ ကျနော်တို့ဗမာပြည်သူပြည်သာွးသည် ဗုဒ္ဒဘာသာဝင်များ ဖြစ်သည်နှင့်အညီ သနား သည်းခံ ပေးကမ်းစွန့်ကြဲ ခြင်း တို့သည်လူတိုင်းတွင်ရှိကြသော်လည်း မိမိတိုင်းပြည် နှင့် မိမိလူမျိုး ကို ကျူးကျော်စော်ကားခြင်း ကိုတော့ ခေါင်းငုံ့ ခံနေမည့်လူမျိုးမဟုတ်ပါ ။ထို့အပြင် အနာဂတ်ကာလ တွင်မိမိတို့တိုင်းပြည်အတွင်း ယခုကဲ့သို့ အကြမ်းဖက်ဝါဒီများကို လက်ခံခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများ ( ထိုင်း နိုင်ငံတောင်ပိုင်း / ဖိလစ်ပိုင်နိုင်ငံ/ အမေရိကန် WTC ) တို့ကဲ့သို့မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား က သဘောထား အတွက် ဗမာပြည်သူတွေမှာ အပြစ်ရှိပါသလား
သံအမတ်ကြီး ခင်ဗျား လူ့အခွင့်အရေးဆိုတာ လူတိုင်းမှာရှိပါတယ် လူတိုင်းသည် လွတ်လပ်စွာ ရှင်သန် နေထိုင် ပြောဆို ရေးသား တွေးခေါ် လုပ်ကိုင် ခွင့် ရှိသော်လည်း တခြားသူတပါး ကိုမထိခိုက်စေသင့်ပါ ထို့ကြောင့် ဗမာပြည်သားတွေမှာ ရန်လိုသူ အကြမ်းဖက်သမား အစွန်းရောက်တွေကို လက်မခံပိုင်ခွင့်လည်းရှိပါတယ် တကယ်လို့ သံအမတ်ကြီး က ကျနော်တို့ ဗမာပြည်သားတွေ ကသည်းမခံတတ်ဘူး လို့ထပ်ပြောနေဦးမယ်ဆိုရင် အဲဒီ ဘင်္ဂာလီတွေကို အမေရိကန်မှာ အခြေချနေထိုင်ခွင့်ပေးသင့်ပါတယ် အဲ နောင်နှစ်၂၀လောက်ကြာရင် အမေရိကန်နိုင်ငံရဲ့အခြေအနေကို ကြည့်တဲ့အခါ ပြန်လည်ပြင်ဆင် အစားထိုးလို့မရနှိုင်တဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံရမယ်ဆိုတာ သံအမတ်ကြီး မယုံရင်စမ်းကြည့်စေချင်ပါတယ်
နောက်ဆုံးတခုပြောပါမယ် အစ္စလမ်မစ်တိုင်းသည် အကြမ်းဖက်သမားမဟုတ်သော်လည်း အကြမ်းသမားများ၏ ၉၀ % သည် အစ္စလမ်မစ် များဖြစ်ကြပါတယ် ဆိုတာပါပဲ ။
ဗမာ့မြေပေါ်တွင် မည်သည့်အကြမ်းဖက်သမား မှ ခြေချခွင့်မပြုနှိုင် ခြင်းသည် ဗမာပြည်သားတွေ၏ အပြစ်မဟုတ်ပါကြောင်း ။ -
အမေရိကန်သံအမတ်ကြီးပြောတာမှန်ပါတယ်၊နှစ်ပေါင်းများစွာလူ.အခွင်ရေးအတွက် တိုက်ပွဲဝင်းခဲ့သူတွေလည်းတိုးတက်တဲ့အပြင်မရှိဘူးလိုပြောသွားတာဘဲ၊ဒါကြောင့်ဒီမိုကရေစီအတွက်လက်သီးလက်မောင်းတန်းနေသူတွေကဘယ်လိုအကြောင်ဘဲဖြစ်ဖြစ်မပြောခင်သမိုင်းကို လေ့လာပြီးပြောဆိုတာသည်သာအကောင်းဆုံးပါဘယ်။သံအမတ်ကြီးရဲ့စကားထဲမှာတွေးထင်တာတယ်ဆိုတာအခုလက်ရှိအခြေအနေမှာဒီမိုကရေစီသမားစစ်စစ်မဟုတ်ဘူးလိုပြောလိုက်တာနဲအတူတူပါဘယ်။ ဒီလိုဆိုတော့ရခိုင်မျိုးချစ်တွေကသံအမတ်ကြီးကိုဆဲဆိုးပြီးcomment ရေးကြအုံးမလာမသိပါဘူး။
Subscribe to:
Posts (Atom)
ချင်တော့ဘူး။ဒါကိုသမ္မတကြီးကနေနိုင်နင်းအောင်နှိပ်ကွပ်နိုင်ပါစေလို့ဘဲဆုတောင်းပေးပါတယ်။
ခုဆက်သွယ်ရေးကိစ္စနဲ့ပါတ်သက်လို့သတင်းမှာဖေါ်ပြထားတဲ့အတိုင်းဆိုဘာကိုပြသလဲဆိုတော့
အရင်ကကောင်းခဲ့စံစားခဲ့ရတာလေးတွေကိုသံယောဇဉ်မပြတ်နိုင်သေးလို့ဆက်ပြီးတွဲနေချင်ကြ
သေးတယ်ထင်ပါတယ်(ဗုဒ္စအလိုကျပြောရရင်တဏှာဥပါဒါန်မပြုတ်သေးတဲ့သက္ကာယဓိဌိတွေ)
တကယ့်ဒီမိုကရေစီနိုင်ငံတွေမှာကအစိုးရကစီးပွါးေ၇းမလုပ်ပါ၊ပုဂ္ဂလိကကိုလုပ်ပိုင်ခွင့်တွေပေးပြီး
အဲဒီလုပ်ငန်းတွေပေါ်မှာအခွန်စည်းကျပ်ယူတာဘဲရှိတယ်၊ဒါတွေသူတို့မသိမဟုတ်သိသိနဲ့ကုလား
ကြီးကိုအရာကြီးလုပ်နေတာ၊နေရာတကာဝင်ပြီးချယ်လှယ်ဗိုလ်ကျအုပ်ချုပ်ချင်နေသေးရင်စစ်
မှန်တဲ့ပြုပြင်ပြောင်းလဲမှုမဖြစ်သေးဘူး။
ကွန်ပျုတာ(၁)ယောက်တစ်လုံးစီပေးနိုင်သေးတာပဲ။ မြန်မာနိုင်ငံအဲလောက်မဆင်းရဲသေးပါဘူး။ အုပ်ချုပ်သူတာဝန်ရှိသူတွေမှာတာဝန်ရှိပါတယ်။
ြ့ပည်သူတွေက မျော်လင့်ချက်တွေအများကြီး မျော်လင့်ထားကြတယ်။
ဒါပေမယ့် မျော်လင့်သလောက်ဖြစ်မလာရင်……..?
ကဲပါ ကိုယ့်ပါကိုယ်စဉ်းစားကြစို့။