Thursday, March 21, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား၊ သမ္မတဖြစ်ပိုင်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်နှင့် ပတ်သက်၍ တင်သွင်းလာပါက လက်ခံဆွေးနွေးမည်


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား၊ သမ္မတဖြစ်ပိုင်ခွင့်ဆိုင်ရာ ပြင်ဆင်ချက်နှင့် ပတ်သက်၍ တင်သွင်းလာပါက လက်ခံဆွေးနွေးမည်

AddThis Social Bookmark Button
w1-20-3-3
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်ဦး အဆိုတင်သွင်းနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်ကEleven Media Group ၏ မေးမြန်းချက်ကို မတ် ၁၈ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
မတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ၀က်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က "နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း" အဆိုကို တင်သွင်းခဲ့သည်။ ၎င်းအဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က "ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်းနိုင်ဖို့က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယကဆီ ပို့ရမယ်။ ပြည်ထောင်စု လွှတ်တော်က ဒါကို အတည်ပြုလိုက်ပြီဆိုရင် ဒါက ဖွဲ့ရတော့မှာပဲ။ အဲတော့မှ ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့မယ်ဆိုတာ အမိန့်တွေ ထွက်လာမယ်။ ဖွဲ့ဖို့အတွက် အဆိုပြုတာဖြစ်တဲ့အတွက် စပြီးတော့ Action ယူနေပါပြီ"ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ သူရဦးအေးမြင့်က "ကော်မတီ ဖွဲ့စည်းပြီးရင်တော့ တိုင်းရင်းသားတွေ ဖိတ်ကြားပြီး တခြားပါတီတွေရဲ့ ဆန္ဒတွေကိုလည်း ယူရမှာပါ။ တိုင်းရင်းသားတွေရော၊ ပါတီတွေရော အားလုံးရဲ့ဆန္ဒကို အကုန်ယူပါမယ်"ဟု ဆက်လက် ပြောကြားခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တာက ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ပါသလား"ဆိုသည့် မေးခွန်း နှင့်ပတ်သက်၍ "အခုကတည်းက လုပ်ပြီဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်လောက်တယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘယ်အချက်တွေကို ပြုပြင်သင့်တယ်လို့ ထင်ပါသလဲ" ဟု မေးမြန်းရာတွင် "အဲဒါက တော်တော်လေး ပြောရခက်တယ်။ အခြေအနေနဲ့ အချိန်အခါနဲ့ မကိုက်ညီတဲ့ အချက်တွေက အထိုက် အလျောက် ရှိနေကြတာပဲ။ အဲဒါတွေကို စုဆောင်းပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်"ဟု ဖြေကြားခဲ့သည်။
"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် သမ္မတဖြစ် ခွင့်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန် ရှိပါသလား" ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ "တိုင်းရင်းသားတွေ၊ ပါတီတွေ တင်ပြလာရင်၊ ဆွေးနွေးလာရင် လက်ခံ ဆွေးနွေးရမှာပဲ။ ပြင်သင့်၊ မပြင်သင့်တော့ အများကြီး စဉ်းစား ဆုံးဖြတ်ကြရမှာပဲ။ ဒီအချက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ မှာပါနေတဲ့ အချက်ဖြစ်နေတာကို။ ဒီအချက် ပါလာရင်တော့ ပြန်လည် ဆွေးနွေးကြရမှာပေါ့" ဟု ပြန်လည် ဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူအများ သဘောတူမည်ဆိုပါက အစိုးရ အနေဖြင့်လည်း သဘောတူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က နော်ဝေနိုင်ငံ၌ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Comments  

 
+5 # ၂မောင် 2013-03-21 18:21
ကောင်းတာတွေဘဲဆက်လက်ဖြစ်ထွန်းပါစေ
ပြည်သူတွေကတော့ သမတအတွက်သတ်မှတ်ချက် န၈`၈ိုလ်ထဲက ၁၉၉၃ ကတဲက ပြင်စေချင်ကြတာပါ
 
 
+90 # s thant 2013-03-20 15:14
ဗိုလ်ချုပ်ပြောတဲ့စကားတွေကိုလိက်နာကျင့်သုံးခဲ့မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံတော်ကြီးတိုးတက်ခေတ်မှီနေပြီပေါ့ဗျာ၊ဗိုလ်ချုပ်ပြောတဲ့စကားတွေကိုလိုရာလောက်ကိုပဲဆွဲသုံးပြီးမလိုချင်တာတွေကိုအသူတရာနကါတဲ့ချောက်ကြီးထဲကိုပစ်ချထားခဲ့တာကြောင့်လည်းမြန်မာပြည်ကြီးဟာဗိုလ်ချုပ်ပြောတဲ့ ဖာ နိုင်ငံကြီးဖြစ်နေတာပေါ့ဗျာ။။။
 
 
+7 # myint thein 2013-03-20 18:15
I like your comment, your idea, and your attitude. We Myanmar are lacking in uprightness and honesty that we could not have obeyed and implemented Bo Gyoke's instructions faithfully. Now is the time to fulfil Bo Gyoke's aspiration.
 
 
+50 # THU THU 2013-03-20 11:59
အနံ ပေး လှဲ့ တိုက် ခေတ်သစ် ဗန်ရှည် တိုက် ကွက်ဒါမျိုးတော့ ဆရာ အောင်ဆန်း တင်တယ်၊ ကျန်တဲ့ဟာတွေ တော့။အင်း..

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။