မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၌ သေဆုံးသူ ၄၂ ဦးနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Created on Friday, 29 March 2013 11:53
မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ မတ်လ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၂ ဦး၊ အမှုဖြင့် ဖမ်းဆီးထားသူ ၆၈ ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီအထိ ဖြစ်ပွားခဲ့သော နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှ ထိခိုက်၊ ဒဏ်ရာရ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံး စာရင်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ ၄၂ ဦး၊ ဆေးရုံတက်ရောက် ကုသသူ ၉၃ ဦး၊ ဆေးရုံမှ ဆင်းသွားသူ ၆၃ ဦးနှင့် ကုသဆဲ ၃ဝ ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ ၆၈ ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ ၁၅ ဦးရှိကြောင်း သိရသည်။
ယင်းပဋိပက္ခ ဖြစ်စဉ်များ၌ အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် ၁၂၂၇ လုံး၊ ဈေးဆိုင်ခန်း ၇၇ ခန်း၊ ရုံး ၁ ရုံး၊ ဘာသာရေး အဆောက်အဦ ၃၇ လုံး၊ ဆန်စက်/ဂိုဒေါင် ၄ လုံး၊ ကား/ထော်လာဂျီ ၂၁ စီး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် ၃ စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
No comments:
Post a Comment