Friday, March 29, 2013

အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည်


အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ကွန်တိန်နာတစ်စီး ကျပ် ၄ဝဝဝ၊ ယာဉ်ငယ်တစ်စီး ကျပ် ၁၅ဝဝ ကို Asia World ကုမ္ပဏီမှ ဧပြီ ၁ ရက် စတင်ကောက်ခံမည် 

Created on Saturday, 30 March 2013 11:59

AddThis Social Bookmark Button
အသစ်ဖောက်လုပ်ထားသော ရန်ကုန်မြို့ ကမ်းနားလမ်းသစ်တွင် ယာဉ်ဖြတ်သန်းခအဖြစ် ပေ ၂ဝ နှင့်အထက် ကွန်တိန်နာ တစ်စီး ကျပ် ၄ဝဝဝ၊ ၁၄ ပေ အောက် ယာဉ်ငယ်တစ်စီးလျှင် ကျပ် ၁၅ဝဝ နှုန်းဖြင့် Asia World ကုမ္ပဏီက တာဝန်ယူ၍ ဧပြီ ၁ ရက်မှ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သတင်းရရှိသည်။
ကမ်းနားလမ်းသစ်တွင် ဖြတ်သန်းမည့် ယာဉ်များအနေဖြင့် ယာဉ်ဖြတ်သန်းခ တစ်ကြိမ်ပေးထားရုံဖြင့် နံနက် ၆ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအထိ အကျုံးဝင်ပြီး ထပ်မံပေးဆောင်ရန် မလိုကြောင်း သိရသည်။
ကမ်းနားလမ်းသစ်ပေါ်တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်၍ ယာဉ်များဖြတ်သန်းခွင့် ပေးခဲ့ပြီး ဖေဖော်ဝါရီ လကုန်မှစတင်၍ လမ်းအသုံးပြုခအဖြစ် ၁၄ ပေအောက် ယာဉ်ငယ်များကို ကျပ် ၁၅ဝဝ နှင့် ၁၄ ပေအထက် ယာဉ်ကြီးများကို ကျပ် ၄ဝဝဝ ကောက်ခံရန် စီစဉ်ခဲ့သည်။
သို့သော် ယင်းနှုန်းထားအား ပြန်လည်ညှိနှိုင်းခဲ့ခြင်းနှင့် လမ်းသစ်ပေါ်တွင် မီးပွိုင့်အချို့ ပြုလုပ်ပေးရန် ကျန်ရှိနေသောကြောင့် ယာဉ်ဖြတ်သန်းခကို ဖေဖော်ဝါရီလတွင် ကောက်ခံရန် စီစဉ်ခဲ့ရာမှ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ယခု ဧပြီ ၁ ရက်နေ့တွင်မူ ယခင်သတ်မှတ် နှုန်းထားအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ပြီး ယာဉ်ဖြတ်သန်းခ ကောက်ခံရေး ဂိတ်နှစ်ခုထားရှိကာ ကောက်ခံသွားမည် ဖြစ်သည်။

ကမ်းနားလမ်းသစ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Asia World ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ လမ်းအရှည် ၅ ဒသမ ဝ၆၉ မိုင် ရှိကြောင်း၊ ယာဉ်သွားလမ်း အကျယ် ၄၈ ပေရှိကာ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းနယ်မြေများ ဖြစ်သော ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များအား ဖြတ်သန်း ဖောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ကမ်းနားလမ်းသစ်ကို ယခင်ထုတ်ပြန်ချက်အရ ဆိပ်ကမ်းနယ်မြေသို့ ဝင်ထွက်သွားလာသော ကွန်တိန်နာယာဉ်များ သီးသန့်ဖြတ်သန်း သွားလာရန် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ကွန်တိန်နာအပြင် အခြားယာဉ်များကိုလည်း ဖြတ်သန်းခွင့် ပြုထားသည်ကို တွေ့ရသည်။
''ကမ်းနားလမ်းသစ်ကို ယာဉ်ဖြတ်သန်းခွင့်ပေးတော့ ကွန်တိန်နာအပြင် အခြားယာဉ်ငယ်ပါ ဖြတ်ကြတယ်။ ဒါပေမယ့် ယာဉ်ဖြတ်သန်းခ ကောက်ခံရင် ၁၄ ပေအောက် ယာဉ်ငယ်တွေလည်း ကျပ် ၁၅ဝဝ ပေးရတဲ့အတွက် ယာဉ်ငယ် အတော်များများတော့ ဖြတ်သွားကြမှာ မဟုတ်ဘူး'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

Comments  

0 # kyawwonna 2013-03-30 12:33
Asia World ကုမ္ပဏီ အနေနဲ့
ရန်ကုန်တိုင်း ၀န်ကြီးဌာန တစ်ခုလုံး ယူလိုက်ယင်
ပိုကောင်း ပိုသင့်တော် လိမ့်မယ် ထင်ပါတယ်။။
မထသ တို့ သမ ၀န်ကြီးဌာန တို့ဆိုယင် အပို ဌာနတွေ။
ငွေကို ဘယ်လိုရှာရမယ် မသိ။။ငွေထိုင် ဖြုန်းနေတဲ့ ဌာနတွေ...။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။