မြန်မာစာနဲ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အလေးမထားတဲ့ International School များ
မြန်မာတစ်ယောက်ဟာ အင်္ဂလိပ်တစ်ယောက်လို အင်္ဂလိပ်စကားပြောတတ်ပေမဲ့ အင်္ဂလိပ်တော့
ဖြစ်မသွားပါဘူး။ မြန်မာဖြစ်ပြီး မြန်မာစာကို
ကောင်းကောင်းမရေးတတ်မဖတ်တတ်လို့
အင်္ဂလိပ်လည်းမဖြစ
် မြန်မာလည်း မပီသနဲ့
ဟိုမရောက်ဒီမရောက် အောက်ကလိအာတွေ ပဲ ဖြစ်လာမှာပါ။မြန်မာပြည်မှာနေတဲ့
မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာ စာ မရေးနိုင်မဖတ်နိုင်တာဟာ
ရှက်တတ်ရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။
မြန်မာပြည်မှာ
ဖွင့်ထားတဲ့ ပိုက်ဆံတတ်နိုင်သူတွေရဲ့ သားသမီးတွေသာ တတ်နိုင်တဲ့
International school ကကျောင်းသားတွေဟာ
မြန်မာစာကောင်းကောင်းရေးတတ်ဖတ်တတ်ခြင်းမရှိဘူးလို့ ကြားနေရတယ်။ဒီကိစ္စဟာ (ပုံကြီးချဲ့တယ်လို့ပဲ ထင်ချင်ထင်) ဘင်္ဂါလီကျုးကျော်မှုကိစ္စလို
တိုင်းပြည်ရှေ့ရေးအတွက် အင်မတန်စိုးရိမ်စရာကောင်းပါတယ်။ မြန်မာမှာ
ချမ်းသာတဲ့၊ အာဏာရှိတဲ့၊ ပညာတတ်တဲ့၊ စီးပွားရေးအင်အားတောင့်တင်းတဲ့
အထက်တန်းနဲ့ အလတ်တန်းစားလူတန်းစားက ပေါက်ဖွားလာတဲ့ ဒီကလေးတွေက
ငွေကုန်ကြေးကျခံပြီး နိုင်ငံတကာမှာသွားရောက်ပညာသင်နိုင်သူများဖြစ် လို့
နောင်တစ်ချိန်မှာ မြန်မာပြည်မှာ ထိပ်တန်း နိုင်ငံရေးသမားတွေ၊
စီးပွားရေးလုပ်ငန်းရှင်တွေ၊ပညာရှင်တွေဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့
အနာဂတ်ကို ပုံဖော်ရာမှ အရေးပါသူတွေ ဖြစ်လာမှာပါ။ ဒီလို
မြန်မာနိုင်ငံရှေ့ရေးမှာ အရေးပါတဲ့လူတန်းစားတစ်ရပ်ဖြစ်လာမဲ့ ကလေးတွေက
မြန်မာစာကောင်းကောင်းမရေးတတ်မဖတ်တတ်ခဲ့ရင် ကိုယ့်စာပေ ကို
ကောင်းကောင်း မရေးမဖတ်တတ်တဲ့သူတွေက ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုကို
ဘယ်ချစ်တတ်ပါ့မလဲ။ ဒီကလေးတွေ ဦးဆောင်တဲ့နိုင်ငံဟာလည်း
ရုပ်ဝတ္ထုပိုင်းတွေတိုးတက်လာရင်တောင် အမျိုး၊ဘာသာ၊သာသနာကို
ပျက်ပြားစေဖို့တွေသာဖြစ်လာနိုင်မှာပါ။
လူတစ်ယောက် ကိုယ့်လူမျိုး၊
ယဉ်ကျေးမှုနဲ့ ဘာသာ၊သာသနာကိုချစ်တတ်ဖို့ဆိုတာ ကိုယ့်နိုင်ငံရဲ့
ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့ကလည်း
အဓိကအချက်ဖြစ်ပါတယ်။ကိုယ့်စာပေတောင် ကောင်းကောင်းမရေးနိုင်မဖတ်နိုင်သူတွေက
မြန်မာ့
ယဉ်ကျေးမှုကို ဘယ်လိုလုပ် ဂုဏ်ယူတန်ဖိုးထားနိုင်ပါ့မလဲ။
မြန်မာလူမျိုးအချို့ တလွဲဆံပင်ကောင်းပုံက
အချို့မိဘတွေက မိမိကလေးတွေ
အင်္ဂလိပ်ကျောင်းတတ်လို့ မြန်မာလိုတောင် ကောင်းကောင်းမရေးတတ်မဖတ်တတ်တာကို
ဂုဏ်ယူကြွားဝါတတ်ကြတယ်။ အချို့မြန်မာတွေ နိုင်ငံခြားရောက်တာ
လပိုင်းလေးအတွင်းမှာ
တစ်သက်လုံး ပြောလာတဲ့ မိခင်ဘာသာစကားကို
သိပ်မပြောတတ်တော့သယောင် အရှင်လတ်လတ် နိုင်ငံခြားသားဖြစ်သွားသလိုလို
ကြံဖန်ဂုဏ်ယူချင်ကြတယ်။ ဒါတွေဟာ ကိုယ့်စာပေရဲ့ တန်ဖိုးနဲ့ ကိုယ်ကိုးကွယ်တဲ့
ဘာသာသာသနာတန်ဖိုးကို မသိတော့ (၀ါ) ကိုယ်ခံအားမကောင်းတော့
နိုင်ငံခြားဆိုတာနဲ့ နတ်ပြည်လိုအထင်ကြီးတတ်ပြီး ကိုယ့်နိုင်ငံကို
အထင်သေးတတ်တဲ့လူတွေရဲ့ ရောဂါတစ်မျိုးပါ။
ကမ္ဘာ့ငြိမ်းချမ်းရေး
နိုဗယ်လ်ဆုရထားပြီး အင်္ဂလိပ်စကားကို နိုင်ငံတကာကခေါင်းဆောင်တွေ
လေးစားရလောက်အောင် အဆင့်မြင့်မြင့်ပြောနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က
မြန်မာတွေ ကိုယ့်မိခင်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ပြောတတ်ဖို့
လိုတယ်ဆိုတာ အမေရိကန်ရောက်တုန်းပြောခဲ့ပါတယ်။
International school တွေ
မြန်မာပြည်မှာလာဖွင့်တဲ့အတွက် မြန်မာကလေးတွေ အင်္ဂလိပ်စာ ကောင်းတာကတော့
ကောင်းကျိုးပေါ့။ ကောင်းကျိုးနဲ့ ဆိုးကျိုးဘယ်ဟာတွေက ပိုများလဲဆိုတာတော့
သေချာတွက်ဆရမယ်။ ပိုက်ဆံတွေ သောက်သောက်လဲပေးထားရတဲ့ကျောင်းတွေတက်လို့
အင်္ဂလိပ်စာကောင်းကောင်းတတ်တာတော့ မဆန်းပါဘူး။
မြန်မာနိုင်ငံမှာ
ဒီလောက်ပိုက်ဆံကုန်တဲ့ကျောင်းတွေ တက်နေရင်းက မိခင်ဘာသာစကားကို
ကောင်းကောင်းမရေးတတ် မပြောတတ်တော့တာကတော့ ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုပါ။
နိုင်ငံခြားရောက်နေတဲ့ မြန်မာကလေးတွေ မြန်မာစာ ကောင်းကောင်းမတတ်တာမျိုးကမှ
နည်းနည်းလက်ခံလို့ရသေးတယ်။မြန်မာပြည်မှာ ပိုက်ဆံအကုန်အကျခံ
ကျောင်းတက်ရင်းကနေ မြန်မာစာမတတ်တာကတော့ လုံးဝမဖြစ်သင့်ပါဘူး။
အင်္ဂလိပ်စာဟာ ကမ္ဘာသုံးဖြစ်လို့ အလွန်အသုံးဝင်ပေမဲ့ international school မတက်လည်းအင်္ဂလိပ်စာတတ်အောင်သင်လို့ရပါတယ်။
မြန်မာနိုင်ငံမှာ လူဖြစ်ရခြင်းနဲ့ မြန်မာလူမျိုးဖြစ်ရခြင်းရဲ့ အနှစ်သာရဟာ
ဗုဒ္ဓဘာသာပါ။ ဗုဒ္ဓဘာသာကို တကယ်သေသေချာချာလေ့လာဖို့ ဆိုတာဟာ မြန်မာစာတတ်မှသာ
ဖြစ်နိုင်မှာပါ။ အင်္ဂလိပ်ဘာသာနဲ့လည်း လေ့လာလို့ရပေမဲ့ ဗုဒ္ဓဘာသာကို
အကောင်းဆုံးရေးသားထုတ်ဝေထားတဲ့စာအုပ်တွေဟာ မြန်မာဘာသာနဲ့သာရှိတာပါ။
နောက်တစ်ချက်က ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ လာဖွင့်တဲ့ international school
တွေဟာ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့လို
သီတင်းကျွတ်လပြည့်နေ့လို နေ့တွေမှာ ကျောင်းမပိတ်ဘဲ Halloween လို
Thanksgiving လို ခရစ္စမတ်လို ဘာသာခြားနေ့တွေမှာမှ ကျောင်းပိတ်တယ်ဆိုတာဟာ
စဉ်းစားစရာကိစ္စတစ်ခုပါ။
ဒီလို မြန်မာဘာသာစကားနဲ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တွေကို အလေးမထားတဲ့
international school တွေဟာ မြန်မာယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို လေးစားအောင်
သင်မပေးမှာတော့ သေချာပါတယ်။
ပိုပြီး စိုးရိမ်စရာကောင်းတာက
ဒီလိုကျောင်းတွေက ဘာသာခြားလူမျိုးခြားတွေက
သူတို့သာသနာပြန့်ပွားဖို့ရည်ရွယ်ပြီး လာဖွင့်တယ်ဆိုရင်
ငယ်ရွယ်တဲ့ကလေးတွေကို လိုသလိုပုံသွင်းနိုင်တဲ့အရွယ်မှာ သူတို့ဘာသာကို
စိတ်ဝင်စားအောင် ဆွဲဆောင်သွားနိုင်ပါတယ်။ အဲဒီကျောင်းတွေမှာ မွတ်ဆလင်တွေ
ဖွင့်ထားတဲ့ကျောင်းတွေလည်း ပါတယ်လို့သိရပါတယ်။ Horizon International
School ဟာတူရကီကမွတ်ဆလင်တွေ ဖွင့်ထားတာပါ။အဲဒီ Horizon ကျောင်းဟာ
မွတ်ဆလင်မဟုတ်တဲ့ သူ့ကျောင်းကဆရာတွေကိုတောင် ခွဲခြားဆက်ဆံတယ်တဲ့။ဒီလို
ကျောင်းမျိုးတွေမှာ ကိုယ့်ကလေးတွေကို ကျောင်းသွားမအပ်သင့်ပါဘူး။
ှုInternational school ဆိုပေမဲ့ မြန်မာပြည်မှာ လာဖွင့်ထားလို့
မြန်မာပြည်ရဲ့ စည်းကမ်းဥပဒေတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ ဒီလို
နိုင်ငံတကာကျောင်းတွေမှာ မြန်မာစာပေကို ကျောင်းသားတွေ
သေသေချာချာတတ်ကျွမ်းအောင်
သင်ကြားပေးဖို့။ ဘာသာခြားတွေက
ဒီကျောင်းတွေအကြောင်းပြပြီး ကလေးတွေကို ဘာသာရေးသိမ်းသွင်းမှုမလုပ်နိုင်ဖို့
အစိုးရက ဥပဒေနဲ့ထိမ်းချုပ်ဖို့ တာဝန်ရှိသလို
နိုင်ငံတကာကျောင်းတွေကိုစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေ
ဖွဲ့စည်းထားဖို့လည်းလိုအပ်ပါတယ်။
ဒီကိစ္စတွေကိုသာ
ပေါ့ပေါ့တန်တန်သဘောထားရင် တစ်ချိန်မှာ နိုင်ငံအတွက် အရေးပါမဲ့ လူငယ်တွေဟာ
ပညာတတ်ပေမဲ့ အမျိုးမချစ်တဲ့သူတွေအနေနဲ့ ပေါ်ပေါက်လာမှာဖြစ်လို့ ဒီလူငယ်တွေက
ဦးဆောင်တဲ့နိုင်ငံဟာ ဘင်္ဂါလီကျူးကျော်စရာမလိုဘဲ
အမျိုးပျောက်၊ဘာသာပျောက်၊သာသနာပျောက်စေဖို့ အကြောင်းတရားတွေ
ဖြစ်လာစေမှာဖြစ်ပါတယ်။
စာဖတ်သူများထဲမှာ International School
တွေနဲ့ပတ်သတ်တာ အတွေ့အကြုံရှိရင် သိထားတာတွေရှိရင် comment မှာရေးပြီး
ဗဟုသုတမျှဝေပေးကြပါ။ အချက်အလက်ပို စုံစုံလင်လင်သိရအောင်လို့ပါ။
မြန်မာစာ မြန်မာစကားရဲ့ တန်ဖိုးကို သိနိုင်စေဖို့
အောက်ပါဗီဒီယိုဖိုင်လေးကို ကြည့်ကြည့်ပါ။ အနောက်နိုင်ငံသားဗုဒ္ဓဘာသာဝင်တွေ
ဗုဒ္ဓဘာသာကိုလေ့လာနိုင်ဖို့
မြန်မာစာကို ခက်ခက်ခဲခဲသင်ယူရတယ်ဆိုလေးတာပါ။ မြန်မာစာသင်နေတဲ့အမေရိကန်လူမျိုးဗုဒ္ဓဘာသာဝင် တစ်ဦးကို VOA ကအင်တာဗျူးထားတာပါ။
https://www.facebook.com/photo.php?v=129981993840314
ဘကတအဖွဲ့
No comments:
Post a Comment