ဟိုနိုလူးလူး ကမ္ဘာ့ငြိမ်းချမ်းရေး ဒေါ်စု ဦးဆောင်ဆွေးနွေးမည်
၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှ ၂ရ ရက်နေ့ထိ ပြုလုပ်မည့် ငြိမ်းချမ်းရေးဖိုရမ်မှာ ကမ္ဘာအရပ်ရပ်မှ အသက်အရွယ် အမျိုးမျိုးသောသူများ ဆုံစည်းကာ ပိုမိုငြိမ်းချမ်းသော ကမ္ဘာတခုဆီသို့ ဖြစ်ထွန်း တိုးတက်စေရန် အတွက် အယူအဆနှင့် မဟာဗျူဟာများ မျှဝေကြခြင်း ဖြစ်သည်။
၂ဝ၁၂ ခုနှစ်အတွင်း ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး လာမည့်ဆွေးနွေးပွဲကို ဟိုနိုလူးလူးမြို့တွင်ရွေးချယ်ရခြင်းမှာ ထိုမြို့တွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ကြသည့် သာဓကတရပ်ဖြစ်၍ဟု ဆိုသည်။
ဖိုရမ်၏ ရည်ရွယ်ချက်မှာ အနာဂတ်ကို ပုံဖော်ကြမည့်၊ ဆုံးဖြတ်ချက်ချနိုင်သည့် လူငယ် မျိုးဆက်သစ်များအတွက် ဦးတည်ထားသည်ဟု သိရှိရသည်။
မေလ ၁၇ ရက်နေ့တွင် ပြုလုပ်မည့်ဖိုရမ်ကိုမူ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် သတ်မှတ်ထားသည်။
မဇ္ဈိမသတင်းဌာန
No comments:
Post a Comment