လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်၏ ဆောင်ရွက်မှုများအပေါ် အားမရ
Popular News Journal, 21 December 2012 —-
“လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်၏ ဆောင်ရွက်မှုများအပေါ် အားမရသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ
စိတ်သဘောထားတူညီသော လယ်သမားများစုပေါင်း ဖိအားပေးသွားမည်ဟုဆို”
နေပြည်တော်၊ဒီဇင်ဘာ၊၂၀
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်၏ ဆောင်ရွက်မှုများအပေါ် အားမရသဖြင့်မြန်မာတစ်နိုင်ငံလုံးရှိစိတ်သဘောထားတူညီသောလယ်သမားများစုပေါင်း၍ နိုင်ငံတော်အစိုးရ
အဖွဲ့ နှင့် သက်ဆိုင်သူများသို့ အသိပေးတိုင်ကြားစာပေးပို့သွားမည်ဟု နိုင်ငံသားနှင့်နိုင်ငံ
ရေးအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့မှ Operation Director ဦးရဲထင်ကျော်က ပြောသည်။
“အခုအချိန်မှာ လယ်သမားတွေဖက်ကနေ ပေးတဲ့ဖိအားတစ်ခုတော့လိုနေပါပြီ။လယ်သမားတွေကတော့ သူတို့ရဲ့ပြဿနာဘယ်လိုပြေလည်
မလဲဆိုတဲ့လမ်းစကို ၇ှာနေကြတာပါ။ဒါကြောင့် တစ်နိုင်ငံလုံးမှာ လယ်ယာမြေသိမ်းဆည်းခံရပြီး စုံစမ်းရေးကော်မရှင် နဲ့ထိတွေစစ်ဆေးမှုမရသေးတဲ့နေရာတွေက လယ်
သမားကိုယ်စားလှယ်တွေရယ် ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရယ် ၊လယ်သမားအရေးဆောင်ရွက်သူတွေရယ် ပါဝင်ပြီး သူတို့ရဲ့အမြင် ၊သဘောထားတွေနဲ့ တိုင်ကြား
စာ ဒါမှမဟုတ် အသိပေးစာရေးမယ်။ လက်ရှိဖြစ်ပျက်နေတာတွေကို ပေါ်လွှင်အောင်ရေးမယ်။
ပြီးရင် နိုင်ငံတော်သမ္မတဆီရယ် ၊ပြည်ထောင်စုလွှတ်တော် နာယကဆီရယ် ၊လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး
ကော်မရှင် ဥက္ကဌ ရယ် အဲ့ဒီတွေကို ပို့မှာပါ။ပို့တဲ့အပေါ်မှာ ကျေနပ်လောက်တဲ့ တာဝန်ယူမှု မရရင် လက်ရှိအစိုးရရဲ့ အရည်အချင်းဘယ်လောက်ရှိသလဲ ပေါ်လွင်သွား
တာပေါ့။“ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့ကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့သည် စတုတ္ထအကြီမ်
လွှတ်တော်အစည်းအဝေး ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် စောင့်ကြည့်ကွန်ယက်ကို အမည်ပြောင်း
ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။
ယင်းသို့အမည်ပြောင်းဖွဲ့စည်းရခြင်းမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အနေဖြင့် သက်တမ်းကာလ
သုံးပုံတစ်ပုံ ကုန်ဆုံးသွားသော်လည်း ထိရောက်သည့် ဆောင်ရွက်ချက် မပြုလုပ်ပေးသေးသောနယ်မြေများရှိနေသည်ကြောင့် ဖြစ်ကြောင်း၎င်း ကပြောသည်။
“စုံစမ်းေ၇းကော်မရှင်ဖွဲ့ပြီဆိုကတည်းက စုံစမ်းရေးကော်မရှင်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ၊သိသင့်သိထိုက် တာတွေကို လယ်သမားတွေမသိ
ကြဘူး။သတင်းစာမှာထည့်တယ်ဆိုပေမယ့် လယ်သမားဆိုတာ တစ်အိမ်ကို သတင်းစာတစ်စောင်ယူတာမျိုးမဟုတ်ဘူး။သူတို့လုပ်သင့်တာက ကျေးရွာအုပ်စု အုပ်ချုပ်
ရေးမှုးရုံးတွေမှာ သေသေချာချာရှင်းလင်းပြောကြားသင့်ပါတယ်။ကော်မရှင်ကိုဖွဲ့စည်းထားပါပြီ ။ကော်မရှင်ကလယ်သမားတွေအတွက် ဘာတွေလုပ်ပေးပါ့မယ် ။
ဘယ်အချိန်လောက်မှာ ဒီကျေးရွားတွေကို ကွင်းဆင်းပြီး ဆောင်ရွက်ပေးပါ့မယ် ။ဒီလိုပြောပြ ရှင်းပြပြီး လုပ်ကိုင်ဆောင်ရွက်မှ ပွင့်လင်းမြင်သာမှုရှိလိမ့်မယ်။
အခု ပွင့်လင်းမြင်သာမှုမရှိလို့ လယ်သမားတွေက စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်တာပဲသိကြတယ်။ဒီကော်မရှင်ကို ဘယ်လို အသုံးချရမလဲ။
ဘယ်လိုဆက်သွယ်ရမလဲ။ ကိုယ့်ရပိုင်ခွင့်တွေနဲ့ သိမ်းဆည်းခံ၇မှုအပေါ် ခံစားချက်ဘယ်လိုတင်ပြနိုင်သလဲ ဆိုတာမသိကြဘူး ။ လယ်သမားတွေအတွက် ဖွဲ့စည်း
ထားတဲ့ အဖွဲ့အစည်းကို လယ်သမားတွေ ကိုယ်တိုင်မဆက်သွယ်တက် ၊ အသုံးမချတက်ဖြစ်နေတယ်ဗျ။”ဟုအထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။
လက်ရှိ၎င်း အဖွဲ့သည် ပဲခူတိုင်း အရှေ့ခြမ်း ၊ အနောက်ခြမ်း ၊ ဧရာဝတီတိုင်း(မြောင်းမြ၊ကျောင်းကုန်း)၊နေပြည်တော်၊စသည်တို့မှ
စိတ်တူကိုယ်တူ လယ်သမားများနှင့်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ၊လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလတွင် မွန်ပြည်နယ် ၊မော်လမြိုင်မြို့ တွင် လယ်ယာကဏ္ဍ နှင့် ကျေးလက်
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတစ်ခုပို့ချမည်ဖြစ်ကြောင်း ၊ယင်သင်တန်းပြီးဆုံးပါက တိုင်းနှင့်ပြည်နယ်အနှံအပြား တွင်ရှိသောလယ်သမားများနှင့်ဆက်လက်တွေ့
ဆုံသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ၊ရဲဒီကျေးရွာ ၊ရဲဒီ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ယခုလ၂၀ ရက်နေ့ကပြုလုပ်ခဲ့သည့် နိုင်ငံသား နှင့်
နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်၇ွက်ရေး အဖွဲ့နှင့် ဒေသခံလယ်သမားများတွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် လယ်သမားတစ်ဦးက “ဒီလိုအဖွဲ့တွေ
လာတော့လာကြတယ်။များလို့ မှတ်တောင်မမှတ်မိဘူး။ အခုချိန်ထိတော့ ဘယ်အဖွဲ့ကမှ ကျေနပ်လောက်တဲ့ အထိဦးဆောင်ဆောင်ရွက်ပေးသွားတာမျိုးမရှိသေးဘူး။
လာပြီးပြောတဲ့ ဟောတဲ့အခါမှာတော့ ခုပဲအောင်မြင်တော့မလိုလို ၊ တစ်လအတွင်ပဲ၇တော့မလိုလို နဲ့ ဒီအတိုင်းပြီးသွားတယ်။ဧည့်ခံစရိတ် တော့တော်တော်လေးကုန်
တယ်။ အခုအဖွဲပြောဆိုပုံကတော့ ပိုပြီးသဘာဝကျတယ်။ချက်ခြင်းရမှာမဟုတ်ဘူး။အချိန်စောင့်ရမယ်။ လက်တွဲချင်ရင်လက်တွဲနိုင်တယ်။ နားမလည်ဘဲနဲ့တော့ သူများ
လုပ်တယ်ဆိုပြီးလက်မတွဲဖို့ တွေပြောတယ်။ပြီးတော့ အာရစရာကောင်းတာက တစ်နယ်တည်း ၊ တစ်မြို့တည်း တောင်ဆိုမှာမဟုတ်ဘူး။တစ်နီုင်ငံလုံးကလယ်သမား
တွေစုပေါင်းတောင်းဆိုမှာတှဲ့ဗျာ။“ဟု ပေါ်ပြူလာနယူစ်းနှင့် သီးသန့်တွေဆုံစဉ်ပြောကြားသည်။
စွမ်းရဲထွဋ်
No comments:
Post a Comment